မြန်မာ သရုပ်ဆောင် မေမြတ်နိုး ပါဝင်သရုပ်ဆောင်ထားတဲ့ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားကြီး ကြည့်ရတော့မယ်

လက်ရှိမှာ Professional super model အဖြစ် ပြည်ပတွေမှာ သာမက မြန်မာနိုင်ငံမှာပါ အောင်မြင်မှု ရရှိနေတဲ့ စူပါမော်ဒယ် မေမြတ်နိုးဟာ ဆိုရင် တစ်ချိန်က ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Asia Pacific World 2014 ရဲ့ သရဖူကို ဆွတ်ခူးနိုင်ခဲ့သူ အလှမယ် တစ်ဦးလည်းဖြစ်ပါတယ်။

သူမရဲ့ မျက်နာကျဟာ နိုင်ငံခြားသူတွေလို ဘိုဆန်တဲ့ မျက်နာပေါက်မျိုးဖြစ်သလို ခပ်ညိုစိမ့်စိမ့်လေးနဲ့အသားအရေက သူမကို နိုင်ငံတကာ ထိုးဖောက်နိုင်လောက်တဲ့ အလှမျိုးကို ပိုင်ဆိုင် ထားတာဖြစ်ပါတယ်။

အိမ်မက်ဆုံရာ Season-6 မှာ Level တစ်ခုထိ ရောက်ရှိပြီး ယှဉ်ပြိုင်ခဲ့ဖူးသလို ဂီတအဆိုပိုင်းမှာလည်း အရည်အချင်းရှိသူ လည်း ဖြစ်ပါတယ်။CANAL+ Myanmar FG ၊ Garuda Battery Lubricant နဲ့ Clear Myanmar တို့ ရဲ့ Brand Ambassador တစ်ဦး ဖြစ်သလိုAsia’s Next Top Model (cycle 4) ရဲ့ ထိပ်တန်းမော်ဒယ်လ်တွေထဲက Top-7 မော်ဒယ်လ် တစ်ယောက်ဖြစ်ပါတယ်။

နိုင်ငံတကာမှာကော မြန်မာနိုင်ငံမှာပါ အချိန်ပေးပြီး အနုပညာအလုပ်တွေ လုပ်ဆောင်နေသူဖြစ်တာကြောင့် လက်ရှိမှာတော့ မေမြတ်နိုး ပါဝင်ထာတဲ့ နိုင်ငံခြား အက်ရှင်ရုပ်ရှင်ဇာတ်ကားကြီး ကတော့ မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

မေမြတ်နိုးကတော့ ဒီဇာတ်လမ်းမှာ Michelleအဖြစ် အဓိက အမျိုးသမီး ဇာတ်ဆောင်နေရာမှာ သရုပ်ဆောင်ထားပြီး Producer နဲ့Director ကတော့ Daniel Zirlli ဖြစ်ပါတယ်။

အက်ရှင်အမျိုးအစားဖြစ်ပြီး ကြမ်းကြမ်းရမ်းရမ်း အမိုက်စားဇာတ်ဝင်ခန်းတွေနဲ့ အတူ တွေ့မြင်ရမဲ့ ဒီဇာတ်လမ်းရဲ့ နာမည်ကြီးကတော့ ” Invincible” ဖြစ်ပါတယ်။ မော်ဒယ်လ်၊ အဆိုတော် တစ်ဦးအနေနဲ့ သာမက သရုပ်ဆောင်အနေနဲ့ပါ တွေ့မြင်ရတော့မဲ့ မေမြတ်နိုး အပြင် အခြားသော Movie Star တွေအနေနဲ့ Johnny Strong ၊Marko Zaror ၊Sally Krkland ၊Vladimir kulich၊ michael pare၊ Krissada sukosol နဲ့Paul Kennedy တို့ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.