အဖိုးတန်တဲ့လူသား

တစ်ခါတုန်းက ဆရာတစ်ယောက်ဟာ စာသင်ခန်းထဲသို့ ပိုက်ဆံတစ်သောင်းတန်ကို ကိုင်ပြီး ဝင်လာပါတယ်။
ကျောင်းသားတွေကို မေးလိုက်တယ်။
“ဒီ ပိုက်ဆံတစ်သောင်းကို ဘယ်သူတွေလိုချင်ပါသလဲ လက်ထောင်ကြပါ” ။ လက်တွေအားလုံး လေထဲကို မြောက်တက်သွားကြတယ်။

ဆရာက ဆက်ပြောတယ်။
“မင်းတို့အားလုံးထဲက တစ်ယောက်ကို ပေးမလို့ပါပဲ ဒါပေမယ့် စောင့်ပါဦး” လို့ဆိုပြီး ပိုက်ဆံတစ်သောင်းတန်ကို တွန့်ခြေလိုက်တယ်။ ပြီးတော့ ကျောင်းသားတွေကို ဆက်မေးလိုက်တယ်။
“ဒီ ပိုက်ဆံတစ်သောင်းကို ဘယ်သူတွေ ဆက်လိုချင်ပါသလဲ” ။ လက်တွေအားလုံး လေထဲကို မြောက်သွားတုန်းပါပဲ။
ဆရာဆက်ပြောပြန်တယ်။ “ကောင်းပြီ” လို့ဆိုပြီး ပိုက်ဆံတစ်သောင်းတန်ကို ဖိနပ်နဲ့နင်းခြေလိုက်တယ်။ ပိုက်ဆံဟာ အတော်ညစ်ပေပြီး ရုပ်ဆိုးသွားတယ်။ ပြီးမှ သူပြန်ကောက်လိုက်တယ်။
“ကဲ အခုရော ပိုက်ဆံတစ်သောင်း လိုချင်သေးလား ကလေးတို့” ။ စကားသံဆုံးဆုံးချင်းမှာပဲ လက်တွေတော်တော်များများ လေထဲကို မြောက်သွားတုန်းပါပဲ။ ဆရာက အဓိပ္ပာယ်ရှိလှတဲ့ ဆုံးမစကားတစ်ခွန်း ကျောင်းသားတွေကို ပြောလိုက်တယ်။
“ကဲ . . . ကျောင်းသားတွေ အားလုံး အရမ်းကို တန်ဖိုးရှိတဲ့သင်ခန်းစာတစ်ခုကို ရသွားကြပါပြီ။
ဆရာ ပိုက်ဆံတစ်သောင်းတန်ကို ဘယ်လိုပဲလုပ်လုပ် မင်းတို့တွေ လိုချင်ကြတုန်း။ ဘာကြောင့်လဲဆိုတော့ ငွေစက္ကူရဲ့တန်ဖိုး ပြောင်းမသွားလို့ပါ ပိုက်ဆံတစ်သောင်းတန်က သုံးလို့ရနေသေးတယ်လေ”

ကဲ . . . . . ပုံပြင်လေးကတော့ ဒါပါပဲ။ ကျွန်တော်တို့တွေအားလုံး ဘဝမှာ
ကျရှုံးခြင်း၊ နင်းချေခံရခြင်းနှင့် ကျွန်တော်တို့ဆုံးဖြတ်ချက်အမှားတွေကြောင့် စိတ်ဓာတ်နဲ့ဘဝတန်ဖိုးတွေဟာ ပိုက်ဆံတစ်သောင်းတန်လို ညစ်ပတ်နေခဲ့တယ်။ တစ်ခါတစ်ရံ ကိုယ်ဟာ ဘယ်နေရာမှ အသုံးမဝင်ပါဘူး၊ တန်ဖိုးမရှိပါဘူးလို့ တွေးနေတတ်ကြတယ်။ ဘယ်လိုပဲမှားခဲ့ပါစေ၊ ဘာတွေပဲဖြစ်ခဲ့ပါစေ၊ ကိုယ့်ရဲ့တန်ဖိုးကို ဘယ်တော့မှ မဆုံးရှုံးပါစေနဲ့ ။ အဖိုးတန်တဲ့လူသားဖြစ်အောင် ကြိုးစားသင့်ပါတယ်။

ကျော်စိုးအောင် (အခရာ)

Leave a Reply