“ M “ သင်္ကေတလေး လက်ဖဝါးပေါ်မှာပါနေရင် ကံအကောင်းဆုံးလို့သတ်မှတ်လိုက်ပါ

“ M “ သင်္ကေတလေး လက်ဖဝါးပေါ်မှာပါနေရင် ကံအကောင်းဆုံးလို့သတ်မှတ်လိုက်ပါ

လက်ဖဝါးပြင်ကို ကြည့်လိုက်ပါ။ အခုလိုမျိုး M ပုံစံလေးဖြစ်နေတယ်ဆိုရင် သင်ဟာ ကံအရမ်းကောင်းတဲ့သူတစ်ယောက်ပါတဲ့။

Heart Line ( နှလုံးလမ်းကြောင်း )၊ life line ( အသက် )၊ Fate Line ( ကံကြမ္မာ ) နဲ့ head line ( အဓိက ) လမ်းကြောင်းတွေကိုကြည့်လိုက်ပါ။ အဲဒီလမ်းကြောင်းတွေကိုဆက်ကြည့်လို့ M ပုံစံဖြစ်နေတယ်ဆိုရင် သင်ဟာ ကံကြမ္မာကောင်းတစ်ခုကိုပိုင်ဆိုင်ထားသူပါ။ အရမ်းစည်းကမ်းရှိပြီး တက်ကြွတဲ့သူတစ်ယောက်ဖြစ်လို့ career life ( အသက်မွေးဝမ်းကြောင်း ) မှာ အောင်မြင်မှုရသူတစ်ဦးဖြစ်နိုင်ပါတယ်။ နောက်ပြီး အဲ့ဒီသင်္ကေတနဲ့သူတွေဟာ ကိုယ့်ကိုကိုယ် self motivate လုပ်နိုင်တဲ့သူတွေလည်းဖြစ်ပါသေးတယ်။

အလုပ်ကြိုးစားလုပ်ကိုင်သလို၊ သူတစ်ပါးအပေါ်လည်း စာနာတတ်တဲ့သူတွေပါတဲ့။ M စာလုံးလေးပါတဲ့သူတွေဟာ သတင်းမီဒီယာအလုပ်၊ စာရေးဆရာ၊ သတင်းထောက် နဲ့ ပညာရေးပိုင်းဆိုင်ရာတွေကိုရွေးချယ်တတ်ပြီး ထွန်းပေါက်အောင်မြင်မယ့်သူတွေလည်းဖြစ်ကြပါတယ်။

ခေါင်းဆောင်ကောင်းတစ်ယောက်လိုအရည်အချင်းရှိတယ်။ တာဝန်ယူတာဝန်ခံတတ်တယ်။ ချမ်းသာကြွယ်ဝနိုင်မယ်။ ကံကောင်းတဲ့သူဖြစ်တယ်။ အလားအလာကောင်းသူတွေလည်းဖြစ်ကြပါတယ်။ တခြားသူတွေရဲ့စိတ်ကိုအလိုလိုသိနေတတ်ကြတယ်။ ဒါကြောင့် သူတို့ရှေ့မှာဆိုမဟုတ်တာလုပ်နေရင် မပြောသေးတာပဲရှိမယ်၊ သူတို့ကသိနေတတ်ကြပါတယ်။ အရမ်းလည်းပါးနပ်ပြီး တခြားသူဘာကိုဆိုလိုတယ်၊ ဘာပြောချင်တယ်၊ လိမ်နေလား၊ တကယ်ပြောတာလားဆိုတာကိုသဘောပေါက်လွယ်ကြပါတယ်။ ဒါပေမယ့် သူတို့တွေဟာ ကိုယ့်ကိုကိုယ်နှိမ့်ချဆက်ဆံတတ်တဲ့သူတွေဖြစ်လို့ တခြားသူတွေကအရည်အချင်းမရှိဘူးလို့တောင်အထင်ခံရတတ်ပါတယ်။

သင်ရော … M သင်္ကေတ ပိုင်ရှင်လေးပဲလား .. ကိုယ့်မှမပါရင်လည်း ပါတဲ့သူငယ်ချင်းတွေကို mention ပေးလိုက်ပါဦး။

Leave a Reply