ခန္ဓာကိုယ်မှာ တခြားနေရာတွေထက် သန့်ရှင်းရေးလုပ်ဖို့ ပိုလိုအပ်တဲ့နေရာ (၅)မျိုး

လူတစ်ယောက်ကျန်းမာရေးအတွက် တစ်ကိုယ်ရည် သန့်ရှင်းရေးက အရမ်းကို အရေးကြီးပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို ပိုပြီးသန့်ရှင်းရေးလုပ်ဖို့ လိုမလဲဆိုတာကို သိထားသင့်ပါတယ်။ သင့်ခန္ဓာကိုယ်ရဲ့ ဒီအစိတ်အပိုင်း (၅)မျိုးမှာ ကျန်းမာရေးကို ထိခိုက်စေမယ့် ဘက်တီးရီးယားတွေ ပိုရှိနေနိုင်တာကြောင့် တခြားနေရာတွေထက် ပိုသန့်ရှင်းအောင်ထားဖို့ လိုတဲ့နေရာတွေဖြစ်ပါတယ်။

(၁) ဦးရေပြား တစ်ပတ်မှာ ခေါင်းနှစ်ခါလောက် လျှော်တာက အကောင်းဆုံးပါ။ ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်များများ သုံးမယ်ဆိုရင် ဦးရေပြားအပေါ်ယံလွှာကို ခြောက်သွေ့စေနိုင်တာကြောင့် ခေါင်းလျှော်ရည်အနည်းငယ်သာ သုံးသင့်ပါတယ်။ ခေါင်းလျှော်တဲ့အခါ လက်ထိပ်လေးတွေနဲ့ နှစ်မိနစ်လောက် ကုတ်ပေးပြီး နှိပ်နယ်ပေးရမှာပါ။

(၂) ၀မ်းဗိုက်အောက်ပိုင်း

ဝမ်းဗိုက်အောက်ပိုင်းနေရာမှာ ချွေးထွက်များနိုင်တာကြောင့် ဘက်တီးရီးယားတွေ ပေါက်ပွားနိုင်ပါတယ်။ ရေချိုးတိုင်းမှာ ဆပ်ပြာအပျော့ကို သုံးပြီးသေသေချာချာ သန့်ရှင်းပေးသင့်ပါတယ်။

(၃) နားရွက်အနောက်နေရာနားရွက်အနောက်နေရာလေးတွေက ဆံပင်နဲ့ ထိတွေ့နေတဲ့နေရာလည်းဖြစ်တာကြောင့် ရေချိုးခေါင်းလျှော်တဲ့အခါ ဆပ်ပြာ၊ ခေါင်းလျှော်ရည်တွေ မပြောင်ဘဲ ကျန်ခဲ့တတ်တဲ့ နေရာတွေဖြစ်ပါတယ်။ ပြီးတော့ အဆီဂလင်းနဲ့ချွေးဂလင်းတွေ အများအပြားရှိတဲ့နေရာလည်းဖြစ်လို့ ချွေးနဲ့အဆီတွေက ပြင်ပက ဖုန်တွေနဲ့ရောသွားပြီး ဘက်တီးရီးယားတွေ ခိုအောင်းရာနေရာဖြစ်လာနိုင်လို့ သေသေချာချာ သန့်ရှင်းပြီး ခြောက်သွေ့အောင် သတိထားပေးသင့်ပါတယ်။

(၄) လျှာ လျှာက ရေမြှုပ်လို အရာတစ်ခုဖြစ်တာကြောင့် အစားအသောက်တွေထဲမှာ ပါလာတဲ့ ဘက်တီးရီးယားတွေ အလွယ်တကူတွယ်ကပ်ထားနိုင်တဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့် သွားတိုက်တိုင်းမှာ လျှာကိုလည်း သန့်ရှင်းရေးလုပ်ပေးရပါမယ်။ သွားတိုက်တံနဲ့ လျှာကို တိုက်ပေးလို့ရပြီး လျှာခြစ်တံလေးကို သုံးပြီး သန့်ရှင်းရေးလုပ်နိုင်ပါတယ်။ ပလုတ်ကျင်းဆေးရည်ကိုသုံးမယ်ဆိုရင်တော့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်တဲ့ cetylpyridinium chloride (CPC) ပါဝင်တာကို ရွေးချယ်ပါ။

(၅) ခြေထောက် လူအများစုက ရေချိုးတဲ့အခါ ခြေထောက်ကို သေသေချာချာ တိုက်ချွတ်ဆေးကြောတာမျိုး မလုပ်တတ်ကြပါဘူးတဲ့။ တကယ်တော့ ခြေထောက်တွေက ထွက်တဲ့ချွေးတွေနဲ့ဖုန်မှုန့်တွေ အများကြီးကပ်နေတာကြောင့် အိပ်ယာမ၀င်ခင်မှာ ခြေထောက်နဲ့ခြေချောင်းလေးတွေကို သေသေချာချာ သန့်ရှင်းရေးလုပ်ဖို့လိုပါတယ်။ ကျန်းမာရေးအတွက် လက်ဆေးဖို့အရေးကြီးသလိုပဲ ခြေထောက်သန့်ရှင်းရေးကလည်း အရေးကြီးတယ်နော်။

49 total views, 3 views today

Leave a Reply