ယောက်ျားက မိန်းမထက်လစာပိုရရင် ပြစ်မှုမြောက်တဲ့ ကမ္ဘာ့ပထမဆုံးဥပဒေ

လိင်ခွဲခြားဆက်ဆံမှုတွေကိုပယ်ဖျက်ဖို့ ပထမဆုံးအရွေ့အနေနဲ့ Icelandနိုင်ငံတွင်းက အမျိုးသားတွေဟာ တူညီတဲ့အလုပ်အကိုင်၊ရာထူးမှာလုပ်နေလျက်နဲ့ အမျိုးသမီးတွေထက် ပိုပြီးလစာရခဲ့မယ်ဆိုရင် သူတို့တင်မက ပေးတဲ့ကုမ္မဏီတွေအနေနဲ့ ပြစ်မှုမြောက်တယ်ဆိုတဲ့ဥပဒေကို တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

ဒီဥပဒေသစ်နဲ့အညီ ဝန်ထမ်း25ယောက်အထက်နဲ့ဖွဲ့စည်းထားတဲ့ ကုမ္မဏီတွေ၊အေဂျင်စီတွေအစရှိတဲ့နေရာတော်တော်များများမှာလည်း လစာတန်းတူပေးဖို့ ပြင်ဆင်ပြောင်းလဲခဲ့သလို အမျိုးသမီးဝန်ထမ်းတွေအတွက်ကတော့ ဒီဥပဒေသစ်ဟာ ပျော်မဆုံး၊မော်မဆုံး၊ကျေနပ်စရာအပြည့်နဲ့ပေါ့။

ဒီဥပဒေသစ်ပေါ်ပေါက်လာပုံကိုလည်း Icelandက အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီးဦးဆောင်လှုပ်ရှားနေသူတွေက”ကျွန်မတို့အမျိုးသမီးတွေတန်းတူအလုပ်လုပ်လျက်နဲ့ တန်းတူလစာမရရှိခြင်းကို မရှုစိမ့်လို့ ဒီအခွင့်အရေးရဖို့ တောင်းဆိုထဲ့တာရာစုနှစ်ချီခဲ့ပါပြီ။ဘာပဲပြောပြော ခုလိုဒီဥပဒေလေးပုံပေါ်လာတော့ အားလုံးနည်းတူပျော်ရပါတယ်”လို့ဆိုခဲ့ပါတယ်။
ဒီဥပဒေကို မနှစ်ကမတ်လ ကမ္ဘာ့အမျိုးသမီးများနေ့မှာ စတင်ထုတ်ပြန်ခဲ့သော်လည်း အမှန်တကယ်ပြောင်းလဲပြင်ဆင်မှုတွေကိုတော့ ဒီ2018မှာမှ အစပြုခဲ့ပါတယ်။

ဘလိုပဲဖြစ်စေ ဒီဥပဒေသစ်ဟာ ကမ္ဘာပေါ်မှာလိင်ခွဲခြားဆက်ဆံမှုအမြင့်ဆုံးနိုင်ငံလို့ ပြောလို့ရတဲ့ Icelandအတွက်တော့ ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပါတယ်…။ ။

 

Leave a Reply