စိတ်ဓာတ်မကျခင် ဒီ ၅ ချက် သိထားပါ

စိတ်ဓာတ်တွေ မကြာခဏ ကျတဲ့သူတွေရှိလား ?
မလုပ်ချင်တာတွေ စိတ်မပါ လက်မပါ လုပ်နေရလို့ စိတ်ဓာတ် မတက်ကြွ ဖြစ်နေသူတွေရောရှိလား ?

….
ဒီစာစောင်လေးမှာ စာဖတ်မိတ်ဆွေ အများစု ကြုံနေရတဲ့ စိတ်ဓာတ်ကျခြင်းနဲ့ ကြုံလာရင် ဘယ်လို ပြန်လည်တုံ့ပြန်ရမယ်ဆိုတဲ့ အချက်ကလေးတွေ တင်ပြပေးထားပါတယ်။
ဒီ အချက်တွေကို Motivation Upsize သင်တန်း ကနေ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါတယ်။
သင်တန်းအသေးစိတ်ကို ဒီမှာကြည့်ပါ >>>> https://goo.gl/bfvWo2

လူတွေအများစု ကြုံရတဲ့ ပြဿနာက မကြာခဏဆိုသလို စိတ်ဓာတ်ကျတာပါ။

အလုပ်တခုခုကို ပြီးမြောက်အောင်မြင်အောင် မလုပ်ရသေးဘူး၊ အခက်အခဲနဲ့ ရှုံးနိမ့်မှုတွေနဲ့ ကြုံလာရင် စိတ်ဓာတ်ရိုက်ချိုးခံလိုက်ရသလိုဖြစ်ပြီး ဆက်လက်ကြိုးစားချင်စိတ် ပျောက်သွားပါတယ်။ ဒါကို စိတ်ဓာတ်ကျတယ်လို့ သုံးကြပါတယ်။ အများစြုေ ပာကြတာကတော့ “ကျွန်တော်တော့ စိတ်ဓာတ်ကျရင် ဘာမှကို မလုပ်ချင်တော့ဘူး” ဆိုတာပါ။

မှန်ပါတယ်။ လူတိုင်းလိုလို စိတ်ဓာတ်ကျနေရင် လုပ်ချင်ကိုင်ချင်စိတ် ပျောက်ဆုံးပါတယ်။ ဒါပေမယ့်…ဘယ်လို လုပ်မလဲဗျာ။
ကျွန်တော်တို့က တာဝန်ကိုယ်စီယူပြီး ထမ်းဆောင်နေရတဲ့ လူတွေပဲ၊ စိတ်ဓာတ်ကျလို့ ဘာမှမလုပ်ဘူးဆိုရင် ကျွန်တော်တို့ကို မှီခို အားကိုးနေရတဲ့ မိသားစုဝင်တွေ၊ မိဘ ဆွေမျိုးတွေ၊ လက်အောက်ငယ်သားတွေ ဘယ်လိုဖြစ်မလဲ။ သူတို့တွေအတွက် ကျွန်တော်တို့ စိတ်ဓာတ်တွေ ပြန်လည်တင်းဖို့ လိုပါတယ်။

အရေးကြီးဆုံးဖြစ်တဲ့…ကျွန်တော်တို့ ရည်မှန်းချက်အတွက်ပါ ပေါ့….

ဒီတော့ ဘာလုပ်ကြမလဲ… လုပ်ရမယ့် အဆင့်လေးတွေ သေချာ ရေးသားပေးလိုက်ပါတယ်..
၁။ ရည်မှန်းချက် ပြန်ထားပါ

လူအတော်များများမှာ ရည်မှန်းချက် ပျောက်နေတာများပါတယ်။ ငါ တချိန်ချိန်မှာ ဘာဖြစ်ရမယ်၊ ဘာပိုင်ရမယ် စတဲ့ အတွေးတွေတော့ ရှိတတ်ကြပါတယ်။ ဒီ စိတ်ကူးယဉ်အတွေးနဲ့ ရည်မှန်းချက်ဟာ အင်မတန် ကွာပါတယ်။ “လေထဲမှာ တိုက်အိမ် မဆောက်နဲ့” လို့ ပြောကြပါတယ်။ မှန်ပါတယ်။ ဆောက်ချင်းဆောက် အပြင်မှာ ဆောက်ပါ။ ဒါမှ လေထဲမှာပဲ မနေရဘဲ တကယ့်တိုက်ပေါ်မှာ နေရမှာပေါ့။

စိတ်ကူးယဉ်အတွေးမှာ တိတိကျကျမရှိပါဘူး။ သူများတွေကို အားကျလို့၊ အမှတ်မထင် အတွေးလေး ဝင်လာလို့ ဖြစ်ပေါ်လာတဲ့ ဖြစ်ချင်စိတ်လေးပါ။ ခဏကြာရင် ပြန်ပျောက်သွားပါတယ်။ မေ့မေ့ပျောက်ပျောက်ရှိလောက်တော့မှ ပြန်စဉ်းစားမိပါမယ်။ အဲ့အချိန်မှာ နောက် ၁ နှစ်ကုန်ရင်လည်း ကုန်သွားပါမယ်။

ရည်မှန်းချက်ဟာ တိကျပါတယ်။ ဘယ်ဆီနေမှန်းမသိတဲ့ တချိန်ချိန်ကို တမ်းတမနေပါဘူး။ နှစ်အကန့်အသက် (ရက်အကန့်အသက်) ရှိပါတယ်။ ငါ အသက် ၃၅ အရွယ်မှာ ငွေ သိန်းတစ်သောင်း ပိုင်ဆိုင်နိုင်ရမယ်။ အသက် ၈၀ အရွယ်ထိ ၃၅ နှစ် လူငယ်လို ဖျတ်ဖျတ်လက်လက် တက်တက်ကြွကြွ ရှိနေရမယ်။ အသက် ၄၀ မှာ သိန်း တစ်ထောင်တန် အလှူကြီးတခု လုပ်နိုင်ရမယ် စသဖြင့်ပေါ့။ ကျွန်တော့် ကျောင်းသားတွေရဲ့ ရည်မှန်းချက်တွေက ပိုတောင် ကြီးပါသေးတယ်။ အချို့ဆို မြန်မာပြည်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းထဲကို ၁၀ နှစ်အတွင်း ပါရမယ်၊ မြို့မှာ လူငယ်ပညာပေးကျောင်းတွေ ၁၀ နှစ်အတွင်း ဆောက်မယ် လို့ ရည်မှန်းချက်ထားကြပါတယ်။
၂။ ခိုင်မာတဲ့ အကြောင်းပြချက်ရှိပါစေ

ဒီ ရည်မှန်းချက်တွေကို နောက်က ကျားကန် ထောက်ပံ့ပေးဖို့ အကြောင်းအချက်တွေလိုပါတယ်။ ဘယ်အကြောင်းအချက်ကြောင့် ဒီရည်မှန်းချက်လုပ်ချင်တာလဲ၊ ဘယ်လို အကျိုးတွေရှိလို့ ဒီရည်မှန်းချက်ဟာ အောင်ကိုအောင်မြင်ရမှာလဲ ဆိုတာ သိဖို့လိုပါတယ်။ မသိရင် အခုသိအောင် လုပ်ရပါမယ်။

လှကို လှော်သာလှော်ပြီး ဘာ့ကြောင့်လှော်နေမှန်းမသိရင် ကန်လယ်ရောက်တော့မှ မလှော်ဖြစ်တော့ဘဲ ထိုင်စဉ်းစားနေမိပါလိမ့်မယ်။ အချိန်တွေကုန်သွားပါမယ်။ အစကတည်းက ဘာ့ကြောင့် လှော်တယ်ဆိုတာ သိပါ။ အားကစားတစ်ခုအနေနဲ့လား အတွက်လား၊ ပြိုင်ပွဲဝင်ဖို့အတွက်လား၊ ငါးဖမ်းဖို့လား စသဖြင့် ကိုယ့်ကိုယ်ကို အရင်ဆုံး ရှင်းလင်းအောင်မေးပါ။

ဒါကို ရှင်းရှင်းလင်းလင်းသိထားရင် ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို အားကြိုးမာန်တက် မရပ်မနား လှော်ဖြစ်မှာပါ။ စိတ်ဓာတ်တွေကျလာရင် ဒီ အကြောင်းအချက်တွေဟာ အင်မတန် အထောက်အကူ ပေးပါလိ့မ်မယ်။ ကိုယ့်အတွက် စိတ်ဓာတ်အင်အားတွေ တဖန် မွေးဖွားပေးပါလိမ့်မယ်။
၃။ ခွန်အားဖြည့်စာများ ဖတ်ပါ

ကျွန်တော် အကြိုက်ဆုံး နောက်တခုကတော့ စိတ်ခွန်အား တက်ကြွစေမယ့် စကားစုလေးတွေကို စုစည်းထားခြင်းပါပဲ။ ကိုယ် အကြိုက်အနှစ်သက်ဆုံး စာစုတွေကို ကိုယ်အလွယ်တကူမြင်နိုင်တဲ့ နေရာတွေမှာ စုစည်း ရေးသားထားပါ။ ကျွန်တော်ကတော့ ဖုန်းမှာနဲ့ Computer Screen မှာ ရေးသားဖြစ်ပါတယ်။ တိုက်ဆိုင်တဲ့ မြင်နေရတဲ့ အတွက် အားတခုဖြစ်စေပါတယ်။

ကျွန်တော့် ကျောင်းသားတွေကိုလည်း ဒီလို လုပ်ဖို့ သင်ကြားပေးပါတယ်။ အခြား နည်းလမ်းကောင်းများစွာကိုလည်း ကျင့်သုံးခိုင်းပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် စိတ်ဓာတ်ကျမှု နည်းပါးလာပါမယ်။ စိတ်ဓာတ်ခွန်အား စာစောင်လေးတွေလည်း ရှာဖွေဖတ်ရှုလို့ရပါတယ်။

ကျွန်တော့် SuccessUpsize.com မှာ စာဖတ်မိတ်ဆွေတို့အတွက် စိတ်ခွန်အား ရသ စာပေများ အပတ်စဉ် ရေးသားဖော်ပြပေးနေပါတယ်။ အပတ်စဉ် စာစောင် လွတ်သွားမှာစိုးရင် ဒီ Page ကို See First လုပ်ရင်ပဲဖြစ်ဖြစ်၊ အောက်က Link ကို နှိပ်ပြီး Member ဝင်ထားရင်ပဲဖြစ်ဖြစ်ရပါတယ်။

https://goo.gl/GEjJJa
၎။ စိတ်ဓါတ်တက်ကြွမှုဟာ ကြွက်သားပါ

မိတ်ဆွေ ဒိုက် အချက် ၅၀ မရပ်မနား ထိုးနိုင်ပါသလား ?

၉၅% သော သူတွေ မထိုးနိုင်ပါဘူး။ ဒါဆို ၁ ချက်ရော ထိုးနိုင်လား။ ၉၅% သော သူအကုန်ထိုးနိုင်ပါတယ်။ စိတ်ဓာတ် တက်ကြွဖို့ ကြိုးစားရင် ကိုယ့်အခြေအနေကိုယ်သိပါ။ ကိုယ်ဟာ ဒိုက်အချက် ၅၀ ထိုးနိုင်သူလား၊ ၁ ချက်ပဲ ထိုးနိုင်သူလား။ သူများတွေ ဒိုက်အချက် ၅၀ ထိုးနိုင်တာကိုကြည့်ပြီး စိတ်ဓာတ်ကျနေရင် ကျွန်တော်တို့လောက် မိုက်တဲ့သူ ရှိမှာ မဟုတ်ပါဘူး။ ကိုယ်ထိုးနိုင်တဲ့ ဒိုက် ၁ချက်ကို အရင်ထိုးလိုက်ပါ။ နောက်ထပ် ၄၉ ချက်ပဲ ကျန်တော့မှာပါ။

ဒီ ၁ချက် ထိုးလိုက်ခြင်းဟာ အကျိုး ၃ခု ရစေပါတယ်။ ပထမ အကျိုးကတော့ ပျော်ရွှင်ခြင်းပါ။ ငါ ဒိုက် ၁ချက်တော့ အောင်မြင်တယ်ဆိုတဲ့ ရလာဒ်ကို ပျော်ရတဲ့ အကျိုးပါ။ ဒီအကျိုးက ဆက်ပြီး နောက်တချက်များ ရနိုင်မလားလို့ ဆက်လုပ်ချင်စိတ်ပေါ်ပါမယ်။ ဒါ ဒုတိယ အကျိုးပါ။ တတိယ အကျိုးကတော့ ဒီလို ထိုးလိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်ကြွက်သား အလုပ်လုပ်ဖြစ်ပါတယ်။ အလုပ်လုပ်ဖြစ်တဲ့အတွက် ပိုသန်မာသွားပါတယ်။

ဒီတော့ ပထမရက်မှာ ၁ချက်ပဲထိုးနိုင်ပေမယ့်၊ နေ့စဉ် ထိုးလာရင် ၃ရက်မြောက်နေ့မှာ ၂ ချက်ဖြစ်လာပါမယ်။ ၂ပတ်ကြာရင် ၅ ချက်ဖြစ်လာပါမယ်။ အံ့စရာ မကောင်းဘူးလား၊ မလုပ်နိုင်ဘူးထင်ထားတဲ့ ၁ချက်ကနေ ၂ပတ်လေးကြာသွားတာနဲ့ ၅ ချက်တောင်ရတယ်။ သင်္ချာနည်းနဲ့ တွက်မယ်ဆိုရင် ရှိပြီးသား တန်ဖိုးကနေ ၅ ဆ တက်တာပါ။ တနည်းအားဖြင့် ၅၀၀% ထိုးတက်သွားတာပါ။ ဒီ ၅ ဆ တက်တဲ့နှုန်းအတိုင်းသာ ဆက်သွားရင် ဘယ်နှစ်ပတ်လောက်ဆို မိတ်ဆွေ ဒိုက် အချက် ၅၀ ထိုးနိုင်မလဲ။

စိတ်ဓာတ်တက်ကြွမှုကို ကြွက်သား တခုလို မြင်ပေးပါ။ ကိုယ် စိတ်ဓာတ်အရမ်းမတက်တောင် တက်တဲ့စိတ်ဓာတ်နဲ့ အရင်ကြိုးစားပါ။ လုပ်ပါ။ လုပ်တဲ့အကျိုးနဲ့ စိတ်ဓာတ်ထက်ပြီး တက်ကြွပါမယ်၊ ထပ်လုပ်ဖြစ်ပါမယ်။ ဒီအတိုင်း လုပ်လာရင် အခုနက ပြောတဲ့ ၅ဆ နှုန်းနဲ့ မြန်နှုန်းမြင့် စိတ်ဓာတ်ဖြစ်သွားပါမယ်။
၅။ စိတ်ဓါတ်တက်ကြွမှု အဆင့် ၃ ဆင့်ကို သင်ယူလေ့လာပါ

စိတ်ဓာတ်တက်ကြွမှုမှာမှ အဆင့် ၃ ဆင့်ရှိပါတယ်။ ကောက်ရိုးမီးအဆင့်၊ လောင်စာဆီ အဆင့်နဲ့ မီးတောင် အဆင့် တွေပါ။
လူအများစုဟာ ကောက်ရိုးမီး စိတ်ဓာတ်နဲ့ပဲ ရပ်သွားတာများပါတယ်။ ဆက်လက် တောက်လောင်နေဖို့၊ အလျှံငြီးငြီးနဲ့ ထွန်းတောက်နေဖို့ မလုပ်နိုင်ကြပါဘူး။ ဒီအဆင့်တွေကို သေသေချာချာ နားလည်ပြီး ဒီ့ထက် တိုးတက်သွားအောင် ကျင့်သုံးသွားဖို့လိုပါတယ်။

စိတ်ဓာတ်တွေ ပိုမိုတိုးတက်ချင်သူတွေအတွက် မိတ်ဆွေကောင်းတွေ၊ ဆရာကောင်းတွေ၊ ပတ်ဝန်းကျင်ကောင်းတွေ လိုပါတယ်။ ကိုယ့်လို စိတ်ဓာတ်ကျနေသူတွေပဲ စုနေရင် ကိုယ် စိတ်ဓာတ်တက်ကြွဖို့ ခက်ခဲပါတယ်၊ ကိုယ့်ကို လက်ရှိ အဆင့်ထက် ဘယ်လို ပိုမိုတိုးတက်အောင် သင်ပြနိုင်မယ့် ဆရာမရှိရင်လည်း ဆက်လက်တိုးတက်ဖို့ ကြန့်ကြာတတ်ပါတယ်။

ကိုသူရ
(Saving The Minds)
Founder of SuccessUpsize.com

Leave a Reply