အိမ်ရှင်မတစ်ဦးကြောင့် သူတောင်းစားဘ၀မှ ကုမ္ပ္ပဏီ တစ်ခုရဲ့ ဥက္ကဌဖြစ်လာသူ

လူ နှင့် တန်ဖိုး

တစ်ခါက သူတောင်းစားတစ်ယောက်ရှိတယ်… သူ့ရဲ့ ဘယ်ဖက်လက် တစ်ဖက်လုံး ပြတ်ထားရှာတယ်…

ကြည့်လိုက်ရင် တော်တော်လေးကို သနားဖို့ကောင်းပြီး လူတော်တော်များများကလဲ သူ့ကို ဆိုရင် စွန့်ကြဲပေးကမ်းလေ့ရှိတယ်…

တစ်နေ့မှာ သူဟာ အိမ်လေးတစ်အိမ်ဆီကိုရောက်လာပြီး တောင်းရမ်းတယ်…

အိမ်ရှင်မက ငွေလိုချင်ရင် အိမ်ရှေ့က အုတ်ခဲတွေကို အိမ်နောက်ဖေးကို အရင်ပြောင်းပေးဖို့ သူ့ကို ပြောလိုက်တယ်…

သူတောင်းစားဟာ စိတ်တိုပြီး အိမ်ရှင်မကို “ကျနော် လက်တစ်ဖက်ပြတ်နေတာကို ခင်ဗျား မြင်ရက်သားနဲ့ ကျနော့ကို ဒီလို လုပ်ခိုင်းနေတာ ခင်ဗျားနောက်နေတာလား……?” လို့ ပြန်ပြောလိုက်တယ်။

မထင်မှတ်ထားတာက အိမ်ရှင်မဟာ အုတ်ပုံရှေ့မှာ ထိုင်ချလိုက်ပြီး လက်တစ်ဖက်တည်းနဲ့ အုတ်တုံးတစ်တုံးကို မ,ယူကာ အိမ်နောက်ဖေးကို သွားပို့ပြီး အိမ်ရှေ့ပြန်လာခဲ့တယ်…

ပြီးတော့ အိမ်ရှင်မက သူတောင်းစားကို “ငါတောင် လက်တစ်ဖက်တည်းနဲ့ ဒီအုတ်ခဲကို မ, နိုင်တာ… နင်လက်တစ်ဖက်တည်းနဲ့ မ, မ နိုင်ဘူးလား……?” လို့ ပြန်ပြောလိုက်တယ်……

သူတောင်းစားကလဲ ဘာမှပြန်ပြောစရာမရှိတော့ဘဲ ခေါင်းကို ငုံ့ပြီး အုတ်ခဲတွေကို လက်တစ်ဖက်တည်းနဲ့ ဖြည်းဖြည်းချင်း သယ်ရွှေ့ပေးလိုက်တယ်…

နှစ်နာရီ လုံးလုံး လုပ်ပြီး မှ အုတ်ခဲတွေ သယ်လို့ပြီး သွားတယ်… သူတောင်းစားခမျာမှာ ချွေးတွေရွှဲလို့ပေါ့…

အိမ်ရှင်မဟာ ချွေးတွေသုတ်ဖို့ သူ့ကို ပုဝါ အဖြူတစ်ထည်ကမ်းပေးလိုက်တယ်…

သူ့ရဲ့ မျက်နှာနဲ့ လည်ပင်းတွေကို သုတ်လိုက်တော့ ပုဝါ အဖြူ ဟာ အမည်းရောင်ပြောင်းသွားတယ်လေ… နောက်ထက် အိမ်ရှင်မဟာ သူ့ကို ငွေ ၂၀၀၀ ကျပ်ပေးလိုက်တယ်…

သူတောင်းစားက အိမ်ရှင်မကို ကျေးဇူးတင်ကြောင်း အကြိမ်ကြိမ် ပြန်ပြောလိုက်တယ်…

အိမ်ရှင်မက “ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး… ဒါဟာ မင်းရဲ့ချွေးနဲ့ သွေးနဲ့ကြိုးစားပြီးမှ ရလာခဲ့တဲ့ လုပ်အားခပါ…” လို့ ပြောတယ်…

သူတောင်းစားကလည်း အခိုက်အတန့်လေး အတွေးတစ်ခုဝင်လာပြီးနောက် “ကျနော် ခင်ဗျားကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူးဗျာ… ဒါပေမယ့် ကျနော် တစ်ခုလောက် တောင်းဆိုပါရစေ… ဒီ ပုဝါလေးကို ကျနော့် အတွက် အမှတ်တရလေးဖြစ်အောင် ပေးနိုင်မလားခင်ဗျာ…? ”

အိမ်ရှင်မက ” ရပါတယ်… ယူသွားပါ ” လို့ ပြောလိုက်တော့ သူတောင်းစားခမျာ ပုဝါလေးကိုကြည့်ပြီး ဝမ်းသာပီတိဖြစ်နေရှာတယ်…

နှစ်ပေါင်းများစွာ ကြာပြီး နောက်ပိုင်းမှာအဲဒီ သူတောင်းစားဟာ အ၀တ်အစား သပ်သပ်ရပ်ရပ် နဲ့ တစ်ချိန်က သူအုတ်ခဲသယ်ရွေ့ပေးခဲ့ရတဲ့ အဲဒီအိမ်ရှေ့ကို ပြန်ရောက်လာခဲ့တယ်…

အသက်ကြီးနေပြီဖြစ်တဲ့ အိမ်ရှင်မကြီးကို မြင်တော့…သူက“ကျနော် အရင်တုန်းက သူတောင်းစားပါ…အခုတော့ ကုမ္ပ္ပဏီ တစ်ခုရဲ့ ဥက္ကဌ ဖြစ်နေပါပြီ…

#ခင်ဗျားဟာ ကျနော့်ရဲ့ ပျောက်ဆုံးနေတဲ့ ဂုဏ်သိက္ခာကို ပြန်ရှာပေးခဲ့သူပါ…

#ကျနော့်ရဲ့ ယုံကြည်စိတ်ကို ပြန်လည် တည်ဆောက်ပေးခဲ့သူပါ…

#ခင်ဗျားသာ မရှိရင် ကျနော်ဟာ လေလွင့်နေဦးမှာ အမှန်ပါဘဲ…” လို့ ရင်ထဲက လှိုက်လှိုက်လှဲလှဲအသံလေးနဲ့ ပြောလိုက်မိတယ်…

အိမ်ရှင်မက “ဒါတွေ အားလုံးဟာ မင်းကိုယ်တိုင် တည်ဆောက်ခဲ့တာတွေပါဘဲ…မင်းဘဝကို မင်းကိုယ်တိုင် တန်ဖိုးရှိရှိရပ်တည်နိုင်ခဲ့လို့ အခုလို အခြေအနေဖြစ်လာတာပါ……” လို့ ပြောတယ်…။

အဲ့ဒီနောက်…လက်တစ်ဖက် ကုမ္ပ္ပဏီ ဥက္ကဌ ဟာ အိမ်ရှင်မကြီးကို အိမ်တစ်လုံး လက်ဆောင်ပေးဖို့ပြောတယ်… အိမ်ရှင်မကြီးက လက်မခံဘဲ ငြင်းပယ်လိုက်ပါတယ်…

ဥက္ကဌကြီးက ဘာကြောင့်ငြင်းပယ်လိုက်တယ်ဆိုတာကို နားမလည်နိုင်ဘူး… အိမ်ရှင်မက ရယ်ပြီး ပြောလိုက်တယ်…

“ငါတို့ မိသားစု အားလုံးဟာ လက်တစ်စုံဆီ ရှိကြတယ်လေ… ကိုယ့်ခြေထောက်ပေါ် ကိုယ်တိုင်ရပ်တည်ပြီး ဘဝတစ်ခုကို အဓိပ္ပာယ်ရှိရှိ တည်ဆောက်လို့ ရပါတယ်…

လူဆိုတာဟာ တန်ဖိုးရှိရှိ ရှင်သန်ဖို့ အရေးကြီးတယ်…

ကိုယ့်ကိုယ်ကို လေးစားသလို ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ ကိုယ်နဲ့သိတဲ့ လူတွေကိုလဲ ဂုဏ်သိက္ခာတက်လာအောင် လုပ်ပေးဖို့လိုတယ်… မသိတဲ့ လူတွေကိုလဲ လေးစားဖို့လိုတယ်…

ကိုယ်ကိုယ်တိုင်ကလည်း တပါးသူကို လေးစားတန်ဖိုးထားမှ တစ်ပါးသူကလည်း ကိုယ့်ကိုယ် ပြန်၍ လေးစားတန်ဖိုးထားလာမယ်။ ကိုယ့်ဘက်က မပေးဆပ်ဘဲ တစ်ပါးသူဆီက အရင်ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ကိုယ့်ရဲ့ အလုပ်ကနေ ပျော်ရွှင်ခြင်းဆိုတာကို ဖော်ထုတ်နိုင်မှလဲ ကိုယ့်ရဲ့ ဘ၀ဟာ တန်ဖိုးရှိလာမှာ ဖြစ်ပါတယ်…

ကိုယ်ကြိုက်နှစ်သက်တဲ့ အလုပ်ကို လုပ်တယ်… ငွေကြေးရရှိမှုက တခြားသူတွေလောက်မများပေမဲ့…

ပိုက်ဆံချမ်းသာပြီး ၀ိဥာဉ်ကင်းမဲ့နေတဲ့သူတွေထက်စာရင် ဘဝတစ်ခုကို ရှင်သန်ရတာဟာ ပေါ့ပေါ့ပါးပါးလေး အသက်ရှု ပြီး ပို၍ တန်ဖိုးရှိပါလိမ့်မယ်…”

Leave a Reply