Sun. Jun 16th, 2019

ကွန်ဖြူးရှပ်၏ မှတ်သားဖွယ် စကားတစ်ခွန်း

1 min read

တစ်နေ့မှာ တရုတ်အတွေးအခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ် ဟာ လမ်းသွားနေရင်း လူတစ်ယောက်နဲ့ တွေ့တယ်။ အဲဒီလူက မေးတယ်။

“ခင်ဗျားက ကွန်ဖြူးရှပ်ကြီး မဟုတ်လားဗျ။ဝမ်းသာ လိုက်တာဗျာ။ကျနော်ကဒီလိုပညာရှိကြီးကိုတွေ့ချင်တာ ကြာပြီ။ခင်ဗျားရဲ့ တန်ဖိုးကြီးလှတဲ့ အတွေးအခေါ် အမြော်အမြင်တွေက ကမ္ဘာကြီးကိုတောင်ပြောင်းလဲ စေခဲ့ပြီလေ။ကျွန်ုပ်ကဖြင့်ခင်ဗျားလောက်တော်တဲ့သူ၊ တတ်တဲ့သူ ဒီကမ္ဘာကြီးမှာ မတွေ့ဖူးသေးဘူးဗျ။ လေးစားတယ်ဗျာ။ ”

ကွန်ဖြူးရှပ်ကြီးက အဲဒီလူကို တစ်ချက်ကြည့်ပြီး ကိုယ့်လမ်းကို ဆက်လျှောက်သွားပါတယ်။

နောက်တစ်နေရာရောက်တော့ လူတစ်ယောက် က မေးပြန်တယ်။

” ကွန်ဖြူးရှပ်ဆိုတာ ခင်ဗျားလားဗျ။နာမည်ကြီးဆိုလို့ ဘာများလဲအောက်မေ့တယ်။ ဘာမှမဟုတ်ပါလားဗျာ။ တကယ်တော့ခင်ဗျားမှာ ဘာအရည်အချင်း မှ မရှိပါဘူးဗျာ။ ”

ကွန်ဖြူးရှပ်ကြီးကအဲဒီလူကိုလည်းတစ်ချက်ကြည့်ပြီး ကိုယ့်လမ်းကို ဆက်လျှောက်သွားပြန်တယ်။

အဲဒီအဖြစ်အပျက်ကို မြင်တွေ့နေတဲ့ လူတစ်ဦး က သိချင်လွန်းလို့ မေးလိုက်တယ်။

” ကွန်ဖြူးရှပ်ကြီးခင်ဗျာ။
ပထမလူက သင့်ကို ချီးမွန်းပြောဆိုလည်း သင်က ဘာမှမပြောဘူး။ ဒုတိယလူက သင့်ကို ကဲ့ရဲ့ ပြန်တော့ လည်း သင်ကဘာမှမတုန့်ပြန်ဘူး။ ဘာ့ကြောင့်ပါလဲခင်ဗျာ။”

ကွန်ဖြူးရှပ်ကြီး ပြန်ဖြေပေးတဲ့ စကားတစ်ခွန်း က တိုတိုလေးနဲ့သိပ်ပြီးမှတ်သားစရာကောင်းလှပါတယ်။

“လူတွေရဲ့ ကဲ့ရဲ့ခြင်း၊ချီးမွန်းခြင်းကြောင့် ကျွန်ုပ်တို့မှာ ရှိနေတဲ့ အရည်အချင်းတွေဟာ မြင့်တက်မသွားသလို နှိမ့်ကျလည်း မသွားစေပါဘူး။အရေးကြီးတာ ကိုယ် လုပ်နေတဲ့ အလုပ် ကို စေတနာပါပါ နဲ့ အကောင်းဆုံး လုပ်နေဖို့သာ အဓိက ပါ ”

#မှတ်သားဖွယ်သင်ခန်းစာ
အလုပ်တစ်ခုခုကို လုပ်နေတဲ့သူတိုင်းဟာ လူတွေရဲ့
ဝေဖန်ခြင်း၊ ကဲ့ရဲ့ခြင်း၊ ချီးမွန်းခြင်း စတာတွေကို ခံကြရတာဟာ လောကဓမ္မတာ တစ်ခုဖြစ်ပါတယ်။ အဝေဖန်မခံရသူ၊ အကဲ့ရဲ့မခံရသူမျိုး ဒီကမ္ဘာမှာ အရင်ကလည်း မရှိခဲ့သလို အခုလည်းမရှိပါ။ နောက်လည်း ရှိမှာမဟုတ်ပါဘူး။ ဘာသာတိုင်းရဲ့ ဘုရားတွေ တောင်အဝေဖန်ခံရခြင်းမှ မလွတ်ကင်းဘူး ဆိုတာကိုသတိရပြီး ကိုယ် လုပ်စရာရှိတာ ကို စေတနာ အပြည့်နဲ့ အကောင်းဆုံးလုပ်နေဖို့သာ အရေးကြီး ပါတယ်။

လူတွေရဲ့ ကဲ့ရဲ့ခြင်း၊ ချီးမွန်းခြင်းကြောင့် သင့်မှာ ရှိနေတဲ့ အရည်အချင်းကောင်းများစွာယုတ်လျှော့ မသွားဘူး ဆိုတာကို သတိရပါ။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား – Confucius
စောနွဲ့ နေဆိုင်- ပူတာအို

 

 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Copyright © All rights reserved. Newsphere by AF themes.