Thu. Jun 27th, 2019

ကျရှုံးခြင်းမှသည် အောင်မြင်ခြင်းဆီသို့  ( တန်ဖိုးရှိသော စာစုများ )

1 min read

ကျွန်တော်တို့ ဘာ့ကြောင့် ကျရှုံးသလဲဆိုတာကိုသိပါသလား? ကျွန်တော်တို့ဟာ ကျွန်တော်တို့ ကိုယ်တိုင်အတွက် တိုက်ခိုက်စွန့်စားဖို့ ကြောက်ရွံ့ နေလို့ပါဘဲ။ ကျရှုံးမှုကိုကြုံတွေ့ရတဲ့လူတိုင်း မပျော်ရွှင်ကြဘူး။ ဒါပေမယ့် ကျရှုံးခြင်းဟာ ဘဝရဲ့အစိတ်အပိုင်းတခု သာသာလေးပါဘဲ။အများစုဟာ ကျရှုံးရင် နောက်တကြိမ်ပြန်မကြိုးစားကြတော့ဘူး။စိတ်တွေတွေဝေပြီး လမ်းမှားကိုရောက်သွားတတ်ကြတယ်။အိမ်မက်တွေအတွက်ကြိုးစားဖို့  စိတ်ခွန်အားတွေပျောက်ဆုံးသွားကြတယ်။အခြားသူတွေက ကျွန်တော်တို့ကိုကျရှုံးပြီလို့ ပြောရင် ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ထက် အခြားသူတွေကိုယုံကြည်မိကြတယ်။

ကျရှုံးမှု(၂)မျိုးရှိပါတယ်။ကမ္ဘာကြီးက ကျွန်တော်တို့ကို အရှုံးသမားလို့ထင်ရင် အမှန်တကယ်တမ်းကျ ကျွန်တော်တို့က အရှုံးသမားမဟုတ်ပါဘူး။ နောက်တခုက ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ အရှုံးသမားလို့ထင်ရင် ကျွန်တော်တို့ဟာ အမှန်တကယ်အရှုံးသမားဖြစ်နေပါပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ အခြားသူတွေရဲ့အကြံညဏ်တွေ၊ ထင်မြင်ချက်တွေကိုလက်ခံနေလို့ပါဘဲ။နောက်ထပ်အကြောင်းပြချက်တခုရှိပါသေးတယ်။ ကျွန်တော်တို့ ပျင်းလို့ပါ။ ကိတ်မုန့်ဖုတ်နည်းသိဖို့ မကြိုးစားဘဲ မသင်ယူဘဲနဲ့ အလွန်အရသာရှိတဲ့ ချိုတဲ့ ကိတ်မုန့်ကိုစားချင်သလိုဖြစ်နေပါပြီ။ ကျွန်တော်တို့ဟာ ပန်းချီဆွဲနည်းသင်ဖို့မကြိုးစားဘဲနဲ့ ပီကာဆိုပန်းချီကားချပ်တခုလို ဆွဲချင်ကြတယ်။ ဘယ်အရာမှ အလကားမရပါဘူး။ တခုကိုလိုချင်ရင် တခုကိုပေးဆပ်ရပါတယ်။ ဒါဟာ လောကနိယာမပါ

၁။ ဂျက်မား၊ စတိဂျော့၊ ဘီလ်ဂိတ်၊ ဝေါ့ဒစ်စနေနဲ့ စတီဖင် ကင်း တို့ဟာ ကမ္ဘာကြီးကို လှုံ့ ဆွနှိုးဆော်ပေးတဲ့ ကမ္ဘာ့အအောင်မြင်ဆုံး လူပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်။ သူတို့အားလုံးဟာ ညင်းပယ်ခံခဲ့ကြရတယ်၊ အရှုံးကြီးရှုံးခဲ့ကြတယ်။ သူတို့ အားလုံးမှာ တူညီတဲ့အချက် (၂)ချက်ရှိပါတယ်။ သူတို့ဟာ ဘယ်တော့မှ ရပ်တန့်မနေကြသလို သူတို့စွမ်းရည်နဲ့ပတ်သတ်ပြီး ဘယ်တော့မှ သံသယမထားကြပါဘူး။ တနည်းအားဖြင့်ပြောရရရင် သူတို့ဟာ အောင်မြင်မှုရတဲ့အထိ ဆက်တိုက်ကြိုးစားခဲ့ကြပါတယ်။ မအောင်မြင်ခင်ကာလတွေမှာ သူတို့ဟာ စွန့်လွှတ်မှုတွေ၊ ကျရှုံးမှုတွေ၊ စိတ်ပျက်အားငယ်မှူတွေ၊ အနှိမ်ခံရမှုတွေ၊ ညင်းပယ်ခံရမှုတွေကို ရင်းနှီးခဲ့ကြရတယ်။ အရပ်ပုလွန်းတဲ့အတွက် ဘက်စကတ်ဘောအသင်းကနေ ထွက်ခဲ့ရချိန် မိုက်ကယ်ဂျော်ဒန်မိခင်က မိုက်ကယ်ဂျော်ဒန်ကို ဘာပြောသလဲဆိုတာကို သိပါသလား?
သားအခုချိန်မှာ လုပ်နိုင်တဲ့တခုတည်းသောအရာက ပိုပြီးလေ့ကျင့်ဖို့ နဲ့ သူတို့( ဘက်စကတ်ဘောအသင်း) အမှားတခုလုပ်မိပြီလို့  ယုံကြည်လာစေဖို့ ဘဲ

၂။ ဝေါ့ ဒစ်စနီ( Walt Disney )

Walt Disney ရဲ့စိတ်ကူးတွေဟာ သာမန်နဲ့ မူရင်းမဟုတ်လို့ ဆိုပြီး သတင်းစာတိုက်ကနေ အလုပ်ထုတ်ခံခဲ့ရပါတယ်။ သူအလုပ်ထုတ်ခံခဲ့ရပြီးနောက် LaughO Grams လို့ အမည်ရတဲ့ ကုမ္ပဏီငယ်တခုကိုတည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့် ဒေဝါလီခံခဲ့ရပါတယ်။ စတင်မိတ်ဆက်ခဲ့တဲ့ သူ့ရဲ့ပထမဆုံးကာတွန်းဇတ်ကောင် Mickey Mouseဟာလည်း ပထမနေရာမှာ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။အဆိုပါဇတ်ကောင်ကို စတူဒီယိုတခုကနေညင်းပယ်ခဲ့ပါတယ်။ ဘာလို့ လဲဆိုတော့ သူတို့က ကြွက်ကြီးတကောင်ဟာ အမျိုးသမီးတွေကို ကြောက်လန့်စေလိမ့်မယ်လို့ ထင်တဲ့အတွက်ကြောင့်ပါဘဲ။သူ့ရဲ့ ရုပ်ရှင်တိုဖြစ်တဲ့ 3 pigs ဟာလည်း ညင်းပယ်ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်တွေ ထုတ်လွှင့်တဲ့အခါ animation ရဲ့ concept တခုလုံးကို ပြောင်းလဲသွားစေခဲ့ပါတယ်။ Mickey Mouse ဟာ အသံပါဝင်တဲ့ ပထမဆုံး animation ဇတ်ကောင်ဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံး animation ဇတ်ကားကတော့ Snow-white and the 7 dwarfs ဖြစ်ပါတယ်။ အဆိုပါဇတ်ကားကနေရတဲ့ ငွေနဲ့ Walt Disney Studio ကို တည်ထောင်ခဲ့ပါတယ်။Studio မှာ Pinocchio နဲ့ Fantasia တို့ကိုဖန်တီးခဲ့ပါတယ်။ Walt Disney ဟာ ၁၉၆၆ခုနှစ်မှာ ဆုံးပါးသွားခဲ့ပေမယ့် သူ့ရဲ့ဂုဏ်သတင်းဟာ ယနေ့ထက်တိုင် မွှေးဆဲပါ။

ဆင်ခြေ ဆိုတဲ့စကားလုံးကို သင့်ရဲ့အဘိဓာန်ကနေ ဖယ်ထုတ်ပစ်လိုက်ပါ
ဆင်းရဲခြင်း(သို့မဟုတ်) အရင်းအနှီးမလုံလောက်တာဟာ ဆင်ခြေမဟုတ်ပါဘူး။ Rory John Gates ဟာ Bill Gatesရဲ့သားဖြစ်ပါတယ်။ကျွန်တော်တို့ သူ့ကိုသိတယ်၊ ဘာလို့လဲဆိုတော့ သူက Bill Gates ရဲ့သားဖြစ်နေလို့ပါဘဲ။ အောင်မြင်တဲ့သူတွေရဲ့ ကလေးအများစုက ဘဝမှာ အောင်မြင်ခဲပါတယ်။သူတို့ဟာ လိုချင်တဲ့အရာတွေအတွက် အထူးကြိုးစားရုန်းကန်နေဖို့ မလိုအပ်ပါဘူး။ ကျွန်တော်တို့ ဟာ မိမိကိုယ်တိုင်အောင်မြင်မှုရရှိဖို့ ကြိုးစားကြရမယ်။ အခွင့်အရေးတွေကိုထိုင်စောင့်နေမယ့်အစား ကိုယ်တိုင်ကြိုးစားရယူကြရမယ်။

၃။ J.K. Rowling

J.K.Rowling ဟာ ငယ်စဉ်အခါက ညီမဖြစ်သူနဲ့ ဘုရားကျောင်းမှာ သန့်ရှင်းရေးအလုပ်ကို လုပ်ခဲ့ရပါတယ်။ ဖခင်ဖြစ်သူဟာ သူမတို့ကို စွန့်ခွာသွားခဲ့ပြီး မိခင်ဖြစ်သူကတော့ နာမကျန်းဖြစ်ပြီး ဆုံးပါးသွားခဲ့ပါတယ်။ Oxford တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ငယ်ရွယ်စဉ်မှာဘဲ လက်ထပ်ခဲ့ပြီး ကွာရှင်းတဲ့အခါ ကလေးတယောက်နဲ့ ကျန်ခဲ့ရပါတယ်။ စိတ်ဓာတ်ကျခဲ့ပြီး အဆိုပါစိတ်ဓာတ်ကျခဲ့တဲ့အရာတွေက နာမည်ကျော် ” Dementors ” တွေဖြစ်လာခဲ့ပါတယ်။
သူမရဲ့ Harry Potter and the philosopher စာအုပ်ကို ထုတ်ဝေသူပေါင်း၁၂ယောက်က ပယ်ချခဲ့ပါတယ်။ သူမကြိုးစားတဲ့အခါတိုင်း ပယ်ချခံခဲ့ရပါတယ်။ သင်သာ 90’s kid တဦးဖြစ်တယ်ဆိုရင် တကယ်၍ သူမသာ ၁၃ယောက်မြောက် ထုတ်ဝေသူထံသာ မသွားခဲ့ဘူးဆိုရင် သင့်ရဲ့ ကလေးဘဝကို စိတ်ကူးယဉ်ကြည့်လိုက်စမ်းပါ

၎။ အသက်အရွယ်တောင်မှ မရေးမကြီးပါဘူး

KFC တည်ထောင်သူဟာ Colonel Harland Sanders ဖြစ်ပါတယ်။ အငြိမ်းစားငွေတွေကို သူ့ရဲ့လျှို့ ဝှက်နည်းနဲ့ ကြော်တဲ့ကြက်ကြော် လုပ်ငန်းကိုစတင်ရင်းနှီးမြှပ်နှံတော့ အသက်၆၀ကျော်ပါပြီ။ဒါပေမယ့် သူ့ရဲ့နည်းလမ်းဟာ အကြိမ်၁၀၀၉ကြိမ်တိုင်တိုင် ပယ်ချခံခဲ့ရပါတယ်။ သူ့ကိုယ်သူအလွန်အမင်းယုံကြည်ခဲ့ပြီး ရှေ့ ကိုအမြဲခရီးဆက်ခဲ့ပါတယ်။ သင့်အသက်၄၀၊၅၀၊၆၀ ရှိနေပါစေ အမြဲကြိုးစားပါ။ ရှေ့ ကိုခရီးဆက်ပါ။ ဘယ်သူဘာပြောပြော ခေါင်းထဲမထားပါနဲ့။ KFC founder ရဲ့ ဘဝအကြောင်းက သက်သေပါဘဲ

၅။အဆင့်တွေက သင့်ဘဝကို ဆုံးဖြတ်မပေးနိုင်ပါဘူး

Steven Spielberg ဟာ ဟောလိဝုဒ် ဂန္တဝင်ဒါရိုက်တာတယောက်ဖြစ်ပါတယ်။ သူဟာ ကယ်လီဖိုးနီးယားတောင်ပိုင်း တက္ကသိုလ်မှာ ရုပ်ရှင်သင်တန်းတတ်ရောက်ချင်ခဲ့ပါတယ်။ဒါပေမယ့် အဆင့်မကောင်းတာကြောင့် ၃ကြိမ်တိုင် ပယ်ချခံခဲ့ရပါတယ်။ ပြီးသူဟာ Universal Pictures မှာ စတင်အလုပ်လုပ်ခဲ့ပါတယ်။ထို့ နောက် သူဟာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Jurassic Park ၊ E.T(Extra-terrestrial)၊Jawsနဲ့များစွာသော ဇတ်ကားပေါင်းများစွာကိုရိုက်ကူးခဲ့ပါတယ်။ အဆင့်ကောင်းနေရုံနဲ့ ဘဝမှာ အောင်မြင်တယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ကြိုးစားကြရမယ်။
ကျွန်တော်တို့ ဘာကိုယုံကြည်ရမလဲ?

ဘယ်နေရာမှာဘဲရောက်ရောက် ၊လူတွေက ဘယ်လိုဘဲပြောပြော သူတို့ မှားတယ်ဆိုတာကို သက်သေပြလိုက်ပါ။ သင့်ကိုသာမန်ပါဘဲပြောကြလိမ့်မယ်။ တကယ်တမ်းမှာ သူတို့က သာမန်ပါဘဲ။ သူတို့ က သင့်ရဲ့အတွေးတွေကို နားမလည်နိုင်ကြဘူး။
ကျရှုံးမှာဆိုတာ အောင်မြင်ခြင်းရဲ့ကနဦး အစပါ

#Factsfortheyouth
#Toptenteam

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Copyright © All rights reserved. Newsphere by AF themes.