Sun. Jun 16th, 2019

ဆီးမကြာခဏသွားလို့ စိတ်ညစ်နေသူများ အတွက် နည်းလမ်းကောင်းလေးများ

1 min read

လူတွေဟာ တစ်နေ့ကို ၇ကြိမ်ခန့်ဆီးသွားတတ်ကြပါတယ်။၇ကြိမ်ထက်ပိုဆီးသွားခြင်း၊ညဘက် အိပ်နေစဉ် ဆီးထွက်ကျခြင်း၊ဆီးမထိမ်းနိုင်ခြင်းတို့ ဖြစ်ပေါ်ပါက သင့်ဆီးအိမ်(bladder)ဟာ လိုတာထက်ပိုအလုပ်လူပ်နေပြီဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်ပေါ်စေတာမို့ ချက်ချင်းကုသသင့်ပါတယ်။

(1)ရေအသောက်များခြင်းကို ထိမ်းချူပ်ပါ

ရေဓာတ်ပြည့်ဝဖို့ အတွက် နေ့ဘက်မှာ ရေများများသောက်ပေးဖို့ လိုပါတယ်။ ဒါပေမယ့် ဆီးသွားများနေသူများအတွက် နေ့စဉ်သောက်သုံးတဲ့ရေပမာဏကို ၂၅ရာနှုန်းလျှော့ချရမှာဖြစ်ပါတယ်။ ကော်ဖီ၊ရေနွေးကြမ်း၊အရက်နဲ့ အအေးဘူးများသောက်ခြင်းကိုလဲ လျှော့ရပါမယ်

(2)ဆီးအိမ်ကို လေ့ကျင့်ပါ

ဆိုလိုတာက ဆီးပေါက်ချိန်ပုံမှန်ထားပေးပါ။ သင် တခါတခါ ဆီးသွားဖို့ ကြာချိန်ကို မှတ်ထားပါ။ထိုအချိန်ကို ၁၅မိနစ်ပေါင်းပါ။ဥပမာ တစ်နာရီတစ်ခါဆီးသွားပါက တစ်နာရီကြားပြီး၁၅မိနစ်တ်ုင်း အိမ်သာတက်ပါ။ဆီးပေါက်ချင်စိတ်ရှိရှိ မရှိရှိ အိမ်သာတက်ပေးပါ။

(3)၀ိတ်လျှော့ပါ

အ၀လွန်ခြင်းကြောင့် ဆီးအိမ်ပေါ်သို် အဆီများ ဖိမိရာမှ လှူပ်ရှားတဲ့အခါ
stress incontinence ခေါ် ဖိအားကြောင့် ဆီးယိုစိမ့်ခြင်းဖြစ်ပေါ်ပါတယ်။ထိုကြောင့် ကိုယ်အလေးခ်ျန်လျှော့ချပေးမှ ဖိအားလျော့မှာပါ။

(4)အပ်စိုက်ကုခြင်း

လေ့လာချက်များအရ ကျောအောက်ပိုင်း ကြွက်သားကို အပ်စိုက်ခြင်းဖြင့် ဆီးအ်မ်ကြွက်သားများကြံ့ခိုင်စေပြီး ဆီးထွက်ကျတာသက်သာစေပါတယ်

(5)လေ့ကျင့်ခန်းပြုလုပ်ခြင်း

Kegel (ကီဂယ်)လေ့ကျင့်ခန်း ခေါ် မိန်းမကိုယ်အောက်ပိုင်းကြွက်သားများ ကြံ့ခိုင်စေသော လေ့ကျင့်ခန်းကို လူသိများပါတယ်။
ပြုလုပ်ပုံ

ကြမ်းပြင်ပေါ်တွင် ပက်လက်လှဲနေပါ။ခြေဖ၀ါး ကို ကြမ်းပြင်ပေါ်ထိထားပြီး ဒူးကို ကွေးပါ
အသက်ရှူပါ။တင်ပါးကို ကြမ်းပြင်ကနေကြွ ပြီး အောက်ပိုင်းကြွက်သားများကို ညှစ်ထားပါ။ ၁၀စက္ကန့်ထားပါ။ခြေဖ၀ါး ကို ကြမ်းပြင်တွင်ကပ်ထားပါထို့နောက် တင်ပါးကို ကြမ်းပြင်ပေါ် ပြန်ချပါ။ ကြွက်သားများ လျှော့ချပါ။အသက်ရှူထုတ်ပါ။
၁၀ကြိမ်ပြုလုပ်ပေးပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Copyright © All rights reserved. Newsphere by AF themes.