စီးပွား​ရေးလုပ်​ရင်​ အမြတ်​ရဖို့အတွက်​ ဘယ်​​တော့မှ ​မလုပ်​ပါနဲ့..

ဘယ်​လိုကြီးလဲ????

အမြတ်​ရဖို့အတွက်​မဟုတ်​ရင်​ ဘာအတွက်​လုပ်​​နေရမှာလဲ????

အလကား ​ပေးလိုက်ရမလား???

မိတ်​​ဆွေစဉ်းစားထားတဲ့ တစ်​ခုတည်း​သော ပန်းတိုင်​က ​ငွေရှာဖို့အတွက်​ဘဲ ဆိုရင်​​တော့ မိတ်​​ဆွေ ဆိုးဆိုးဝါးဝါးပြသနာတတ်​​နေပြီဆိုတာ သိလိုက်​ပါ​တော့..

“​ရှေ့ဆက်​ရ​အောင်​”မိတ်​​ဆွေ

ကျ​နော်​​ပြောတဲ့ “စီးပွား​ရေးလုပ်​ရင်​ အမြတ်​ရဖို့အတွက်​ မလုပ်​ပါနဲ့” ဆိုတာက မိတ်​​ဆွေစီးပွား​ရေးလုပ်​ရတဲ့ ရည်​ရွယ်​ချက်​ကို​ပြောင်းဖို့ ​ပြောတာပါ။
မိတ်​​ဆွေက ကုန်​​ပစ္စည်းရောင်းတယ်​ ဆိုပါစို့..
မိတ်​​ဆွေရဲ့ရည်​ရွယ်​ချက်​က အမြတ်​ရဖို့အတွက် ​မဖြစ်​ရဘူး။ ဝယ်​သူ​ဖောက်​သည်​​တွေ ​ဈေးသက်​သာဖို့၊အဆင်​​ပြေဖို့၊ ဆိုင်​ဝန်​ထမ်း​တွေ ​ပျော်​ရွှင်​​စေဖို့ ဆိုတာ​တွေကို ရည်​ရွယ်​ချက်​ထားပြီး လုပ်​လိုက်​ပါ။

မိတ်​​ဆွေက စား​သောက်​ဆိုင်​ဖွင့်​တယ်​ဆိုလည်း စားသုံးသူ​တွေ အဆင်​​ပြေ​စေဖို့၊ စိတ်​ချမ်းသာစွာ စားသုံးနိုင်​ဖို့​အတွက်​ ရည်​ရွယ်​ချက်​ထားပါ။

အားလုံးသိကြတဲ့Facebookတီထွင်​သူ ဘီလျံနာဇူကာဘတ်​ရဲ့ ရည်​ရွယ်​ချက်​က ​ကြော်​ငြာလုပ်​ငန်း​တွေက​နေ ဝင်​​ငွေရလာဖို့ မဟုတ်​ဘူး။ လူ​တွေကို ချစ်​ခင်​ရင်းနှီးမှု​တွေ တိုးပွားလာ​အောင်​၊မြန်​မြန်​ဆန်​ဆန်​ ဆက်​သွယ်​နိုင်​​အောင်​ လုပ်​​ပေးချင်တဲ့ရ​ည်​ရွယ်​ချက်​နဲ့ လုပ်​ခဲ့တာပါ။

အင်​တာနက်​ကုမ္ပဏီပိုင်​ရှင်​ ဂျက်​မားရဲ့ရည်​ရွယ်​ချက်​က ပစ္စည်း​ရောင်းရတဲ့အ​ပေါ်က​နေ ​ကော်​မရှင်​ခ​တွေ သန်းချီရဖို့ မဟုတ်​ခဲ့ဘူး။ အွန်​လိုင်း​ပေါ်က​နေ ပစ္စည်း​တွေကို အလွယ်​တကူရှာနိုင်​​အောင်​၊ ဝယ်​လို့ရ​အောင်​ လုပ်​​ပေးချင်​ခဲ့တာပါ။

“လုပ်​ငန်း​ကောင်းမွန်​တိုးတက်​ဖို့နဲ့ လူ​တွေကိုကူညီဖို့ဘဲ ​တွေးပြီးလုပ်​ပါ”
အမြတ်​အစွန်းဆိုတာ ​နောက်​ကလိုက်​လာပါလိမ့်​မယ်

“လူ​တွေကိုများများကူညီနိုင်​​လေ​လေ ချမ်းသာ​လေ​လေဘဲ”

Leave a Reply