အသက်​ ၂၅ နှစ်​​အောက်​လူငယ်​​တွေ ကိုယ်​ပိုင်​လုပ်​ငန်း ဘာ​ကြောင့်​စတင်​လုပ်​ကိုင်​သင့်​တာလဲဆိုတဲ့အချက်

တကယ်တော့အလုပ်တခုကိုစတင်ဖို့မလွယ်ကူသလိုအခက်အခဲတွေလည်းအများကြီးရှိပါတယ်။ဘယ်လိုအခက်အခဲတွေရှိနေပါစေ အသက်၂၀ကျော်တာနဲ့ ကိုယ်ပိုင်လုပ်ငန်းလေးတခုစတင်လုပ်ကိုင်သင့်ပါပြီ။ဘာကြောင့်လုပ်ကိုင်သင့်တာလဲ? ကြည့်ရအောင် ငွေကြေးစီးဆင်းမှုကိုနားလည်စေတယ်
အသက်၂၀ကျော်ကျော်မှာစတင်လုပ်ကိုင်တော့သင့်မှာငွေကြေးအများကြီးလည်းမရှိဘူး။အဲ့တော့ပေါင်ရတာ နှံရတာတွေကော အပေါင်စာချုပ်တွေကောမရှိဘူး။ငွေကြေးကြီးကြီးမားမားပေးချေရတာတွေကောမရှိဘူး။ပြီးသင့်မှာသားသမီးလည်းမရှိဘူး။အသက်၂၂မတိုင်ခင်မလုပ်သင့်ဘူးလို့ ပြောကြတယ်။လုပ်ငန်းတခုကိုစောစောစနိုင်လေ ကောင်းလေပါဘဲ။လုပ်ငန်းစလုပ်တဲ့အခါငွေကြေးစီးဆင်းမှုပုံမှန်မရှိသေးတော့လွပ်လပ်မှုရှိပါတယ်။
ဒီလိုငွေရေးကြေးရေးနဲ့ ဆိုင်တဲ့ဖိအားတွေမရှိခြင်းကသင့်စိတ်ကူးစိတ်သန်းတွေအပေါ်အပြည့်အဝအာရုံစိုက်လို့ ရပါတယ်။စီးပွားရေး လုပ်ရင်အပေါင်စာချုပ်တွေမလုပ်ပါနဲ့ ။မိမိတတ်နိုင်သလောက်လေးနဲ့ စပါ။အလှမ်းမကျယ်ပါနဲ့ ။အလယ်လပ်တတ်ပါတယ်

လက်တွေ့ ဘဝကအလုပ်အကြောင်းဂဂနနသိလာမယ် အသက်၂၅ ကနေ ၃၀အရွယ်ကာလတွေမှာမိဘတွေကသားသမီးတွေကိုအရာတခုခုစတင်စေချင်တဲ့ကာလဖြစ်ပါတယ်။ လက်ထပ်ခိုင်းတာတို့ , စီးပွားဖက်ရှာခိုင်တာတို့  ကိုယ်ပိုင်လုပ်ငန်းလေးစတင်တာတို့ အစရှိသဖြင့်ပေါ့။အသက်၂၅နှစ်ကျော်လာရင်သင့်မှာစီးပွားရေးအကြံညဏ်တွေရလာမယ်။အဲ့အချိန်မှာဘာလို့ ဒီအလုပ်လုပ်နေတာလဲမေးရင်သင်ရှင်းပြဖို့ အသင့်ဖြစ်နေပါပြီ။
မိသားစုဖိအားကကြီးပါတယ်။ဒီဖိအားတွေကလူအများစုကိုစွန့် ဦးလုပ်ကိုင်သူအဖြစ်ကနေ ထွက်ခွာသွားရစေပါတယ်။မိသားစုကနောက်ကနေ ထောက်ပံ့ပေးနေတယ်ဆိုရင်တော့ဘဝကလုပ်ရကိုင်ရတာပိုလွယ်ပါတယ်။မထောက်ပံ့ဘူးဆိုရင် မိမိရဲ့သူငယ်ချင်းတွေနဲ့ လုပ်ဆောင်ပါ

အချိန်တန်ဖိုးသိလာမယ်
သင့်အချိန်ကိုဘယ်လိုတန်ဖိုးထားရမယ်,ဘယ်လိုစီမံရမလဲဆိုတာ နောက်မကျသေးခင်သင်ယူပါ။သင်ကိုယ်ပိုင်လုပ်ငန်းစသည်ဖြစ်စေ သူတပါးလက်အောက်မှာလုပ်သည်ဖြစ်စေ အချိန်ရဲ့တန်ဖိုးသိလာမယ်။သင်ဆုံးဖြတ်ရမယ့်အချိန်ချိန်တွေရောက်လာရင် , အားလုံးကိုဆက်စပ်တွေးတောရတော့မယ်ဆိုရင် အချိန်တန်ဖိုးကိုသိလာမယ်။ပြီးဘာတွေပြင်ဆင်ရမယ် ဘာတွေအတွက် ဘယ်လိုနေရာပေးရမယ် မည်သူကို ခေါ်ရမယ်စသည်ဖြင့် အချိန်ကိုတန်ဖိုးထားလေလေ သိလေလေပါဘဲ။

သင့်မှာအချိန်တွေအများကြီးရှိလာမယ်
အသက်၂၅ နှစ်ကျော်ပြီဆိုရင် အချို့ ကဘွဲ့ လွန်ဆက်တတ်ရင်တတ်နေမယ်, အချို့ ကဘွဲ့ ရပြီးအလုပ်လုပ်ချင်လုပ်နေမယ်။အလုပ်လုပ်လည်းရာထူးသေးသေးမှာပါဘဲ။အဲ့ကာလတွေမှာအများဆုံးနဲ့ အပေါဆုံးကဘာလဲ? အချိန်ပါ ကျွန်တော်တို့ အချိန်ကိုဘယ်လိုအသုံးချမလဲ?ဘယ်နေရာမှာရင်းနှီးမြှပ်နှံမလဲဆိုတာတွေကကျွန်တော်တို့ အနာဂတ်တွေအတွက်အရမ်းအရေးပါပါတယ်။သင်အကြောင်းအရာတခုကိုအခြေခံကျကျတွေးလေ အဲ့အရာက ကြီးပွားအောင်မြင်နိုင်လေပါဘဲ။တခါတလေတော့လည်း သွေဖယ်သွားတတ်ပါတယ်။ဘာမှဖြစ်မလာဘူးဆိုရင်သင့်အနာဂတ်လုပ်ငန်းတွေအတွက်လိုအပ်တာတွေသင်ယူရဦးမှာပါ

အဆက်အသွယ်တွေ, ပေါင်းသင်းဆက်ဆံရေးတွေရှိလာမယ်
အသက်၂၅ မတိုင်ခင်ကျွန်တော်တို့ လူမျိုးပေါင်းစုံနဲ့ တွေ့ ဆုံရမှာပါ။သင်ဟာတက္ကသိုလ်မှာဖြစ်ဖြစ် ကောလိပ်မှာဖြစ်ဖြစ်သင်ယူနေတယ်ဆိုရင်သင့်အတွက်ဘာတွေအကျိုးရှိနိုင်မလဲစဉ်းစားပါ။သင်နေတဲ့ပတ်ဝန်းကျင် သင့်ကျောင်းကသူငယ်ချင်းတွေလောက်နဲ့ တင်းတိမ်မနေပါနဲ့ ။လူများစွာနဲ့ တွေ့ ဆုံပါ။စကားပြောပါ။ခိုင်မာတဲ့ရင်းနှီးမှုတွေရအောင်လုပ်ဆောင်ပါ။မိတ်ဆွေ အပေါင်းအသင်းများခြင်းကသင့်အနာဂတ်အတွက်တန်ဖိုးကြီးကြီးမားမားဖြစ်ထွန်းစေပါတယ်

သင်တယောက်နဲ့ စီးပွားရေးတခုမစတင်နိုင်ဘူးဆိုရင်ပူးပေါင်းလုပ်ဆောင်ပါ လူတိုင်းလုပ်ငန်းတခုကိုစတင်လုပ်ကိုင်လိုခြင်းမရှိကြပါဘူး။ဒါကကောင်းပါတယ်။အဲလိုလူတွေအတွကိကျွန်တော်အကြံပေးချင်တာကအဖွဲ့ အစည်းနဲ့ လုပ်ဆောင်ပါ။အဖွဲ့ အစည်း(team)နဲ့ လုပ်ဆောင်ခြင်းကသင့်ကိုဈေးကွက်အခြေအနေတွေ, ကျွမ်းကျင်မှုစွမ်းရည်တွေနဲ့ ထိတွေ့ စေပါတယ်။ အသက်၂၅ မတိုင်ခင် သင်ဟာ ပတ်ဝန်းကျင်ကသင့်ကိုဘာလုပ်သင့်တယ်ထင်တယ် , စောင့်ကြည့်ခံရသလိုဘဝမျိုးထဲမနေပါနဲ့ ။မိမိဘဝကိုမိမိလျှောကိလှမ်းပါ။အခက်အခဲဆိုတာနေရာတိုင်းမှာရှိပါတယ်။လက်မလျှော့ပါနဲ့ ။ကြိုးစားပါ။

Leave a Reply