ကြိုးစားရင်းနဲ့ ရှုံးနိမ့်လာတဲ့အခါ စိတ်မပျက်ပါနဲ့

စိတ်မပျက်ပါနဲ့

ကြိုးစားရင်းနဲ့ ရှုံးနိမ့်လာတဲ့အခါ စိတ်မပျက်ပါနဲ့

ပေးဆပ်ရင်းနဲ့ နာကျင်လာတဲ့အခါစိတ်မပျက်ပါနဲ့

နားလည်ပေးရင်းနဲ့ မျက်နှာလွှဲခံရတဲ့အခါစိတ်မပျက်ပါနဲ့

ကြံ့ကြံ့ခံရင်ဆိုင်ရင်း လဲပြိုလာတဲ့အခါစိတ်မပျက်ပါနဲ့

အလျှော့ပေးရင်း သိမ်ငယ်လာတဲ့အခါစိတ်မပျက်ပါနဲ့..

ဘဝစစ်စစ်ဆိုတာ အမြဲတမ်းဖြစ်ချင်တာတွေမဖြစ်နိုင်ပေမယ့် ကြိုးစားအားထုတ်နေသူတွေအတွက်မကောင်းတဲ့ အဆုံးသတ် ဆိုတာလဲမရှိပါဘူး

“နောက်ထပ်အခွင့်အရေး”ဆိုတာတွေဟာ ကံတရားကပေးတဲ့ လက်ဆောင်ပဲ မဟုတ်ပါလား

ကိုယ်လုပ်နိုင်တဲ့ ကိုယ့်စွမ်းအင်တွေကို လျှော့ချ လိုက်မှသာ တကယ်စိတ်ပျက်စရာကောင်းတဲ့ ဘဝကိုဖြစ်စေမှာပါ

ကိုယ်ကကောင်းတာလုပ်ပြီး စိတ်ပျက်စရာတွေချည်းပဲ ကြုံလာရလို့စိတ်ဆင်းရဲမနေပါနဲ့ အချိန်ကာလတစ်ခု ရောက်လာတဲ့အခါကိုယ့်စိတ်ရဲ့ဆန္ဒတွေအတိုင်း အကျိုးပေးလာပါလိမ့်မယ်.

စိတ်ပျက်တိုင်းသာ အရှုံးပေးနေပါကအဘယ်မှာ ဘဝစစ်ရှိမည်နည်း ” လို့ပဲစိတ်ပျက်နေသူများအတွက်အားပေးစကားလေး ပြောလိုက်ပါရစေ

#ဓမ္မအလင်းရောင်

Credit-Thi Ha🇲🇲

Leave a Reply