မိဘတွေမရှိတော့လို့ မောင်လေးနှစ်ယောက်ကို ဦးဆောင်ဦးရွက်ပြုနေတဲ့ (၁၀) နှစ်အရွယ်ကောင်မလေး

ငယ်ရွယ်ချိန် ကလေးဘ၀မှာ အားလုံး လိုလိုဟာ ဆော့ကစားရင်း ကိုယ့်ရဲ့ အနာဂတ်ရေး အတွက် သူငယ်ချင်းများ နဲ့ပျော်ရွှင်စွာ စာသင်ယူရင်း ဘ၀ကို အပူအပန်မ ရှိဖြတ်သန်းလို သူချည်းပါပဲ ။ ဒါပေမယ့် Nantang ဆိုတဲ့ရွာငယ်လေးက 10 နှစ်အရွယ် Xiao Ying အတွက်တော့ အခွင့်မသာခဲ့ ပါဘူး ။

ဖခင်ဆုံးပါးသွား တဲ့နောက် တာဝန်ဆက် မယူလိုတဲ့မိခင် ရဲ့ချန်ရစ်ခံခဲ့ရတဲ့နောက် တာဝန်မှန်သမျှ မိမိခေါင်းပေါ်ပုံကျ လာချိန် မိမိရဲ့အရာ အားလုံးထက် မောင်နှစ်ယောက်ဖြစ်သူက ဦးစားပေးနေရာကိုရောက် လာပါတယ် ။

မောင်နှစ်ယောက်ဖြစ်သူ အတွက် ချက်ပြုတ်ပေး၊ အ၀တ်တွေလျှော်ပေး ၊ကျောင်းပို့ပေး၊ အိမ်ရောက်ရင်လည်း နွေးနွေးထွေးထွေး အချိန်ယူ၊ အိမ်မှုကိစ္စမှန်သမျှကို မိဘတွေကိုယ် စားနေရာယူလုပ်ကိုင်ရင်း မအားမလပ်ဖြစ်နေတဲ့ သူမဟာ ဦးလေးဖြစ်သူမှ မောင်နှစ်ယောက်အား မွေးစားမယ့်သူတွေ ဆီပေးလိုက်ဖို့ တောင်းဆိုသော်လည်း လက်မခံခဲ့ချေ။

သူမရဲ့မောင်လေးများကို အဝေးကိုခေါ်ယူသွားဖို့ ဘသူ့ကိုမှခွင့် မပြုသလို သူတို့လေးတွေအတွက် ဖခင်အနေနဲ့ရော မိခင်အနေနဲ့ရော သူမပဲဖြစ်စေရမယ်ဟု ကြုံးဝါးလေ့ရှိသူပါ ။ သူမရဲ့မောင်နှစ်ယောက်နဲ့ ဘ၀ကို ခက်ခဲစွာရုန်းကန်နေ ရသည့်တိုင် သူမဘ၀ကိုရော သူမမောင်လေးတွေ အပေါ်ရော အရှုံးပေးဖို့ ဘယ်တုန်းကမှ မတွေးဖူးပါဘူး ။

သွားဘလိုတိုက်ဖို့ကအစ ကျောင်းစာကို အသေကြိုးစားဖို့အပါအ၀င် သိသင့် သိထိုက်တဲ့ အရာမှန်သမျှကို မောင်နှစ်ယောက်အား ဆုံးမသင်ကြားပေးနေတဲ့ အစ်မတစ်ယောက် လည်းဖြစ်ပါတယ် ။နေ့စဉ်နဲ့အမျှ ချက်ပြုတ်ဖို့ ရေဆွဲတာကအစ၊အ၀တ်လျှော်၊ အိမ်မှုကိစ္စမှန်သမျှကို အရွယ်နဲ့မမျှအောင် လုပ်နေရသည့်တိုင် အမှတ်ကောင်း ရဆဲကျောင်းသူတစ်ယောက်ဖြစ်သလို ကျောင်းရဲ့စံပြကျောင်းသူ တစ်ယောက်လည်းဖြစ် ပါတယ် ။

ဒီလိုကြေကွဲစရာ သူမရဲ့ဖြစ်ရပ်ကိုကြား သိရတဲ့နောက် သူမရဲ့ကျောင်း ကနေပြီးတော့ သူမအတွက်ဦး တည်ပြီး အလှူခံခဲ့ပါတယ်။ သူမရဲ့အခြေအနေကို သိတဲ့ချိန် များစွာသောစေတနာ ထက်သန်သူတွေဟာ ငွေကြေးနဲ့နေ့စဉ် လိုအပ်တဲ့ပစ္စည်းအသုံး အဆောင်တွေကို လှူဒါန်းခဲ့ကြ ပါတယ်…။ ။

Leave a Reply