Steve Job ထံမှ ရရှိသော ဘ၀နှင့်လုပ်ငန်းခွင် သင်ခန်းစာ (၁၀)ခု

၁။ ဈေးရောင်းရာတွင် ကိုယ်ချင်းစာ တရားထားရှိပါ။

ဈေးရောင်းရာမှာတင်မကပဲ ၀န်ဆောင်မှု တစ်ခုခု ပေးရာတွင်ဖြစ်ဖြစ်၊ အကြံပေးလုပ်ငန်းလုပ်ရာတွင်ဖြစ်ဖြစ် အရေးအကြီးဆုံးက ကိုယ့် customers အပေါ်မှာ ကိုယ်ချင်းစာတရားထားပြီး နားလည်နိုင်ဖို့ ပဲဖြစ်ပါတယ်။
သင်ကိုယ်တိုင် သူ့ နေရာမှာ ၀င်နေပြီး သင်ပေးနေတဲ့ ၀န်ဆောင်မှု ကို ပြန်လည်သုံးသပ်ကြည့်ပါ။ သင့်ဝန်ဆောင်မှုကို ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ဖို့ အကြံဥာဏ်ကောင်းများ ပိုမိုရရှိလာပါလိမ့်မည်။

၂။ ကိုယ်လုပ်လို့ ပျော်သည့် အလုပ်ကိုသာလုပ်ပါ။

Steve jobs သည် သူ့ ဘ၀တစ်လျှောက်လုံးတွင် Company ကို ဦးဆောင်ခြင်းမှလွဲပြီး ကျန်သည့်အအချိန်တွင် သူ့ စိတ်ဝင်စားသည့် နည်းပညာပိုင်းကို သာလုပ်ကိုင်ခဲ့ပါသည်။
လူတိုင်းမှာ အဆင်နေတဲ့ အလုပ်နဲ့ အဆင်မပြေတဲ့ အလုပ်ရှိနေနိုင်ပေမယ့် သင့်ကိုယ်သင် မေးရမှာက ဒီအလုပ်ဟာ သင်လုပ်ချင်တဲ့အလုပ်လား ဆိုတာပါပဲ။ လုပ်နေတဲ့အလုပ်မှာ ပျော်ရဲ့ လားဆိုတာကို မေးသင့်ပါတယ်။ သင့်ကို ပျော်ရွှင်စေတဲ့ အလုပ်မှာသာ လုပ်ပါ။

၃။ သင့် ရောင်းကုန်ကို အကောင်းဆုံးဖြစ်အောင်လုပ်ပါ။ ဒါပေမယ့် သုံးရ အခက်အခဲဆုံးနဲ့ ဈေးအကြီးဆုံး မဖြစ်ပါစေနဲ့ ။

နည်းပညာကုန်ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေနဲ့ ပိုပြီးသက်ဆိုင်ပါတယ်။ သင်ဟာ သင့်ရဲ့ နည်းပညာနယ်ပယ်မှာ အကျွမ်းကျင်ဆုံးဖြစ်ပါစေ။ ဒါပေမယ့် အဲ့ဒီကျွမ်းကျင်မှု အားလုံးကို သင့်ရဲ့ ရောင်းကုန်မှာ မထည့်လိုက်ပါနဲ့ ။ဘာလို့ လဲ ဆိုတော့ လူတိုင်းက သင့်ရဲ့ နည်းပညာကို လိုက်လို့ မမှီလို့ ပါ။ ဒါ့အပြင် ဈေးကိုလည်း လူတိုင်းတတ်နိုင်သော ဈေးဖြစ်အောင် သတ်မှတ်ပါ။

၎။ တုံးအသော၊ ပျင်းသောလူများကို သင့်ပတ်ဝန်းကျင်မှာ မရှိပါစေနဲ့ ။

တုံးအသော၊ပျင်းသောလူများကို ဘယ်တော့မှ သည်းမခံပါနဲ့ ။ ဘယ်တော့မှ သင့်ရဲ့  company ကိုအ၀င်မခံပါနဲ့ ။ မဟုတ်လျှင် သင့်company မှာရှိတဲ့ အခြားသူများကိုပါ သူတို့ ၏ တုံးအခြင်း၊ ပျင်းရိခြင်းများ ကူးစက်ကုန်ပါလိမ့်မယ်။

၅။ ဘယ်လိုဦးဆောင်ရမလဲဆိုတာကို လေ့လာသင်ယူပါ။

သင့်ရဲ့ company ကို ကြီးကြီးမားမားအောင်မြင်စေချင်တယ်ဆိုလျှင်တော့ အရာအားလုံးကို သင်တစ်ယောက်တည်း လုပ်လို့ မရတော့ပါ။ တာဝန်တွေခွဲဝေယူဖို့ ကျွမ်းကျင်တဲ့သူတွေလိုလာပါပြီ။ အဲ့လိုလူတွေကို ဦးဆောင်ပြီး စီမံနိုင်ဖို့ ရာ သင့်မှာ ခေါင်းဆောင်ကောင်း၊မန်နေဂျာကောင်း အရည်အသွေးတွေလိုအပ်လာပါပြီ။

၆။ သင့်ကျန်းမာရေးကို ဘယ်တော့မှ အလောင်းအစားမထပ်ပါနဲ့ ။

အလုပ်ကြိုးစားတာကောင်းပါတယ်။ ဒါပေမယ့် သင့်ခန္ဓာကိုယ်က လုပ်နိုင်တာထက်ပိုပြီး မကြိုးစားလိုက်ပါနဲ့ ။ အထူးသဖြင့် သင့်ရဲ့ ဆရာဝန်က သင့်ကို ကျန်းမာရေးအတွက် သတိပေးစကားတွေ ပြောထားပြီးသား ဖြစ်နေတယ်ဆိုလျှင်ပေါ့။
Steve Jobs သာ သူရဲ့ ကင်ဆာကို ဆရာဝန်ကုသချင်တဲ့အတိုင်း ကုသမှု ခံယူခဲ့မယ်ဆိုလျှင် အခုအချိန်အထိ အသက်ရှင်ကောင်းရှင်နေပါလိမ့်မယ်။

၇။ company ရဲ့ အောက်ခြေပိုင်းအလုပ်များကိုလည်း မျက်ခြေမပျက်စေပါနဲ့ ။

သင်လုပ်နေတဲ့အလုပ်တိုင်းမှာ ဘယ်လောက်ပင်သေးတော့ အလုပ်ဖြစ်ပါစေ ဂုဏ်ယူလိုက်ပါ။ ဘာကို ဆိုလိုသလဲဆိုတော့ company ဒါရိုက်တာကြီးဖြစ်နေတဲ့အတွက် အောက်ခြေပိုင်းအလုပ်တွေကို မျက်နှာလွှဲထားလို့ မရပါဘူး။ အောက်ခြေပိုင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို အမြဲသိနေဖို့ လိုပါတယ်။

၈။ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ကစားပွဲတွေမှာ ပြိုင်ဖက်ကို အနိုင်ယူဖို့ ထက် ကစားပွဲ စည်းကမ်းကို ပြင်နိုင်အောင်ကြိုးစားပါ။

Apple စတင်နာမည်ပြန်ကြီးချိန်မှာ အဓိကပြိုင်ဖက်သည် Dell ပါ။ ဒါပေမယ့် Steve Jobs အနေနဲ့  Dell နဲ့ သူနိုင်ကိုယ်နိုင်ကျဲဖို့ ထက် အကြံဥာဏ် အသစ်တွေနဲ့ သီးခြားထိုးထွက်အောင်မြင်ခဲ့ပါတယ်။

၉။ ရည်မှန်းချက်တစ်ခုပြီးမြောက်ပါက နောက်ရည်မှန်းချက် တစ်ခုချမှတ်ပါ။

အကယ်၍များ သင့်ရည်မှန်းချက်တစ်ခု အောင်မြင်ခဲ့ပါက နောက်တစ်ခုချမှတ်ပါ။ CEO တော်တော်များများဟာ ရည်မှန်းချက်တစ်ခုပြည့်ခဲ့ပါက အဲ့ဒီအောင်မြင်မှုတွေနဲ့ ပျော်ရွှင်ယစ်မူးနေပြီး နောက်ထက်တစ်ဆင့် တတ်ဖို့ ကို မေ့လျော့သွားတတ်ကြပါတယ်။

၁၀။ သင့်ကုန်ပစ္စည်းရဲ့ ထုတ်ပိုးမှု နဲ့ ဆွဲဆောင်မှုတွေကလည်း တစ်ခါတစ်ရံမှာ အရေးကြီးတတ်ပါတယ်။

သင့်ကုန်ပစ္စည်းအရည်အသွေး ဘယ်လောက်ကောင်းကောင်း ကြော်ငြာအားကလည်း အမြဲအရေးကြီးပါတယ်။ ဒါကြောင့် သင့်လုပ်ငန်းအောင်မြင်ဖို့ marketing plan လုပ်ရာမှာ advertising အတွက်ဘယ်တော့မှ မမေ့ပါနဲ့ ။

42 total views, 2 views today

Leave a Reply