ခြစား(ခြကိုက်​)​ငွေ​တွေကို ရန်​ကုန်​ ဆူး​လေအနီး လမ်း၃၀ ​အောက်​ ဘ​လောက်​မှာရှိတဲ့ ဗဟိုဘဏ်​​ငွေစုတ်​​ငွေ​ဆွေးလုပ်​ငန်းခွဲ မှာ တရားဝင်​ လဲလှယ်​လို့ရပါတယ်​။

တစ်​ခု​လောက်​​ပြောပြချင်​တယ်
အကျိုးရှိမှာမို့ ဖတ်​ကြည့်​​စေလိုပါတယ်​..


မြို့နယ်​အဆင့်​ ဘဏ်​​တွေ မှာ အဲ့ပုံပါအတိုင်း ခြစား(ခြကိုက်​)​ငွေ​တွေကို သွားလဲ ရင်​ မရပါဘူး။ ဒါကို ဘဏ်​က လဲမ​ပေးလို့ သုံးမရဘူးထင်ပြီး ဖျက်​စီး မပြစ်​ကြပါနဲ့။
ရန်​ကုန်​ ဆူး​လေအနီး လမ်း၃၀ ​အောက်​ ဘ​လောက်​မှာရှိတဲ့ ဗဟိုဘဏ်​​ငွေစုတ်​​ငွေ​ဆွေးလုပ်​ငန်းခွဲ မှာ တရားဝင်​ လဲလှယ်​လို့ရပါတယ်​။
သွေးစွန်း မှင်​စွန်း မီး​လောင်​ ခြစား ဆီစွန်း အပိုင်းပိုင်းပြတ်​တဲ့​ငွေ​တွေ ကို သတ်​မှတ်​ထားတဲ့ စံညွှန်းနဲ့ကိုက်​ညီရင်​ ပြန်​လဲ ​ပေးပါတယ်


ဒါကို မသိပဲ မီးရှို့ဖျက်​စီးပြစ်​လိုက်​မယ်​ ဆိုရင်​ နှ​မြောဖို့​ကောင်းပါတယ်​။
ကျ​နော်​ကိုယ်​တိုင်​ ဗဟိုဘဏ်​ ​ငွေစုတ်​​ငွေ​ဆွေးလုပ်​ငန်းခွဲမှာ ၃ကြိမ်​ သွားလဲဖူးပါတယ်​။
အားလုံးနီးပါး ပြန်​ပြီရတာမို့ ကျ​နော်​​ပြော
တဲ့ ​ငွေအစုတ်​ အ​ဆွေး ​တွေကို မဖျက်​စီး ပြစ်​ကြဖို့ပါ။
မိမိပါတ်​ဝန်းကျင်​မှာ ​တွေ့ခဲ့ ဆုံခဲ့မယ်​ဆို ရင်​ ဖြင့်​ ​ငွေဆုံးရှုံးမှု မဖြစ်​ရ​လေ​အောင်
ကူညီ​ပြောပြ​ပေးနိုင်​ပါတယ်​။


အစိုးရဘဏ်​​တွေ မှာ သာမာန်​ ​ငွေအစုတ်​ အ​ဆွေး​တွေ ဗုဒ္ဓဟူး​နေ့တိုင်း လဲလှယ်​​ပေး​နေတာမို့ ​ငွေ​ဆွေး ​ငွေစုတ်​ ရှိသူတိုင်း သွားလဲ လို့ ရပါတယ်​။
ငွေအစုတ်​ အ​ဆွေးများနှင့်​ မြို့နယ်​အဆင့်​ ဘဏ်​ခွဲ များမှ လက်​မခံ​သော​ငွေများ အတွက်​ သိလိုသည်​များကို ​မေးမြန်းစုံစမ်းနိုင်​ပါတယ်​ ခင်​ဗျာ..


ကိုထိုက်
09449011247
ကော့ကရိတ်​မြို့။

Leave a Reply