လူတစ်ယောက်ဆီက ယုံကြည်မှုမြန်မြန်လိုချင်ရင် ဒီ (၅) ချက်လုပ်ပါ

လူတစ်ယောက်ဆီကယုံကြည်မှုလျင်လျင်မြန်မြန်ရဖို့ဆိုတာ မလွယ်ပါဘူးသူတို့သဘောကျနှစ်သက်စရာရှိမှသာ ယုံကြည်ကြတာပါ။ဒါပေမဲ့ လျင်လျင်မြန်မြန်ပဲယုံကြည်မှုရဖို့နည်းလမ်းလေးတွေ ရှိပါတယ်။

၁ – အပြုံး

စစ်မှန်တဲ့အပြုံးမျိုး ပြုံးခြင်းဟာ
ပြုံးပြလိုက်တဲ့လူအပေါ်
သင့်ဘက်က ယုံကြည်တယ်ဆိုတဲ့
ညွှန်းဆိုမှုဖြစ်ပါတယ်။
သင့်ဆီက ယုံကြည်မှုကို
ခံစားရတဲ့အခါ
တစ်ဖက်ကလည်း သင့်ကို
ယုံကြည်မှုနဲ့ တုံ့ပြန်မှာပါ
စစ်မှန်တဲ့အပြုံးဟာ
စိတ်ခံစားချက်ကလာတာပါ
ကောင်းမွန်တဲ့
စိတ်ခံစားချက်ကလာမှ
နှစ်လိုဖွယ်ကောင်းတဲ့
အပြုံးကို ရရှိတာပါ
နှစ်လိုဖွယ်အပြုံးဖြစ်ဖို့
အပြုသဘောဆောင်တဲ့
ကောင်းမွန်တဲ့အတွေးမျိုးတွေ
သင့်ဆီမှာ ပြည့်လျှံနေဖို့
လိုပါတယ်။

၂ – ထင်ဟပ်ပါ

သင်ယုံကြည်မှု့ 
တည်ဆောက်တဲ့လူရဲ့
ပုံစံဟန်အတိုင်း
လိုက်လံပြုမူတာမျိုး ဖြစ်ပါတယ်
သူ့ဘက်ကအကြောင်းအရာ
တစ်ခုကိုဝမ်းနည်းဟန်နဲ့
ပြောနေတဲ့အခါ
သင့်အပြုအမူကလည်း
ဝမ်းနည်းရိပ်သန်းနေတဲ့
အပြုအမူမျိုးရှိရမှာ ဖြစ်ပါတယ်
တစ်ဖက်လူက
ဖြည်းဖြည်းပြောတဲ့အခါမျိုးမှာ
သင့်ဘက်ကလည်း
ဖြည်းဖြည်းပြောသင့်ပါတယ်
တစ်ဖက်လူက
လက်ဟန်ခြေဟန်တွေနဲ့
ပြောတဲ့အခါ သင့်ဘက်ကလည်း
စကားပြောရင်လုပ်တတ်တဲ့
လက်ဟန်ခြေဟန်လေးတွေနဲ့
တုံ့ပြန်သင့်ပါတယ်။

၃ – အာရုံစိုက်ပါ

နှစ်ယောက်တွေ့တဲ့အခါ
သင်စကားပြောနေတဲ့လူကိုပဲ
အာရုံစိုက်ပါ။ မျက်နှာကို
တည့်တည့်ကြည့်နေရမယ်လို့
ဆိုလိုတာမဟုတ်ပါဘူး။
သူ့ကို အာရုံစိုက်
ဂရုပြုနေတယ်လို့ တစ်ဖက်က
ခံစားမိဖို့ ဖြစ်ပါတယ်
ပြောနေတုန်းမှာ ကိုယ့်ဘက်က
တခြားလူတွေကို ကြည့်နေတာ
အဝေးကိုမျက်နှာလွှဲနေတာတွေဟာ
ယုံကြည်မှုတည်ဆောက်ဖို့ အတွက်
ကောင်းမွန်တဲ့ လက္ခဏာမျိုး
မဟုတ်ပါဘူး။

၎ – ပျော့ပြောင်းသူ

လူတွေဟာ လူဆန်သူကို
ပိုသဘောကျပါတယ်
လူဆန်သူဆိုတာကတော့
အကောင်းတွေရှိသလို
အဆိုးတွေလည်း ရှိသူပါ
သင်ယုံကြည်မှု့ 
တည်ဆောက်ချင်သူနဲ့
ဆက်ဆံတဲ့အခါ
သင့်ဘက်မှာလည်း
အားနည်းချက်တွေရှိတယ်
ဆိုတာမျိုး သူ့ဘက်က
သိထားရင် ပိုကောင်းပါတယ်
သင်လည်း ခံစားတတ်သူ၊
ထိခိုက်တတ်သူလို့
တစ်ဖက်ကထင်ထားရင်
ပိုကောင်းပါတယ်။

၅ – တကယ်လုပ်ပါ

ပြုံးပြရုံ၊ စကားပြောရင်ဂရုစိုက်နားထောင်ရုံလောက်နဲ့တစ်ဖက်လူရဲ့ ယုံကြည်မှုကိုလျင်လျင်မြန်မြန်မရသေးပါဘူးအရေးကြီးဆုံးအချက်ကတော့
ပြောပြီးရင်တကယ်လုပ်ပါအပြောနဲ့ အလုပ်မညီတဲ့လူကိုဘယ်သူကမှတကယ်မယုံကြည်ပါဘူး။ပြောပြီးရင်တကယ်လက်တွေ့အကောင်အထည်ဖော်သူ

ဖြစ်ကြောင်း တစ်ဖက်က
သိဖို့လည်း အရေးကြီးပါတယ်။
သင်ပြောတာကိုသာသိပြီး
တကယ်အကောင်အထည်
ဖော်တာမသိရင်တော့
ဘာမှထူးခြားမှာ မဟုတ်ပါဘူး။

Credit – Duwun

 

Leave a Reply