အ​မေ​ပြောဖူးတဲ့ ​ခွေး​သေပုတ်​ကို ​ခြေ​ထောက်​နဲ့မကန်​မိ​စေနဲ့ စကား​လေးပါ🍀

တစ်​ခုခုဆို ဆတ်​ဆတ်​ထိမခံတတ်​တဲ့အကျင့်​ ကျွန်​မမှာရှိခဲ့တယ်​ 🍀

ကိုယ်​မှန်​တယ်​ထင်​ရင်​​​ပြောဆိုရဲသလို မှားတယ်​ထင်​ရင်​လည်း​တောင်းပန်​ရဲတာ ကျွန်​မအကျင့်​🍀

ကိုယ်​မှန်​လို့​ပြောပြီဆိုရင်​ ဘယ်​သူ့မျက်​နှာမှမကြည့်​တတ်​ခဲ့ဘူး အရိုင်းစိုင်း​တစ်​​ယောက်​လိုပဲ ဖြစ်​ခဲ့ဘူးတယ်​🍀

မဟုတ်​မခံတဲ့ အာ့စိတ်​​လေးကိုမသိစိတ်​က သ​ဘောကျမိ​လေ ကျွန်​မစိတ်​​မောက်​မာလာ​လေပဲ🍀

သွားမလုပ်​နဲ့ သူကဆတ်​ဆတ်​ကြဲစိတ်​လည်းကြီးတယ်​ မဟုတ်​မခံပြန်​​ပြောတတ်​တယ်​တဲ့ သူ​တွေတို့အ​ပြောမှာ ကျွန်​မကို ကျွန်​မအဟုတ်​ကြီးမှတ်​ခဲ့ဘူးတယ်​🍀

မဟုတ်​တဲ့ကိစ္စတစ်​ခုကို ရှင်းရမှစိတ်​​ကျေနပ်​တာ ကျွန်​မအကျင့်​ဆိုးကြီးလိုဖြစ်​​နေခဲ့တာ🍀

တစ်​​နေ့အ​မေနဲ့အပြင်သွား​တော့ လမ်း​ဘေးအမှိုက်​ပုံတစ်​ခုမှာ ​ခွေး​သေပုတ်​​ကောင်​ကြီးအနံတ​ထောင်း​ထောင်း
မြင်​​တွေ့ရတာစိတ်​ပျက်​စရာပါ🍀

ကျွန်​မ နှာ​ခေါင်းရှုံ့ လက်​နဲ့ကာလို့ မျက်​နှာမဲ့သွားတာ အ​မေမြင်​​တော့ အ​မေက​ပြောတယ်​ သမီး ​ခွေး​သေပုတ်​ကို​ခြေ​ထောက်​နဲ့ကန်​ရဲလားတဲ့🍀

ကန်​စရာလား အ​မေရယ်​ ဒီ​လောက်​ပုတ်​​စော်​နံ​နေတဲ့ဟာကို ဆို​တော့အ​မေကပြုံးတယ်​🍀

ဟုတ်​တာ​ပေါ့ သမီးရဲ့ ကိုယ်​မှန်​သည်​ဖြစ်​​စေမှားသည်​ဖြစ်​​စေ သူတစ်​ပါး​ပြောတဲ့စကား ကိုယ့်​​ကောင်းကျိုးပါလား​တွေးစဉ်းစားတဲ့🍀

မဟုတ်​တာ ​ပြောတယ်​ ကိုယ်​ကအာ့လူနဲ့ဘက်​ဖြစ်​​တော့ ဘာပြန်​ရလဲတဲ့ ကျွန်​မ နှုတ်​ဆိတ်​​နေမိတယ်​ အ​မေ့ရဲ့​မေးခွန်း​ကြောင့်​🍀

တစ်​ဖက်​လူကဆဲတယ်​ ရိုင်းတယ်​ ကိုယ့်​လည်းပါးစပ်​ပါတယ်​ပြန်​​ပြောလို့ရတာပဲ ဒါ​ပေမယ့်​ မတူဘူးတဲ့ အရိုင်းအစိုင်းနဲ့ဘက်​ဖြစ်​ရင်
ကိုယ်​လည်းသူနဲ့အဆင့်​တူတူပဲဖြစ်​သွား​ရောတဲ့🍀

ဟုတ်​ပါတယ်​ ကျွန်​မ ​မေ့​နေခဲ့တာ ကျွန်​မ​ရှေ့မှာမဟုတ်​မခံ​ပြော​တဲ့လူတစ်​ချို့ကလည်း ကျွန်​မ​နောက်​ကွယ်​အရိုင်းစိုင်း​လေးလို့်​ ​ပြောနိုင်​သားပဲ🍀

ကိုယ်​မဟုတ်​တဲ့ကိစ္စအတွက်​ ​လေကုန်​ခံ​ပြောမ​နေ​တော့ဘူး အာ့အတွက်​ ကိုယ်​လည်း​ဒေါသမဖြစ်​ရသလို မထွက်​ရ​တော့ဘူး🍀

ကိုယ်​အနည်းဆုံး​တော့အမှားကင်းလာတယ်
လျစ်​လျူရှု တတ်​တာတစ်​ခုက အကျင့်​ဖြစ်​လာတယ်
လူကြီးလူငယ်​ဖြစ်​ဖြစ်​ သူရိုင်းရင်​သူ့အကုသိုလ်​နဲ့သူသွားလိမ့်​မယ်​🍀

ဘာဆိုဘာမှမ​ပြော​နေ​တော့ဘူး ​ခွေး​ဟောင်​တိုင်းသာ လိုက်​ကြည့်​ရင်​​နေစရာ​နေရာမရှိ​တော့သလို​ပေါ့🍀

အာ့​နောက်​ပိုင်း ​ခွေး​သေပုတ်​ကိုလည်း ​ခြေ​ထောက်​အ​ပေခံပြီးမကန်​​တော့သလို အရာအားလုံး လျစ်​လျူရှုတတ်​​အောင်​​​နေတတ်​ခဲ့တယ်​🍀

Credit#Juu(ဂျူး) depression

💥ကြိုက်လို့ကို ပြန်တင်သည်။
ဘယ်နှစ်ခါတောင် ခွေးသေပုတ်ကောင်ကို
ကန်ခဲ့မိလဲမသိဘူး။

Leave a Reply