Thu. Jun 27th, 2019

ကားထဲမှာ ကလေးတွေ အပူလွန်အန္တရာယ်မဖြစ်စေဖို့ တီထွင်မှုလုပ်လိုက်တဲ့ ကောင်လေး

1 min read

အဆိုပါ (၅)တန်းတက်ရောက်နေတဲ့ ကလေးငယ်လေးရဲ့ နာမည်ကတော့ Bishop Curry လို့ ခေါ်ပါတယ်။ သူတီထွင်ထားတဲ့ ကိရိယာလေးတစ်မျိုးကိုတော့ အိုအေစစ် (Oasis) လို့ နာမည်ပေးထားပါတယ်။

အဆိုပါ ကိရိယာလေးက ကားထဲရှိ အပူချိန်ကို တိုင်းတာပေးမှာဖြစ်ပြီး အပူချိန် လွန်ကဲလာပြီဆိုတာနဲ့ ကိရိယာကနေ လေအေးတွေကို ထုတ်လွှတ်ပေးကာ မိဘတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီကိုလည်း အင်တနာ တစ်ခုကနေ အချက်ပြပေးမှာလည်း ဖြစ်ပါတယ်။

Bishop အခုလို အိုင်ဒီယာလေး ရလာခဲ့တာကတော့ သူ့ရဲ့ အိမ်နီးချင်း (၆)လသားလေး ကားထဲမှာ အပူလွန်ပြီး သေဆုံးခဲ့ရာမှ ထိုအဖြစ်တွေကို ကာကွယ်လိုတဲ့အတွက် ဖြစ်ပါတယ်။

လက်ရှိ Bishop ဆီမှာ 3D နမူနာပုံစံပဲ ရှိပေမယ့် သူနဲ့ သူ့ဖခင်တို့ဟာ GoFundMe ဝက်ဘ်ဆိုဒ်ကနေ တစ်ဆင့် အိုအေစစ်ကိရိယာ ထုတ်လုပ်ဖို့ ရံပုံငွေ ရှာဖွေလျက်ရှိရာ ကန်ဒေါ်လာ (၂၄,၀၀၀) ရရှိနေပြီဖြစ်ပါတယ်။

အဆိုပါ ရံပုံငွေကတော့ ကိရိယာ ထုတ်လုပ်ရေး အတွက်သာမက ထုတ်လုပ်သူ မူပိုင်ခွင့် ကာကွယ်ဖို့ အတွက်ပါ အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။

From ; Cherrynews

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Copyright © All rights reserved. Newsphere by AF themes.