အမျိုးသမီးတိုင်း သိထားသင့်တဲ့ ကြောက်စရာကောင်းတဲ့ မိန်းမတစ်ယောက်ရဲ့ အကုသိုလ်ကံ

အဲဒီမိန်းမတစ်ယောက်ဟာ…ကိုယ့်အပေါ် သစ္စာမရှိ…တန်ဖိုးမထား…ကိုယ့်အပြင် အခြား အခြားသော မိန်းမတကာ မိန်းမတွေကို လစ်ရင်တွယ်…

ချောင်ရင်နှိုက်…ဖောက်ပြန်တတ်တဲ့ ယောကျာ်းကို ရထားပြီဆိုရင်တော့…အဲဒါ….ထူးဆန်းနေပြီ…

ကျွန်မငယ်ရွယ်စဉ် စိတ်ဓာတ်မရင့်ကျက်ခင်ကာလတွေ…

တရားတွေ ကို နားနဲ့ပဲနာခဲ့ပြီး နှလုံးသားနဲ့ မနာတတ်ခင်ကာလတွေတုန်းက…

ယောကျာ်းတစ်ယောက် ကိုယ့်ကို ဖောက်ပြန်တာ ခံရပြီဆို..

ပထမဦးဆုံး…သူ့ကိုဒေါသထွက်တယ်

ဒုတိယ… ကိုယ့်ကိုကိုယ် ဒေါသထွက်တယ်

တတိယ…သူနဲ့ဖောက်ပြန်တဲ့ မိန်းမကို ဒေါသထွက်တယ်

အခုတော့…အဲလို (၃) မျိုးသော ဒေါသတွေ မရှိတော့ဘူး..

ဖောက်ပြန်တတ်တဲ့ ယောကျာ်းဟာ…

ကိုယ်နဲ့တွေ့ပြီးမှ ဖောက်ပြန်တာ မဟုတ်ပါဘူး…

သူ့ရဲ့ မွေးရာပါ အငုံ့စိတ်ကိုက သူ့အသွေးအသား အတွေးထဲမှာ ပါလာခဲ့ပြီးသားပါ…အခွင့်အရေး မကြုံလို့သာ…သူလုပ်ခွင့်မရခဲ့တာပါ…

ဒါကြောင့်…ကိုယ်နဲ့မယူခင် Single ဘဝမှာ ဖောက်ပြန်တတ်တဲ့ ယောကျာ်းကို ကိုယ်နဲ့ယူပြီးမှ ငြိမ်မယ် မထင်လိုက်ပါနဲ့

ကိုယ်နဲ့လက်ထပ်ပြီးမှ ဖောက်ပြန်တဲ့ ယောကျာ်းကို သူနဲ့ ကလေးရလိုက်ရင် ငြိမ်သွားမယ် မထင်လိုက်ပါနဲ့

ကိုယ်သာ…တစ်ခုလတ် ကလေးအမေ ဘဝတွေ ရောက်သွားမယ်…သူတို့ကတော့ ခြံခုန်ကောင်းနေတုန်းပါပဲ..

မိန်းမတစ်ယောက် ဘဝမှာ…အကုသိုလ်ကံ သိပ်ကြီးလွန်းနေရင်လည်း…

အကျင့်စာရိတ္တ မကောင်း ၊ မိန်းမတွေနဲ့ ပွေလီဖောက်ပြားတတ်တဲ့ ယောကျာ်းမျိုး ၊ဆိုးသွမ်းနေတဲ့ ယောကျာ်း မျိုး ဖြစ်နေလည်း တွေ့နေရလည်း အဲဒီမိန်းမစိတ်ထဲ ၊အတွေးထဲ ၊အသိစိတ်ထဲမှာ…

ဒီယောကျာ်းဟာ ငါတစ်နေ့မှာ ပြောင်းလဲလုပ်ယူ ပြုပြင်ယူလို့ ရနိင်မယ့် ယောကျာ်းလို့ ဘဝင်လေဟက်ပြီး ထင်နေတတ်ကြတယ်…

အကုသိုလ် ကံ အမှောင်က အရမ်းများလွန်းနေတော့…

အသိအလင်းတန်းက တော်ရုံနဲ့ ထိုးမဖောက်နိုင်ဘူး

ဘုရားဟော တရားတော်ထဲမှာ ရှိပါတယ်

ငရဲသားတစ်ယောက်ဟာ…ခေါင်းမှာငရဲစက်သွားစက်ကြီး တင်ခံထားရပြီး သွေးစိမ်းရှင်ရှင်တွေ နီမြန်းနေအောင် စီးကျပြီး ငရဲဝဋ်ကို ခံနေရစဉ်…

နောက်ထပ်ရောက်လာတဲ့ ငရဲသားဖြစ်မယ့်သူက…သူ့မျက်လုံးထဲမယ်…

ငရဲခွေးသွားစက်ကြီးကို ပတ္တမြားပန်းခိုင်ကြီး နီမြန်းနေတာကြီးကို ခေါင်းမှာဆင်ပြီး လှနေတယ်လို့ မြင်ပြီး အတင်းကို လုပန်ဖို့ ကြိုးစားခဲ့ပါတယ်…

ဒါကြောင့်…ဖောက်ပြန်တဲ့ ယောကျာ်းကို လက်လွှတ်ရမှာ စိတ်က ဝေခွဲမရဖြစ်နေတဲ့အခါ….သူများနောက် ကိုယ့်ကိုထားပြီး ပါသွားတဲ့အခါမှာ…

မိန်းမတွေစိတ်ထဲ…ငါတို့အကုသိုလ်ကံ ပေးဆပ်ရဖို့ ဝဋ်ကြွေးတွေ ဒီအချိန်မှာ ကျေပြီမို့…နောက်လူက ပတ္တမြား ပန်းအထင်နဲ့. လုယူပန်ဆင်တာဖြစ်တယ်….

ငါတို့ ကုသိုလ်ကံလေးတွေ ပြန်အလင်းပွင့်လာပြီဖြစ်လို့….ကိုယ့်ဘဝကိုယ် လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းရှင်သန်ခွင့်ကို ရလိုက်ပြီလို့သာ…တွေးပြီး ဝမ်းသာကြည်နူးဖြစ်ကြပါ….

အကုသိုလ်ကံ သိပ်များနေချိန်မှာ….မိန်းမတွေဟာ…ယောကျာ်းယုတ် ၊ ယောကျာ်းဆိုး တွေနဲ့ တွေ့ကြုံရတတ်ပါတယ်

မိန်းမသားများအားလုံး…ကုသိုလ်စိတ်လေးတွေ အပြည့်နဲ့.. တစ်ယောက်တည်း ဘဝကို ကျေနပ်လှပစွာ ဖန်တီးပုံဖော်နိုင်ကြစေဖို့.. အားပေးဆုတောင်းပေးပါတယ်။

“ရှင်ဘုရင် တော်ကောက်ခံရမယ့် မိန်းမတွေဟာ…သူတောင်းစားတွေနဲ့ လွဲတတ်ပါတယ်”

”သမီးဆိုး”

Leave a Reply