AAC မှ ကိုရဲမင်းဆန္ဒလေး

ကိုရဲမင်းဆန္ဒလေးအတိုင်းတင်ပေးလိုက်ပါတယ်

ကျွန်တော့်နာမည်”ရဲမင်း” ပါ။
စိတ်ဓာတ်ကျလွယ်တဲ့ ကျွန်တော့်ဟာ
အများကို ထူမရင်း ကိုယ့်အတွက် အားအင် ဖြစ်စေခဲ့ပါတယ်။

ကျွန်တော် အခြားသူများကို အားပေးခဲ့တာဟာ ကျွန်တော် အားအင် လိုခဲ့လို့ပါ။
မျက်ရည်မကျဖို့ ကျွန်တော် တိုက်တွန်းခဲ့တာဟာ ကျွန်တော် မျက်ရည်လွယ်လို့ပါ။
အရှုံးမပေးဖို့ ပြောခဲ့တာ ကျွန်တော် အရှုံးပေးချင်နေခဲ့လို့ပါ။
တစ်ဦးအပေါ် တစ်ဦး ကြင်နာဖို့ ကျွန်တော် တိုက်တွန်းခဲ့တာ ကျွန်တော် ကြင်နာတတ်ဖို့ လိုအပ်ခဲ့လို့ပါ။
ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ဖို့ တိုက်တွန်းခဲ့တာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်ခံရခြင်းရဲ့ နာကျင်မှု့ကို သိလို့ပါ။

အင်မတန်မှ စွန့်လွှတ် အနစ်နာခံပါတယ်ဆိုပြီး
ကိုယ့်ကိုယ်ကို ပြောတဲ့လူတွေကို ကျတော်
သဘောမကျပါဘူး။

အနစ်နာခံတယ်စသဖြင့်
ပြောရင် ကျတော် နည်းနည်းမျက်နှာပူတယ်။
စိတ်ထဲမှာ တမျိုးဖြစ်တယ်။

ကျတော် အနစ်နာခံ တယ်လို့ ကျတော်ကိုယ် ကျတော် မယူဆဘူး။
ကျတော်လုပ်ချင်တဲ့ကိစ္စကို ကျတော် ရွေးချယ်တယ်။ ကျတော်ရွေးချယ်မှုအရ ကျတော်လုပ်တယ်။
ဒီလိုလုပ်နိုင်တာကိုပဲ ကျေနပ်တယ်။

ဒီလိုလုပ်ရလို့ အမြဲစိတ်ချမ်းသာတယ်လို့တော့ မဟုတ်ဘူးပေါ့ ဒီလိုလုပ်ရတာလဲ သူ့ဒုက္ခနဲ့သူ ရှိတာပဲ။ ဒါပေမယ့်ကိုယ်ရွေးတဲ့ ဒုက္ခပဲ ကိုယ်ရင်ဆိုင်နိင်ရမယ်လေ။

ကျွန်တော် လုပ်ချင်နေတာတွေ လုပ်ရင်း
အားအင်ပြန်ရခဲ့တာတွေအတွက်…
အသိအမှတ်ပြုခြင်းတွေအတွက်…
ကျတော့်အပေါ် ချစ်ခြင်းတွေအတွက်…
ကျေးဇူးပါ။

ဆက်လက်ကြိုးစားသွားပါဦးမယ်။
အဆင်မပြေတာလေးတွေ နေရာတိုင်း
ကူညီလုပ်ဆောင်မပေးနိင်တာလေးတွေကို
နားလည်မှု့နဲ့ ခွင့်လွှတ် အားပေးပေးကြပါလို့ တောင်းဆိုပါရစေ။

ခုချိန်ထိ ကျတော့်အပေါ်
ယုံယုံကြည်ကြည်နဲ့ အားပေးဝန်းရံ
ထောက်ခံပေးနေသောသူ အားလုံးကို
ချစ်ခြင်းများစွာဖြင့် ကျွန်တော် လှိုက်လှိုက်လှဲလှဲ
ကျေးဇူး အထူးတင်ရှိပါတယ်။

ထိုင်းရောက်မြန်မာများအားလုံးကို
လေးစားချစ်ခင်စွာဖြင့်….
“”ရဲမင်း”’ (ခေတ္တလူ့ပြည်)

Leave a Reply