စီးပွားလုပ်ငန်း ကျိန်းသေ အောင်မြင်ဖို့ ထားရှိရမည့် ရည်ရွယ်ချက် (၈)ချက်

စီးပွားရေးနှင့် ခေါင်းဆောင်မှု ပညာရှင် တစ်ယောက်ဖြစ်တဲ့ Robin Sharma ပြောတဲ့ အချက်၈ချက်ဟာ ရိုးစင်းပေမယ့် လူအများစု သေချာမသိဘဲ လျစ်လျူရှုတတ်တာမို့ သတိပြုမိအောင် မျှဝေလိုက်ပါတယ်။
ဒီ အချက် (၈)ချက်ကို အမှန်တကယ် လိုက်နာမယ်ဆိုရင် ကျိန်းသေအောင်မြင်ပြီး အောင်မြင်မှုအရှိန်အဟုန်ကို ထိန်းနိုင်ပါလိမ့်မယ်။

(၁)စားသုံးသူနှင့် ဖောက်သည်တိုရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ ပံ့ပိုးရပါမယ်။
ကိုယ်ဘာလုပ်ငန်းပဲလုပ်လုပ် စားသုံးသူမရှိရင် အောင်မြင်နိုင်မည်မဟုတ်ပါ။
ကိုယ့်ရဲ့စားသုံးသူ(ဖောက်သည်)ရဲ့ ဖြစ်ချင်တဲ့အိပ်မက်တွေကို ပြည့်ဝအောင် ကိုယ့်ဖက်က ဘယ်လိုကူညီမလဲ?
ဖြည့်ဆည်းပေးမလဲဆိုတာကို ခေါင်းအေးအေးနဲ့ စဉ်းစားကြည့်ပါ။
ကိုယ်လုပ်ချင်ရာလုပ်မယ် ဖောက်သည်ဘာပဲလိုနေနေ ဂရုမစိုက်ဘူးလို့ တွေးမယ်ဆိုရင် တစ်ချိန်ကျိန်းသေကျရှုံးတော့မှာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်အောင် ကာကွယ်ဖို့ မေးခွန်းတွေမေးကြည့်ပါ။
ဥပမာ ငါ့ရဲ့ဖောက်သည်တွေရဲ့ အဖြစ်ချင်ဆုံးအရာသုံးခုက ဘာလဲ?
ငါ့အရည်အချင်းတွေကို အသုံးပြုပြီး ဘယ်လိုဖြည့်ဆည်းပေးမလဲ?
မိမိကိုယ်ကိုမေးပြီး ချရေးကြည့်ပါ။

(၂) ဖောက်သည်တွေရဲ့ စိတ်ပျက်စရာတွေ အဆင်မပြေမှုတွေကို ဖယ်ရှားပေးရမယ်။
ဥပမာ ဟိုတယ်လုပ်ငန်းလုပ်တယ်။ အခန်းက ညစ်ပတ်နေမယ်။
အစားအသောက်ညံ့ဖျင်းမယ်။ ကြိုဆိုမှုမရှိဘူး ဘယ်လောက်စိတ်ပျက်စရာကောင်းမလဲ တွေးကြည့်ပါ။
ကိုယ့်စက်ရုံကထုတ်တဲ့ product မှာ ဘယ်လို အပြစ်အနာအဆာတွေဟာ ဖောက်သည်တွေကို မကျေမနပ်ဖြစ်စေလဲ ရှာဖွေရမယ်။
ဒါ့ကြောင့် ကိုယ့်လုပ်ငန်းမှာ ဘယ်အရာတွေသည် ကိုယ့်ဖောက်သည်ကို စိတ်ပျက်စေသလဲ
အဆင်မပြေဖြစ်စေသလဲ သေသေချာချာရှာပြီး ဖယ်ရှားပစ်လိုက်ပါ။
အဆင်မပြေတာသိပ်များနေရင် ချရေးထားပြီး တစ်ခုချင်း အချိန်ယူဖယ်ရှားရပါလိမ့်မယ်။

(၃) ဖောက်သည်ရဲ့ ပျော်ရွှင်မှုကို ဖြည့်တင်းပေးရမယ်။
ဖောက်သည်တွေကို ပုံသေနည်းနဲ့ ရောင်းဝယ်နေရုံနဲ့ မရသေးဘူး။
ဘယ်လို အချိန်မှာ ဈေးချပေးမလဲ
ဘယ်Product ကို ပူးတွဲလက်ဆောင်ပေးမလဲ
ဖောက်သည်တွေရဲ့ မွေးနေ့ မှာ လက်ဆောင်ပို့ ပေးပြီး အမှတ်တရဖြစ်အောင် ဘယ်လိုလုပ်ပေးရမလဲ
အစရှိသဖြင့် ပြင်ဆင်ထားရမယ်။
အများဆုံးအားပေးတဲ့ဖောက်သည်တွေကို အထူးဆုအနေနဲ့ ဘယ်လို အသိအမှတ်ပြုရမလဲ ဆိုတာလည်း
အရေးကြီးပါတယ်။
ဒီအချက်တွေထဲက သင့်လျော်တာကို လုပ်ဆောင်မယ်ဆိုရင် ဖောက်သည်တွေက သင့်ဆီမှာ အမြဲအားပေးချင်နေပါလိမ့်မယ်။

(၄) အကျိုးရလဒ်နှင့် တန်ဖိုးထားမှုတွေကို ဖြန် ဖြူးပေးပါ။
ကိုယ့်လုပ်ငန်းရဲ့ တန်ဖိုးကို အမြဲစောင့်ကြပ်ကြည့်ရှုပြီး တိုးတက်အောင်လုပ်ရမယ်။
လုပ်ငန်းရဲ့ အရည်အသွေးကို ဘယ်လို တိုးတက်အောင်လုပ်မလဲ?
မိမိအပါအ၀င် ၀န်ထမ်းတွေရဲ့ အသိပညာတွေတိုးတက်မြင့်မားအောင် ဘာတွေလေ့လာမလဲ?
တိုးတက်မှုမှသည် ဖောက်သည်တွေဆီကို ကောင်းမွန်တဲ့အရည်အသွေးပြည့်ဝတဲ့ Product ကို ဘယ်လိုဖြန့် ဖြူးမလဲ ပြင်ဆင်ရမယ်။
ကိုယ့်လုပ်ငန်းနဲ့ အတူတကွ အကျိုးတူပူးပေါင်းလုပ်ဆောင်သူတွေကိုလည်း တိုးတက်အောင်ဘာတွေလုပ်ပေးမလဲ ပြင်ဆင်ရပါမယ်။

(၅)မိမိလုပ်ငန်းကို ကမ္ဘာ့ ပထမတန်းစားအဆင့်အတန်းဝင်အောင် ဖန်တီးပါ။
လုပ်ငန်းတစ်ခုကို တိုးတက်အောင်လုပ်ရုံနဲ့ မလုံးလောက်သေးဘူး
ကမ္ဘာ့ ပထမတန်းစားအဆင့်အတန်းဝင်အောင် ပြင်ဆင်ရမယ်။
ဘယ်လိုအားနည်ချက်တွေဟာ World class မဖြစ်အောင်ဟန့် တားနေသလဲ
ဘယ်လို ပညာရှင်တွေရဲ့ အကူအညီနဲ့ World class ဖြစ်အောင် ဖန်တီးမလဲ
ဝန်ထမ်းတွေရဲ့ ဘ၀တိုးတက်မှုမှသည် လုပ်ငန်းတစ်ခုလုံး World class ဖြစ်အောင် ဖန်တီးမလဲ
ဒီအဖြေတွေကို ရှာဖွေရပါလိမ့်မယ်။

(၆) ပီကာဆို၏အဖွဲ့ အစည်းဖြစ်အောင် ဖန်တီးပါ။
ပီကာဆို အဖွဲ့ အစည်းဆိုတာ လုပ်ငန်းနဲ့ ဝန်ထမ်းဟန်ချက်ညီအောင်လုပ်ရတာပါ။
လုပ်ငန်းကတော့ တိုးတက်လာပါရဲ့
လုပ်နေတဲ့ဝန်ထမ်းတွေက အရည်အချင်း မပြည့်ဝရင် ကျိန်းသေပေါက် ယိုင်လဲသွားမှာဖြစ်ပါတယ်။
မိမိရဲ့ ၀န်ထမ်းတွေကို တိုးတက်အောင်မလုပ်နိုင်ရင်
အရည်အချင်းပြည့်ဝတဲ့ဝန်ထမ်းတွေနဲ့ အစားထိုးရပါလိမ့်မယ်။
အရည်အချင်းပြည့်ဝတဲ့ဝန်ထမ်းတွေနဲ့ ဖွဲ့ စည်းထားတဲ့ အဖွဲ့ အစည်းနဲ့ ဆောင်ရွက်မယ်ဆိုရင်
ကျိန်းသေတိုးတက်လာမှာဖြစ်ပါတယ်။

(၇) မိမိနှင့် မိမိတန်ဖိုးထားရသူတို့ ၏ ဘ၀ကို ဟန်ချက်ညီအောင် ဆောင်ရွက်ပေးပါ။
ကိုယ်တန်ဖိုးထားတဲ့ မိသားစု၊ ၀န်ထမ်းနဲ့ ဖောက်သည်တွေရဲ့ ဘ၀ကို ဟန်ချက်ညီအောင် ကိုယ့်ဖက်က ဘယ်လိုကူညီပေးမလဲ၊ ဘယ်လိုဆောင်ရွက်ပေးမလဲ၊ ဘာတွေပံ့ပိုးပေးမလဲ ဆိုတာ စဉ်းစားပါ။
အပြန်အလှန်ကူညီသော၊ အပြန်အလှန် ထောက်ထားစာနာသော အဖွဲ့ အစည်းဟာ လူသားဆန်လာပါတယ်။
ချစ်ခြင်း မေတ္တာတွေ ပြည့်ဝလာတာမို့ အရှိန်အဟုန်နဲ့ တိုးတက်လာမှာဖြစ်ပါတယ်။
ငါအဆင်ပြေဖို့ 
ငါပဲရဖို့ ဆိုတဲ့ တကိုယ်တော်လွတ်မြောက်မှုကိုသာ ရှေးရှုရင်တော့ ဘယ်တော့မှ ပျော်ရွှင်စရာကောင်းမှာ မဟုတ်ပါဘူး။

(၈) ကိုယ့်လုပ်ငန်းအောင်မြင်မှုမှသည် နိုင်ငံတော်အဆင့်အောင်မြင်မှုထိ တက်လှမ်းပါ။
ပြည်ပက ခမ်းနားကြီးကျယ်တဲ့လုပ်ငန်းတွေကို ကြည့်ပါ။
ကိုယ့် လုပ်ငန်းကောင်းစားဖို့ ပဲ မကြည့်ပါဘူး
ကိုယ့်လုပ်ငန်းကို တိုးတက်အောင်လုပ်ရင်း ကိုယ့်နိုင်ငံကောင်းစားဖို့ ဘယ်လိုကူညီမလဲ
ကိုယ့်နိုင်ငံသားတွေကောင်းစားဖို့ ဘာတွေပံ့ပိုးပေးမလဲ
မိမိရဲ့လုပ်ငန်းကို နိုင်ငံတော်အဆင့်ထိရောက်အောင် ထိုးဖောက်တည်ဆောက်နိုင်မယ်ဆိုရင်တော့ ဘယ်တော့မှ အလွယ်တကူ ကျရှုံးတော့မည်မဟုတ်ပါ။

နှစ်သစ်မှသည် ကမ္ဘာတည်သ၍ စီးပွားလုပ်ငန်းများ အောင်မြင်ပါစေ။
မြန်မာနိုင်ငံလည်း ပြင်ပကြွေးမြီများ အစဉ်ထားဝရ ကင်းဝေးပါစေ။

Leave a Reply