မိန်းမ တစ်ယောက်ဟာ ပညာတတ်ထားဖို့ ဗဟုသုတကြွယ်ဝဖို့ယောကျာ်းသားတွေထက် ပိုပြီးလိုအပ်ပါတယ် ။ ( ဦးဘုန်း-ဓာတု)

အခုခေတ်လူငယ် မိန်းကလေးတော်တော်များများဟာ အရည်အချင်းရှိဖို့ထက် အပေါ်ယံအလှအပကိုဘဲ

ဦးစားပေးတာ များနေပါတယ်။

အရည်အချင်းရှိတဲ့ မိန်းမတစ်ယောက်လှတာနဲ့ အရည်အချင်းမရှိတဲ့ မိန်းမတစ်ယောက်လှတာဟာ

အလှချင်းတူနိုင်ပေမယ့် တန်ဖိုးထားခံရမှုချင်းတော့ ကွာပါလိမ့်မယ် ။

မိန်းမတွေရဲ့အလှအပဟာ မထိန်းသိမ်းတတ်ရင် ကြီးမားတဲ့အသက်အန္တရာယ် ကိုတောင် ယူဆောင်လာတတ်ပါတယ် ။

အထူးသဖြင့် ခုခေတ် ကျွန်မတို့မိန်းမသားတွေဟာ အသိပညာဗဟုသုတ ကြွယ်ဝဖို့ အလွန်လို အပ်ပါတယ် ။

”ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက် ဖက်ပေါ်ဆူးကျလည်းဖက်ပေါက်”တဲ့အတွက် ကြောင့် ကျွန်မတို့ဟာ အသိပညာနဲ့ဘဲ

ကိုယ့်ဘဝအတွက် လက်တွဲဖော် ခင်ပွန်းကောင်းကို မှန်ကန်စွာ ရွေးခြယ်ဆုံးဖြတ်နိုင်မှာပါ ။

ထက်မြက်တဲ့ ယောကျာ်းကောင်းတွေဟာလည်း ဘဝအတွက် တိုင်ပင်ဖော် တိုင်ပင်ဖက် အရည်အချင်းရှိတဲ့ မိန်းကလေးကိုဘဲ

ချစ်ဇနီးအဖြစ် ရွေးချယ်ချင်မယ် ထင်ပါတယ် ။

ဒါကြောင့် ကျွန်မတို့ မိန်းကလေးတွေ အနေနဲ့ အလှအပဘက်ကို တော်သင့်ရုံဘဲ ဦးစားပေးတာ ကောင်းပါတယ် ။

ကျွန်မဆိုလိုချင်တာက မိန်းကလေးတွေ အလှမပြင်ရဘူးလို့ ပြောချင်တာ မဟုတ်ပါဘူး ။ မိန်းကလေးတွေ အလှပြင်သင့် ပါတယ် ။

အလှပြင်ရပါမယ် ကျွန်မလည်း မိန်းမတစ်ယောက် ဖြစ်တဲ့အတွက် အလှပြင်တာပါဘဲ ။

ဒါပေမဲ့ အလှအပထက် ကိုယ့်ဘဝအတွက် တကယ်အားကိုးရမယ့် ပညာအရည်အချင်းကို ပိုဦးစားပေးချင်တာပါ ။

အလှအပ ဟာ ငယ်ရွယ်စဉ်အခါမှာဘဲ နုပျိုလှပနေမှာပါ ။ မိမိအသက်အရွယ်ကြီးရင့် လာတဲ့အခါမှာ ယိုယွင်းပျက်စီးသွားမှာပါ ။

အဲဒီအခါ ကျွန်မတို့ငယ်ရွယ်စဉ်ကဆည်းပူးထား ခဲ့တဲ့ ပညာဗဟုသုတတွေကဘဲ ကိုယ့်ကိုတဖန် စောင့်ရှောက်နိုင်မှာပါ။

အလှအပ ဆိုတာ မိန်းမတွေအတွက် အလွန်တန်ဖိုးကြီးတဲ့ပိုင်ဆိုင်မှု ပစ္စည်းတစ်ခုဖြစ် သလို မထိန်းသိမ်းတတ်ရင်

အန္တရာယ်ကို လက်ယက်ခေါ်နေတဲ့ အလွန် ကြောက်စရာကောင်းတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်

ဦးဘုန်း-ဓာတု

Leave a Reply