ဒေါ်လာသိန်းချီဖိုးလက်ဝတ်တန်ဆာများကို တမလွန်ထိ ယူဆောင်သွားသူ

ထရီနီဒတ်နဲ့တိုဘက်ဂိုနိုင်ငံ(Trindad and Tobago)မှာနေထိုင်သူ အသက် (၃၃)နှစ်အရွယ် အိမ်ခြံမြေအကျိုးဆောင် သန်းကြွယ်သူဋ္ဌေး တစ်ဦး ဖြစ်တဲ့ ရှီရွန်ဆူခီဒို(Sheron Sukhedo)ဆိုတဲ့ အမျိုးသားတစ်ဦးဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်က ဇနီးဖြစ်သူရဲ့မိဘနေအိမ်အပြင်ဘက်မှာ သေနတ်အပစ်ခံရပြီး သေဆုံးခဲ့ပါတယ်

အခမ်းအနားပြင်ဆင်ရေးဝန်ဆောင်မှုမှ မီးမသဂြိုလ်ခင် သူ့ရဲ့ရုပ်အလောင်းကို ဒေါ်လာသိန်းချီတန်ဖိုးရှိတဲ့ လက်ဝတ်ရတနာများ ဝတ်ဆင်ပေးပြီး ပြင်ဆင်ခဲ့ကြပါတယ်။ ဒါ့အပြင် ရွှေနဲ့ပြုလုပ်ထားတဲ့ ဒေါ်လာငါးသောင်းတန် ခေါင်းတလားကိုပါ အသုံးပြုခဲ့ကြပါတယ်။ ဆွေမျိုးများကလဲ Timberland တံဆိပ် ရှုးဖိနပ်တစ်စုံကိုလည်း ခေါင်းတလားအတွင်း ထည့်သွင်းပေးလိုက်ကြပါတယ်။ ဈာပနဝန်ဆောင်မှုအဖွဲ့က မီးသဂြိုလ် ပြီးစီးတဲ့အထိ အလောင်းနှင့် ပစ္စည်းများကို စောက်ရှောက်ကာကွယ်မှုပေးသော်လည်း မီးမသဂြိုလ်မီမှာပဲ လက်ဝတ်ရတနာပစ္စည်းများဖြုတ်ယူခံခဲ့ရပါတယ်

ထရီနီဒတ်နဲ့တိုဘက်ဂိုနိုင်ငံ(Trindad and Tobago)အစိုးရရဲ့ညွှန်ကြားချက်ဖြင့် ရဲများက ဆူခီဒို(Sukhedo) ရဲ့သေဆုံးမူကို စုံစမ်းထောက်လှမ်းခဲ့ကြပါတယ်။ ဆူခီဒိုဟာ(Sukhedo) ဟာ လွန်ခဲ့တဲ့ (၂)နှစ်က လုပ်ကြံသတ်ဖြတ်မှုတစ်ခုမှ လွတ်မြောက်ခဲ့ပြီးနောက်တွင် ဂိုဏ်းအဖွဲ့တစ်ခုကိုဝင်ရောက်ပြီးအဖွဲ့ဝင်အဖြစ် ခံယူခဲ့ပါတယ်။သတ်ဖြတ်သူတရားခံမှာ ဆူခီဒို(Sukhedo) ဝင်ရောက်ထားတဲ့ဂိုဏ်းရဲ့ ပြိုင်ဘက်ဂိုဏ်းမှဖြစ်ပြီး နှစ်ရှည်လများ ကြိုတင်ကြံစည်ထားတဲ့ လုပ်ကြံသတ်ဖြတ်မှုတစ်ခုဖြစ်ပါတယ်။ဆူခီဒို(Sukhedo)ရဲ့ကျန်ရှိတဲ့ကလေးနှစ်ယောက်နဲ့ မိသားစုကို ရဲတပ်ဖွဲ့မှ ကာကွယ်စောင့်ကြပ်ထားလျက်ရှိပါတယ်။

Leave a Reply