နှစ်မကုန်ခင်မှာ အစွံထုတ်သွားတဲ့ လူပျိုကြီး သူထူးစံ

လူပျိုကြီး သူထူးစံက ဒီဇင်ဘာ(၉)ရက်နေ့ မနက်မှာ ချစ်သူကောင်မလေးနဲ့အတူ မင်္ဂလာဦးဆွမ်းကပ်အလှူကို တပ်ကုန်းမြို့ရှိ ငွေတောင်တောရ စာသင်တိုက်မှာ ပြုလုပ်သွားမှာပါ။

သရုပ်ဆောင် သူထူးစံတစ်ယောက် ၂၀၁၈ ခုနှစ်မကုန်ခင် အချိန်ကာလလေးမှာ ပရိသတ်တွေကို Surprise လုပ်လိုက်ပါတယ်။ ဒီနေ့ ဖေ့စ်ဘွတ် မှာ ပြန်နေ့တဲ့ သူထူးစံရဲ့ မင်္ဂလာဦးဆွမ်းကပ် အလှူဖိတ်စာကြောင့် ပရိသတ်တွေ အားလုံး အံ့သြခဲ့ရပါတယ်။

သူထူးစံဟာ ဒီဇင်ဘာ(၉) ရက်နေ့မှာ ချစ်သူကောင်မလေးနဲ့ မင်္ဂလာဦးဆွမ်းကပ်အလှူကို တပ်ကုန်မြို့ရှိ ငွေတောင်တောရ စာသင်တိုက်မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သူ့ရဲ့ လက်တွဲဖော်ဇနီးလောင်းကလည်း အနုပညာလောကထဲက ဖြစ်ပါတယ်။ အကယ်ဒမီ ပန်းကိုင်တစ်ဦးဖြစ်သလို သရုပ်ဆောင် ဟောင်းတစ်ယောက်ဖြစ်တဲ့ ထိုက်ဆုဝင်းပါ။

သူတို့နှစ်ဦးရဲ့ မင်္ဂလာဦးဆွမ်းကပ်အလှူကို နှစ်ဖက်မိဘများနဲ့အတူ နေပြည်တော် ၊ တပ်ကုန်းမှာ ရှိတဲ့ “ငွေတောင်တောရစာသင်တိုက်”တွင် နံနက်(၇း၀၀)နာရီကနေ (၁၁း၀၀)နာရီအထိ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။

သူထူးစံဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို သိပ်အသိမပေးခဲ့ပါဘူး။အခုလိုမျိုး မင်္ဂလာသတင်းကြောင့် သူ့ကို ချစ်တဲ့ ပရိသတ် တွေကလည်း ဝမ်းသာနေကြပါတယ်။

၂၀၁၈ခုနှစ်မကုန်ခင်မှာ အစွံထုတ်သွားတဲ့ သူထူးစံရဲ့ မင်္ဂလာပွဲက ဘယ်တော့လဲဆိုပြီး စိတ်ဝင်စားနေကြတာလည်းတွေ့ရပါတယ်။

အနုပညာအလုပ်တွေနဲ့ ခဏအကြာအလှမ်းဝေးနေခဲ့တဲ့ သရုပ်ဆောင်သူထူးစံကတော့ ၂၀၁၇ ခုနှစ်ကနေစပြီး ရုပ်ရှင်ဇာတ်ကားကြီး တွေ ဆက်တိုက်ရိုက်ကူးလာခဲ့တာဖြစ်ပါတယ်။ သူဟာ အနုပညာလောကနဲ့ ခဏအကြာဝေးကွာနေချိန်မှာလည်း ဇာတ်ကားကောင်း ကောင်း

ကာရိုက်တာကောင်းကောင်းတွေနဲ့ လာကမ်းလှမ်းမလားဆိုတာကို စောင့်မျှော်နေပေမယ့်လည်း လာရောက်ကမ်း လှမ်းသူမရှိခဲ့ဘူး လို့ဆိုပါတယ်။ သူဟာ ဒါရိုက်တာ ဝင်းထွန်းထွန်းရိုက်ကူးတဲ့ ဗီဇ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး အနုပညာလောက ထဲကို ပြန်လည် ဝင်ရောက်လာတာဖြစ်ပါတယ်။

myominn htet
Burmese asia

Leave a Reply