နောင်လာနောက်သားတက်လူတွေကို သိက္ခာတရားအကြောင်း မီးမောင်းထိုးပြသွားတဲ့ ဆောင်းဦးလှိုင်c

တခေတ်တခါက ပြောင်မြောက်လွန်းလှတဲ့ အနုပညာဖန်တီးချက်တွေနဲ့အတူ နာမည်ကြီးကျော်ကြားခဲ့တဲ့ တေးရေး၊တေးဆို အနုပညာရှင်တစ်ဦးကတော့ ဆောင်းဦးလှိုင်ပဲဖြစ်ပါတယ်။

Pop သီချင်းလေးတွေနဲ့ လူမှုဘဝကိုပုံဖော်စေတဲ့ သီချင်းပုံစံအမျိုးမျိုးကိုရေးသားခဲ့တဲ့ ဆောင်းဦးလှိုင်ကတော့ ယခုနောက်ပိုင်းအနုပညာလှုပ်ရှားမှုတွေ သိပ်မရှိတော့ပေမယ့် ခေတ်ဆိုတဲ့ တေးသီချင်းလေးကို မိတ်ဆက်ပေးခဲ့ပါသေးတယ်။

ယနေ့ လူ့မှုပတ်ဝန်းကျင်မှာဖြစ်ပျက်နေကြတဲ့ ပုံစံလေးတွေကိုရေးသားထားတဲ့ ထိုခေတ်သီချင်းဟာလည်း ပရိသတ်တွေကျေနပ်အားရ အကြိုက်တွေ့ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပြန်ပါတယ်။

ယနေ့မှာလည်း ဆောင်းဦးလှိုင်ကတော့ မှတ်သားစရာစကားလေးတွေကို စီကုံးပြီး ရေးသားမျှဝေထားပါတယ်။ မလုံ့တလုံ ဝတ်စားဆင်ယင်နေကြတဲ့ ယနေ့ခေတ်ကြီးကို မီးမောင်းထိုးပြထားတဲ့ ဆောင်းဦးလှိုင်ရဲ့ အို နှမငယ်လေးကို ဖော်ပြပေးလိုက်ပါတယ်။

” အို နှမငယ်…”

မလုံ့တလုံဝတ်ပြလို့နာမယ်ကြီးမယ်ဆိုရင်တချို့က အကုန်ချွတ်ပြဖို့စဉ်းစားလာကြမယ် အပေါ်ပိုင်းဗလာကျင်းပြလို့လူကြိုက်များတယ်ဆိုရင် တချို့ကအောက်ပိုင်းဗလာကျင်းပြဖို့လုပ်လာမယ် အဲဒီက တဆင့်တက် တကိုယ်လုံးချွတ် ကိုယ်လုံးတီးပြဖို့ နောက်တော့

အရာရာအထင်အရှားပြဖို့ နောက်တော့ ??? နောက်တော့???? ပြစရာသင့်မှာကုန်ပြီ အရွယ်တွေလည်းရင့်လာပြီ…ဘယ်သူကမှစိတ်မဝင်စားတော့တဲ့အခါ ဘာဆက်လုပ်မှာတုန်း ???

နောင်တချိန် သင့်ကိုယ်လုံးတီးပုံတွေ သင့်သားသမီးမြေးမြစ်တွေက တွေ့ကြမြင်ကြတဲ့အခါ ဖွားဖွားကြီးအရွယ်ပေါ့ သိက္ခာဆိုတာမရှိတော့ရင် ရင်နာရမှာ သင်ကိုယ်တိုင်ပါ…နောင်လာနောက်သား တက်လူအားလုံးအတွက် ဆောင်းဦးလှိုင် ၂.၁၂.၂၀၁၈

ဆောင်းဦးလှိုင်ရဲ့ စကားလုံးတွေကတော့ တကယ်ကိုအနှစ်သာရပြည့်ဝလွန်းလှပြီး ယနေ့ခေတ်အောင်မြင်ချင်တဲ့လူငယ်တွအတွက်တော့ မှတ်သားလိုက်နာစရာလေးတစ်ခုပါပဲနော်။We Love Cele

Photos-Song Oo Hlaing

Leave a Reply