လူတယောက်ကို မအောင်မြင်စေတဲ့ အရာ( ၇ ) ချက်

အောင်မြင်တဲ့သူတွေမှာ တူညီတဲ့အချက်တွေရှိသလို မအောင်မြင်တဲ့သူတွေမှာလည်း တူညီတဲ့အချက်တွေရှိပါတယ်။ ယနေ့မှာတော့ မအောင်မြင်တဲ့သူတွေမှာရှိတဲ့ အချက်တွေကိုဖော်ပြပေးသွားမှာပါ။ ဒီအချက်တွေကို သိပြီး ကျွန်တော်တို့ လိုက်နာသင့်တာကို လိုက်နာမယ်၊ ရှောင်ရှားသင့်တာကို ရှောင်ရှားမယ်ဆိုရင် အောင်မြင်မှုက ကျွန်တော်တို့ရှေ့လက်တကမ်းမှာပါ။

မိမိရဲ့ အမှားတွေအတွက် အခြားသူကို အပြစ်တင်တယ်
မအောင်မြင်တဲ့သူတယောက်ဟာ သူတို့ရဲ့အမှားတွေအတွက် သူတပါးကို အပြစ်ပုံချတတ်ပါတယ်။ ပြီး သူဟာ မိမိဘဝကို မိမိကိုယ်တိုင် မထိန်းကျောင်းဘူး၊ မမောင်းနှင်ဘူးဆိုရင် အခြားသူတယောက်က မိမိဘဝကို ထိန်းကျောင်းမောင်းနှင်သွားမယ်ဆိုတာကို သဘောမပေါက်ပါဘူး။ ကျွန်တော်တို့လိုချင်တဲ့ဘဝတွေအတွက် ကျွန်တော်တို့ကိုယ်တိုင် ကြိုးစားရမယ်၊ ကျွန်တော်တို့ကိုယ်တိုင် ဖန်တီးရမယ် ။ ကျွန်တော်တို့လက်ရှိဖြစ်နေတဲ့အရာတွေဟာ ကျွန်တော်တို့ဆုံးဖြတ်ချက်တွေကြောင့်ပါ၊ အခြား ဘယ်သူနဲ့မှ မသက်ဆိုင်ပါဘူး

တာဝန်ယူ၊ တာဝန်ခံမှု မရှိဘူး
ကျွန်တော်တို့လုပ်တဲ့အရာတိုင်းအတွက် တာဝန်ယူမှုရှိရမယ်။ မအောင်မြင်တဲ့သူဟာ ဘာဘဲလုပ်လုပ် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိပါဘူး။ ကျွန်တော်တို့ အမှားလုပ်မိမှာ ကြောက်နေဖို့ မလိုအပ်ပါဘူး။ ကျရှုံးမှာကို ကြောက်နေဖို့ မလိုအပ်ပါဘူး။ အမှားရှိမှ အမှန်ကိုသိမယ်။ ဒါ့ကြောင့် အမှားတွေ၊ ကျရှုံးမှုတွေဆီကနေ သင်ခန်းစာယူပြီး ရှေ့ဆက်ရမယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိမှ အိမ်မက်တွေ၊ရည်မှန်းချက်တွေ ပြည့်ဝလာမှာပါ

စိတ်ပြန့်လွင့်တယ်
အောင်မြင်မှုရဖို့ဆိုရင် တစိုက်မတ်မတ်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ နှစ်ပေါင်းများစွာ တစိုက်မတ်မတ် လုပ်ဆောင်ရမယ်၊ ဘယ်လိုအခြေအနေတွေဘဲ ကြုံကြုံ၊ ဘယ်လိုပြဿနာတွေဘဲကြုံကြုံ စိတ်မပြန့်လွင့်ဘဲ တခုဆိုတခု သေချာအာရုံထား လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

အမြဲတမ်း ခေါင်းညိတ်တယ်
မအောင်မြင်တဲ့သူဟာ မိမိကိုယ်ကို ယုံကြည်မှုနည်းပါးသလို အမှန်တရားအတွက် တဦးတည်းရပ်တည်ဖို့ သတ္တိမရှိပါဘူး။ မိမိယုံကြည်ချက်အတွက် ရပ်တည်ဖို့ မကြောက်ပါနဲ့။ လူတွေအကြိုက်နေမယ့်အစား မိမိအတွက် ဦးစားပေးပါ

စာမဖတ်ဘူး
ဘဝမှာ အောင်မြင်ဖို့ဆိုရင် စာဖတ်ရပါမယ်။ မိမိလုပ်တဲ့ လုပ်ငန်းနဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေ ၊ လူမှုဆက်ဆံရေး စာအုပ်တွေ၊ အခြားဗဟုသုတ စာပေတွေကို ဖတ်ရှုရမယ်။ စာဖတ်မှ အတွေးအခေါ်အသစ်တွေ တိုးပွားလာမယ်၊ အတွေးအမြင်အသစ်တွေ တိုးပွားလာမယ်၊ စိတ်ကူးစိတ်သန်းတွေ စူးရှလာမယ်။

မိမိကိုယ်ကို အထင်ကြီးလွန်းတယ်(သို့မဟုတ်) မိမိကိုယ်ကို လေးစားမှု နည်းပါးလွန်းတယ်
မအောင်မြင်တဲ့သူတယောက်ဟာ မိမိကိုယ်ကို အထင်ကြီးလွန်းနေတတ်တယ်(သို့) မိမိကိုယ်ကို လေးစားမှု နည်းပါးလွန်းနေတတ်ပါတယ်။ မိမိကိုယ်ကို အထင်ကြီးလွန်းတဲ့အခါ မိမိအပြစ်တွေကို မမြင်တော့ဘဲ ထင်ရာစွတ်လုပ်နေမိတယ်။ မိမိကိုယ်ကို လေးစားမှု နည်းပါးလွန်းတဲ့အခါ ဘာလုပ်လုပ် သိမ်ငယ်စိတ်တွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီအချက်တွေကို ဂရုမစိုက်ဘူးဆိုရင်တော့ အောင်မြင်မှုနဲ့ အလှမ်းကွာနေဦးမှာပါ

အကူအညီတောင်းဖို့ ကြောက်ရွံ့ တယ်
ဘယ်အရာကို မဆိုတယောက်ထဲလုပ်နိုင်တယ်၊ အကူအညီမလိုဘူးဆိုပြီး ယုံကြည်ထားရင်တော့ သင်ကျရှုံးမှာပါ။ ဘာလို့လဲဆိုတော့ ဘယ်သူမှ တဦးတည်း မအောင်မြင်နိုင်ပါဘူး။ မိမိ မပိုင်တဲ့အရာတွေ၊ မသိတဲ့အရာတွေအတွက် အကူအညီတောင်းဖို့ မကြောက်ပါနဲ့၊ မရှက်ပါနဲ့

7 total views, 2 views today

Leave a Reply