သာ/ဝန် ဝန်ကြီးဦးအောင်ကို ကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းကိုက်ရ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အရေးပေး
ခြင်းကို ခံယူရန်အတွက် အရင်အစိုးရလက်ထက်က ရွှေတိဂုံဘုရားမှ ရွှေပြားများမှာ ရွှေရည်မမှီတဲ့ရွှေပြားတွေ အများအပြားပါနေတယ်လို့ ရွှေတိဂုံဘုရား ရဲ့ ဂေါပကအဖွဲ့ဝင်တစ်ဦး ဦးမင်းနိုင် (နာမည်လွှဲ)၏ အမှတ်တမဲ့အပြောစကားတစ်ခုကို အကြောင်းပြုကာ သာ/ဝန် ဝန်ကြီး သူရဦးအောင်ကို မှ အများပြည်သူ သဒ္ဒါကြည်ဖြူ၍ လှူဒါန်းထားသော ရွှေစင်ရွှေပြားများကို နိုင်ငံရေးအရ ပြည်သူနှင့် အရင်ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့အား ထိပ်တိုက်တွေ့စေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာတို့တန်ဖိုးထားရာ အထွဋ်အထိပ်တစ်ခုဖြစ်တဲ့ ရွှေတိဂုံဘုရားမှာ ရွှေပြားများအား အများပြည်သူများရဲ့ ဆန္ဒကို ဆန့်ကျင်၍ တချက်လွှတ်အမိန့်ပေး၍ ခွာစေခဲ့သည်။

ယနေ့ထုတ် မြဝတီသတင်းစာရဲ့ ခေါင်းစီးစာမျက်နှာတွင် ရွှေပြားများ အရည်အသွေးပြည့် မှီ မမှီ စစ်ဆေးမှုအရ အရည်အသွေးပြည့်မီနေတာကို တွေ့ရပါသည်။ အရင်ဦးသိန်းစိန်​အစိုးရလက်​ထက်​က ကပ်​လှူထား​သော
ရွှေတိဂုံ​စေတီ​တော်​မြတ်​၏ ကြာ​မှောက်​ ၊ ကြာလန်​ဧရိယာရှိ ​ရွှေစင်​ပြားများကို ပြန်​လည်​သန့်​စင်​ရာတွင်​ သတ်​မှတ်​ထားသည့်​​ရွှေပါဝင်​မှု့ထက်​ ၉၈.၉၁ရာခိုင်​နှုံးအထိ ပိုရှိတာကို တွေ့မြင်ရမည် ဖြစ်သည်။

 

နောက်ဆက်တွဲသတင်းအရ……

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် စင်ကာပူအာဆီယံထိပ်သီးအစည်းအဝေးမှ အပြန် အမောဆို့စေသော သတင်းစကားအဖြစ် ကြားသိရပြီး
NLD ဗဟိုကော်မတီဝင်များနှင့်လည်း စကားအချေအတင်များခဲ့ကြောင်း NLD ပါတီအသိုင်းအဝိုင်းနှင့် ခင်မင်ရင်းနှီးသူ ဦးတိုးအောင် (အမည်လွှဲ) မှ Myanmar News သတင်းဌာနမှ သတင်းထောက် မရတနာ ကိုပြောကြားခဲ့သည်။
” ဒီနေ့ မနက် ၁၀ နာရီလောက်က NLD ပါတီ ဌာနချုပ်ကို သာ/ဝန် ဝန်ကြီး ဦးအောင်ကို လာတယ်…အဲ့အချိန်က ဗဟိုCEC အစည်းအဝေး ကျင်းပရန် တိုင်ပင်နေတဲ့အချိန်ဆိုတော့ လူစုံတာပေါ့ဗျာ….
အဲ့မှာ အတိုင်ပင်ခံပုဂ္ဂိုလ်က သူ့ရုံးခန်းထဲ ခေါ်ပြီး စကားပြောတယ်ပေါ့….ဘေးမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ အခြား CEC ၄ ဦးလည်း တူတူရှိနေတယ်….အဲ့မှာ စကားများကြတယ်လို့ ကြားတာပဲ ”
ဟု အမည်လွှဲ ဦးတိုးအောင် က ပြောကြားခဲ့သည်။

ထိုစကားများကြတဲ့အကြောင်းကတော့ရွှေတိဂုံက ရွှေပြားတွေ ရွှေရည်ပြည့်မှီတာ ပြည်သူကို ဘယ်လိုသတင်းထုတ်ပြန်ရမလည်း ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်….ပြည်သူ့ဘဏ္ဍာတွေ အလေ့အလွှင့်များနေတဲ့အချိန်မှာ ယခုလို အရင်အစိုးရကို နိုင်ငံရေးအရ သတ်ရန်အတွက် ရွှေတိဂုံဘုရားက တစာခံဖြစ်ရတယ်, ပြည်သူလည်း ထိုထုတ်ပြန်ချက် အမှန်အတိုင်းထုတ်ပြန်ရင်လည်း အရင်အစိုးရက နာမည်ကောင်းရပြီး လက်ရှိအစိုးရအပေါ် ပြည်သူရဲ့ ထောက်ခံမှု ကျဆင်းမည်မှာသာဖြစ်သည်။

သာ/ဝန် ဝန်ကြီးရဲ့ စကားတစ်ခွန်းကြောင့် ယခုလိုမဖြစ်သင့်တဲ့ပြသနာဖြစ်ရတယ်ဆိုပြီး စကား ကတောက်ကဆ များကြောင်းလည်း သိရသည်။

သတင်း…..မရတနာ

Leave a Reply