အောင်မြင်တဲ့ လူငယ်တစ်ယောက်ဖြစ်ဖို့ဆိုရင် ဒီအချက် ( ၁၄ ) ချက် ကိုလိုက်နာပါ

တဖြည်းဖြည်းနဲ့ လူငယ်တွေကို နေရာပေးလာတဲ့ ကမ္ဘာကြီးမှာ လူငယ်ခေါင်းဆောင်တဦးဖြစ်အောင် ဘယ်လို ကြိုးစားလုပ်ဆောင်ကြမလဲ? ဘယ်အချက်တွေအဓိကထားပြီး လိုက်နာကြမလဲ? စိတ်ဝင်စားစရာပါ။ ဘာတွေဖြစ်မလဲ? ဆိုတာကိုတော့ ကြည့်ကြရအောင်

စိန်ခေါ်မှုတွေကို ရင်ဆိုင်ပါ
ခေါင်းဆောင်ကောင်းတယောက်ဟာ ရဲရင့်ပြတ်သားသလို နှိုင်းချင့်မျှော်တွေးနိုင်စွမ်း ပြည့်ဝပါတယ်။ သင့်အနေနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေသင့်သလို သင့်ဆုံးဖြတ်ချက်တွေအတွက်လည်း ဖြေရှင်းဖို့ အဆင်သင့်ဖြစ်နေရမှာပါ ။

ရိုးသားမှုရှိပါ
လုပ်ငန်းနဲ့ပတ်သတ်တဲ့ သတင်းကောင်းဘဲဖြစ်ဖြစ် သတင်းဆိုးဘဲဖြစ်ဖြစ် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို အသိပေးပါ။ သင့်အနေနဲ့ ထင်မှတ်မထားတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့လာရတဲ့အခါ လုပ်ဖော်ကိုင်ဖက်၊ဝန်ထမ်းတွေကို တည်ငြိမ်အောင် တုန်လှုပ်မှုမရှိအောင် ထိန်းသိမ်းဖို့၊ ကူညီဖို့ တာဝန်အပြည့်ရှိပါတယ် ။

ယုံကြည်မှုရရှိအောင် ကြိုးပမ်းပါ
ယုံကြည်မှုရရှိအောင် ကြိုးပမ်းရာမှာ လိုက်နာရမယ့် ပထမအချက် အနေနဲ့ကတော့ သင့်အနေနဲ့ လုပ်ဖော်ကိုင်ဖက်၊ ဝန်ထမ်းတွေရဲ့နေ့စဉ်အလုပ်ပြဿနာတွေကို သိရှိအောင် လုပ်ဆောင်ရပါမယ်။ ကြုံရင်ကြုံသလို သူတို့ရဲ့ပြဿနာတွေကို ဖြေရှင်းပေးရမယ်။ နောက်တချက်က အလုပ်အပြင်ဘက်က သူတို့ရဲ့ဘဝတွေကို သိအောင် လုပ်ဆောင်ရပါမယ်။ ဒါပေမယ့် လေ့လာရုံလောက်ဘဲလောက်ပါ။ ဝင်စွက်ဖက်တာတွေတော့ မလုပ်ပါနဲ့ ။

တည်ငြိမ်မှုရှိပါ
ခေါင်းဆောင်ကောင်းအများစုဟာ သူတို့ရဲ့စိတ်ခံစားချက်ကို ဖော်ပြလေ့မရှိကြပါဘူး။ သင့်အနေနဲ့ အာရုံစူးစိုက်နိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။ ပြီး သင်ဟာ စိုးရိမ်စိတ်များနေတယ်ဆိုရင် လမ်းလျှောက်တာဘဲဖြစ်ဖြစ် အပြင်ခဏသွားတာဘဲဖြစ်ဖြစ် လုပ်ပါ။ လူတိုင်းအမှားနဲ့ မကင်းကြပါဘူး။ သင်ကိုယ်တိုင်လည်း အမှားလုပ်မိမယ်၊ သင့်လုပ်ဖော်ကိုင်ဖက်တွေ၊ ဝန်ထမ်းတွေလည်း အမှားလုပ်မိကြမှာပါ။ ဒီလိုအခြေအနေတွေမှာ ဒေါသနဲ့မတုန့်ပြန်ပါနဲ့။ တည်တည်ငြိမ်ငြိမ်နဲ့ဘဲ အနာဂတ်မှာ သူတို့ကို ဘယ်လိုလုပ်စေချင်သလဲ? ဆိုတာကို ရှင်းပြပါ ။

ရည်မှန်းချက်နောက်ကို လိုက်ပါ
သင့်ရည်မှန်းချက်နောက်ကို မလိုက်ဘဲ ခေါင်းဆောင်ကောင်းတယောက်ဖြစ်ဖို့ ကြိုးစားတယ်ဆိုတာဟာ အဓိပ္ပါယ်မရှိလှပါဘူး။ မိမိကိုယ်ကို မိမိအချိန်ပေးပြီး ရည်မှန်းချက်ကဘာလဲ? ဆိုတာကို ဆန်းစစ်ပါ ။

နားထောင်ပြီး လေ့လာဆန်းစစ်ပါ
ခေါင်းဆောင်တယောက်ဖြစ်ရမယ်လို့ ဆုံးဖြတ်ပြီးရင် နားထောင်ကောင်းသူ၊လေ့လာဆန်းစစ်ကောင်းသူတယောက်ဖြစ်ဖို့ ကြိုးစားရပါမယ်။ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဝန်ထမ်းတွေ ဘယ်အရာတွေကို စိတ်ဝင်စားတယ်၊ ဘယ်အလုပ်တွေမှာ အကောင်းဆုံးလုပ်ဆောင်နိုင်တယ်ဆိုတာကို နားထောင်ပြီး လေ့လာဆန်းစစ်ရပါမယ် ။

စနံမူနာအဖြစ် ရှေ့ကဦးဆောင်လုပ်ကိုင်ပါ
သင်နောက်လိုက်လုပ်လိုတဲ့ခေါင်းဆောင်မျိုးဖြစ်အောင် ကျင့်ကြံပါ။ အလုပ်တိုင်းကို ၁၀၀% တိတိကျကျမသိနိုင်ပေမယ့် အခြေခံသဘောတရားလောက်တော့ သိအောင် ကြိုးစားရပါမယ်။ ဝန်ထမ်းတွေ အလုပ်ကို အချိန်မီရောက်စေချင်ရင် မိမိကိုယ်တိုင် အချိန်မီအရောက်သွားပါ ။

စနစ်တကျ လုပ်ကိုင်ပါ
အလုပ်လုပ်တဲ့အခါ ပစ္စည်းထားပုံကအစ လုပ်ငန်းခွင်အထိ စနစ်တကျလုပ်ကိုင်ပါ။ ရှေ့တပတ်၊ တစ်လ၊ တနှစ်၊၅နှစ်အထိ ကြိုတင်အစီအစဉ်ဆွဲပါ ။

မျှတမှုရှိပါ
မိမိနဲ့ဘယ်လောက်ဘဲ ရင်းနှီးတဲ့သူဖြစ်နေပါစေ အပြစ်လုပ်ရင် လုပ်သလိုဒဏ်ပေးပါ။ ဘက်မလိုက်ပါနဲ့ ။

လေးစားမှုကို ရှာဖွေပါ
ဒီအချက်က လွယ်ကူပါတယ်။ သင့်ရဲ့team ကို သင်ဟာ ဘယ်ကိုဦးတည်သွားနေတယ်? သူတို့အနေနဲ့ ဘာလုပ်ရမယ်? ဘယ်လိုရှေ့ဆက်ရမယ်ဆိုတာကို ပြသလိုက်ပါ ။

စူးစမ်းလိုစိတ် ပြင်းပြပါ
လူသန်းပေါင်းများစွာဟာ ပန်းသီးကြွေကျတာကို မြင်ကြပါတယ်။ ဒါပေမယ့် နယူတန်တယောက်ဘဲ ဘာ့ကြောင့်လဲ? ဆိုတာကို မေးတာပါ။ စူးစမ်းလိုစိတ်ပြင်းပြခြင်းဟာ ခေါင်းဆောင်ကောင်းတွေရဲ့ လက္ခာဏာတရပ်ပါ။

စာနာစိတ်ရှိပါ
ပြတ်သားရမယ်ဆိုတာ မှန်ပေမယ့် ကျွန်တော်တို့အားလုံးဟာ လူသားတွေဘဲဆိုတာကို ထည့်သွင်းစဉ်းစားရပါမယ်။

ငယ်ရွယ်သေးတာကို သတိရပါ
လှပတဲ့ အနာဂတ်တခုကို တည်ဆောက်နေတယ်ဆိုပေမယ့် လူငယ်ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေပါ။ အလုပ်နဲ့ သင့်ရဲ့ကိုယ်ပိုင်ကို သီးသန့်ခွဲခြားထားပါ ။

မိမိကိုယ်မိမိ ကောင်းစွာ နားလည်ပါ
ဘယ်ကိုဦးတည်သွားနေတာလဲ? ရည်မှန်းချက်တွေကဘာလဲ? ရေရှည်အစီအစဉ်တွေက ဘာတွေလဲ? ကောင်းစွာ သိထားရပါမယ် ။

Treasure_For_Youth

 

Leave a Reply