အရမ်းကောင်းလွန်းလို့ ဒီပိုစ့်တွေသူတိုင်း ပြီးအောင်ဖတ်ပေးစေချင်ပါတယ်

လမ်းမှားနေမှန်းသိရင် နောက်ပြန်လှည့်ရမယ်.. အချစ်မှားနေမှန်းသိရင် လက်လွှတ်တတ်ရတယ်။

လူ့စိတ်ဆိုတာ မှန်တစ်ချပ်လိုပဲ တစ်ဖက်က ပြုမူသလို နောက်တစ်ဖက်ကပြုမူတယ်။

သံယောဇဉ်ဆိုတာလည်း နှစ်ဦးနှစ်ဖက်စလုံး ဖြည့်မှသာ ပြည့်တာပါ။ တစ်ဦးထဲဖြည့်နေလို့ ဘယ်တော့မှမပြည့်ပါဘူး။

ရေစက်ရှိရင် ဘယ်သူခွဲခွဲ မကွဲတတ်ဘူး။

တကယ် သံယောဇဉ်ရှိတာမှန်ရင် အတူတူမခွဲဘဲနေရမှာပါ။

လမ်းခရီးတစ်ဝက်မှာ သင့်ကို လူဘယ်နှစ်ယောက် ထားရစ်ခဲ့ဖူးသလဲ။

ဘယ်နှစ်ယောက်က အဝေးရောက်သွားသလဲ။

ဘယ်နှစ်ယောက်က သင့်အပေါ် စိတ်အစစ်အမှန်နဲ့ ချစ်ခဲ့သလဲ။

ဘယ်နှစ်ယောက်က အပေါ်ယံ မျက်နှာဖုံးနဲ့ နေခဲ့သလဲ… ။

မုန်တိုင်းတွေ ပြသနာတွေ အမျိုးမျိုးကြုံတွေ့အပြီးမှာတော့ လူ့စိတ်ဆိုတာ ဗူးပေါ်သလို ပေါ်လာမှာ အမှန်ပါပဲ။

သင့် နားမှာ အေးအတူပူအမျှရှိနေတဲ့သူမှသာ သင့်ရဲ့လက်တွဲဖော် အစစ်ပါ။

တကယ်ချစ်နေကြရင် ထပ်ဖြည့်စရာ ဘာမှမလိုသလို.. မှေးမှိန်သွားတဲ့အချစ်ဆိုရင်လည်း ဘာမှ အရောင်ပြန်တင်စရာ.. နွှေးနေစရာ မလိုပါဘူး။

အချစ်ကို မျက်စိနဲ့ကြည့်မှာထက် စိတ်နဲ့ခံစားကြည့်က ပိုမှန်ပါသည်။

သင့်ကိုရေရှည်အဖော်ပြုပေးနိုင်တဲ့သူမှသာ တကယ်ချစ်တဲ့သူပါ။

သင့်အပေါ် အနွံတာခံနိုင်တဲ့သူမှသာ တကယ်နက်နက်ရှိုင်းရှိုင်းနဲ့ချစ်တာပါ။

လူတော်တော်များများ လမ်းခုလတ်မှာတင် ပျောက်ကုန်တယ်။

သံယောဇဉ်တော်တော်များများ အချိန်တစ်ခုရောက်ရင် မှေးမှိန်သွားတတ်တယ်။

အချိန်ဆီက မနေ့က ကို ပြန်တောင်းယူလို့မရသလို
ရေစက်ဆိုတာလည်း စတွေ့ခါစကလို တည်တံ့နေမှာမဟုတ်ပါဘူး။

အချို့အရာတွေကို ဒဏ်ရာလို့ခေါ်တယ်.. တန်ဖိုးထားဖို့မေ့ခဲ့တဲ့ အရာတွေပေါ့။

ဒါပေမယ့် အချို့အရာတွေကို အတိတ်လို့ခေါ်တယ်… ပြန်တွေးမိရင် အဲဒီအချိန်တွေကို နှမြောတသသ မိတာကို ခေါ်တယ်…

သင့် နှလုံးသားတုန့်ပြန်မှုကို စောင့်ဆိုင်းနေတဲ့ သူအပေါ်မျှော်လင့်ချက်မဲ့အောင် မလုပ်ပါနဲ့..၊”
သူများက သင့်ကို တွေးမိတိုင်း.. အတွေးထဲကနေ သင့်ကိုဖျက်ပစ်လိုက်ရလောက်အောင် မလုပ်ပါနဲ့၊”
လူ့ဘဝမှာ အချင်းချင်းဆုံဖို့တွေ့ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။

သူ့စိတ်ကိုယ်သိ.. ကိုယ့်စိတ်သူသိကို တန်ဖိုးထားပါ။

တစ်ခါတစ်လေ သံယောဇဉ်ဆိုတာ မိမိဘက်မိမိ လှည့်ထားတဲ့ ဓားဖျားလိုပဲ။

သူ့ဘက်က တွန်းထုတ်လိုက်ရင် ဓားဖျားက ကိုယ့်ရင်ဝမှာ လာစိုက်တတ်တယ်။

သင့်ကို ဂရုမစိုက်တဲ့ လူတစ်ယောက်ကို သင်နာကျင်ကြောင်းသွားပြောလို့လည်း အပိုပါပဲ။
သင့်ကို မတွေးနေတဲ့ လူတစ်ယောက်ကို သင်စောင့်နေပါတယ်လို့ သွားပြောရင်လည်း အလဟဿ အချိန်ဖြုန်းတာနဲ့ တူတူပါပဲ။

သူ့စိတ်ထဲမှာ သင်ရှိနေသေးရင် သူ့ဘာသာသူ အလိုလို လာရှာလိမ့်မယ်။

တကယ်လို့ သူ့စိတ်ထဲမှာ သင်မရှိတော့ဘူးဆိုရင် သူ့ဘာသာသူအလိုလို ဥပေက္ခာပြုသွားလိမ့်မယ်။

သင့်ရဲ့ လေးစားမှုနဲ့ သင့်ကို မချစ်တော့တဲ့သူတစ်ယောက်ကို သွားမလဲလိုက်ပါနဲ့။

သင့်ရဲ့ အချိန်နဲ့ သင့်အပေါ် သံယောဇဉ်ဖြတ်လိုက်တဲ့ သူနဲ့ သွားမလဲလိုက်ပါနဲ့။

လက်လွှတ်လိုက်တဲ့ အနောက်မှာ အချိန်တစ်ကာလရှိမယ်..ထမ်းထားခဲ့တဲ့ တာဝန်အချို့ရှိမယ်..
ကိုယ့်ကပဲ စခဲ့တဲ့ အကြိမ်အရေအတွက်များစွာရှိမယ်..စိတ်ဒဏ်ရာတွေရှိမယ်..
ဒါတွေကို လက်လွှတ်သင့်တဲ့သူဆီမှာပဲ ထားခဲ့လိုက်ပါ။

ချစ်ပါ၊ မိမိအချစ်နဲ့ ထိုက်တန်တဲ့သူကိုချစ်ပါ။
လက်လွှတ်ပါ၊ လက်လွှတ်သင့်ရင် လှလှပပလေးကို လက်လွှတ်ပေးလိုက်ပါ။

လူတစ်ယောက်ကို ထားခဲ့တာ အရမ်းချစ်ခဲ့ဖူးသလို.. အရမ်းလည်းစိတ်နာဖူးလို့ပါ။

လူတစ်ယောက်ရဲ့ ထားခဲ့မှုကိုခံရတာ သင့်ကိုသူအလေးထားခဲ့ဖူးသလို လက်ရှိမှာ အလေးမထားတော့လို့ပါ။

လုပ်ရက်တာမဟုတ်ပါဘူး.. ရှေ့ဆက်ဖို့ မထိုက်တန်တော့တာပါ။

စိတ်ပျက်သွားတာ မဟုတ်ပါဘူး.. စိတ်ကုန်သွားတာပါ။

အချစ် ရဲ့ အကြောင်းပြချက်က ရိုးစင်းပါတယ်.. ဘယ်လိုပဲဖြစ်ဖြစ် သင်နဲ့ပဲ အတူတူနေချင်တာပါ။

မချစ်တော့ဘူးဆို ဆင်ခြေဘယ်လောက်ပေးပေး.. ဘယ်လောက်နီးနီး.. ဆက်သွယ်ဖို့မကြိုးစားတော့တာပါ။ သင်နဲ့အတူတူမရှိချင်တော့တာပါ။

သူအလုပ်များနေလို့နေမှာပါ.. ပင်ပန်းနေလို့ နေမှာပါ.. မအားလို့နေမှာပါဆိုပြီး ကိုယ့်ကိုယ်ကို မနှစ်သိမ့်နေပါနဲ့တော့။

မလိမ်ပါနဲ့တော့။
သူ့ရဲ့သတိမထားမိတဲ့ မိမိဆိုတဲ့ ကိစ္စသေးသေးလေးက ကိုယ့်ဆီမှာတော့ သူဟာဝန်ထုပ်ဝန်ပိုး ဖြစ်မနေပါစေနဲ့။

တစ်ခါတစ်လေ လမ်းမှားနေမှန်းသိရင် နောက်ပြန်လှည့်တတ်ရမယ်..
အချစ်က မှားနေမှန်းသိရင် လက်လွှတ်တတ်ရတယ် ..။

Leave a Reply