လူတစ်ယောက်ဟာ ကံညံ့တော့မယ်ဆိုရင် ဒါတွေ ဖြစ်လာပါပြီ

လူတစ်ယောက်ဟာ ကံညံ့တော့မယ်ဆိုရင်

၁။ အရင်ကထက်ပိုပြီး ဒေါသ၊ လောဘ၊ မောဟပိုကြီးလာ တတ်တယ်ပါတယ် ။

အရင်ကထက် ထစ်ခနဲရှိစိတ်တိုနေပြီဆို … သတိထားဗျ ..ကံညံ့တော့မယ်လို့ပြတာပဲ…

၂။ မကောင်းတဲ့ကိစ္စရပ်တွေကို ကောင်းတယ်လို့မြင်လာ တတ်တယ်…

ဥပမာဗျာ ..အရင်ကအရက်သိပ်မသောက်ဖြစ်ဘူးဆိုပါတော့…ကံညံ့တော့မယ်ဆို ..အကြောင်းပြချက်မရှိ အရက်ခဏခဏ သောက်ဖြစ်တာမျိုး…

မကောင်းတဲ့ မိုက်တဲ့ သူငယ်ချင်းတွေကို သူငယ်ချင်းကောင်းလို့ ထင်လာတာမျိုးပေါ့

၃။ ဆိုဆုံးမတဲ့စကားတွေကို နာခံဖို့ ခက်ခဲလာတတ်တယ်… လူကြီးမိဘတွေက ဆုံးမရင်မနာခံဘဲ ထင်ရာလုပ်နေမိတတ်ပါတယ်။

၎။ အပျော်အပါးပိုမက်လာတယ်…အရင်ကအပျော်အပါးကို ကြုံမှလုပ်တတ်ပေမဲ့ ကံညံ့တော့မယ်ဆို အပျော်ဘက်ကို အချိန်ပိုပေးလာတတ်တယ်…

၅။ မွေးလရောက်ခါနီးတိုင်း အပြောင်းအလဲ တစ်စုံတစ်ရာကြုံ တယ်…ဆိုပါတော့ဗျ …ပြဿနာ တက်တာမျိုး ၊

အစွပ်အစွဲခံရတာမျိုး ၊accident အသေးလေးဖြစ်တတ်တာမျိုးတွေ ကြုံရတတ်တယ်..

၆။ ဒါကတော့ ကြိုသတိပေးတာပါ… အိမ်မက်ထဲမှာ နိမိတ်ပြတာမျိုးနဲ့ လာပြီးဆောင်ရန်ဆောင်ရန် ပြောတာမျိုးပါ။

ဒါကတော့ ကုသိုလ်များသူနဲ့ ပဋ္ဌာန်းဆက်ရှိသူတွေရဲ့ အကူအညီကြောင့် သိရတာပေါ့ဗျာ …..

Credit

Leave a Reply