Sun. Jun 16th, 2019

အသည်းကွဲတဲ့အချိန်မှာ အချစ်ကြောင့်မဟုတ်ဘဲ အတ္တစိတ်ကြောင့်ဖြစ်တဲ့ ခံစားချက်(၅)မျိုး

1 min read

အသည်းကွဲတဲ့အချိန်မှာ အချစ်ကြောင့်မဟုတ်ဘဲ အတ္တစိတ်ကြောင့်ဖြစ်တဲ့ ခံစားချက်(၅)မျိုး
ကိုယ်ချစ်တဲ့သူနဲ့လမ်းခွဲလိုက်ရတဲ့အခါ ဖြစ်လာတဲ့ နာကျင်ကြေကွဲမှုတွေက တခြားဘယ်အရာနဲ့မှကိုမတူတာပါ။ အဲ့ဒါကို အသည်းကွဲတယ်လို့ပြောကြပြီး အသည်းမကွဲဖူးတဲ့သူတွေကတော့ ဒီနာကျင်ကြေကွဲရခြင်းတွေကို နားလည်နိုင်မှာမဟုတ်ပါဘူး။

အသည်းကွဲတဲ့ဝေဒနာက တခြားဘာနဲ့မှမတူအောင် ခံစားရတာလဲဆိုတာကို ပညာရှင်တွေက လေ့လာခဲ့တဲ့အခါ အချစ်ကြောင့်နာကျင်ရတာအပြင် တခြားအကြောင်းပြချက်တွေကြောင့်လည်းပါနေတာကို သိခဲ့ကြပါတယ်။ အသည်းကွဲတဲ့အခါဘာနဲ့မှမတူအောင် နာကျင်ခံစားရတာ အချစ်ကြောင့်အပြင် ဒီအကြောင်းအရာတွေကြောင့်ပါ။

(၁) ကိုယ့်အနာဂတ်အတွက်စိတ်ပူတယ်

သူနဲ့ပြတ်သွားတဲ့အခါ ကိုယ့်ကိုချစ်တဲ့သူနောက်တစ်ယောက်ထပ်ရှိပါဦးမလား ဆိုတာကို တွေးပူနေမိတာပါ။လူတော်တော်များများက အရင်လူထက်ပိုချစ်တဲ့သူတစ်ယောက်ယောက်နဲ့ ဆုံစည်းရတဲ့အခါ ရည်းစားဟောင်းဆိုတာကို လွယ်လွယ်လေးမေ့နိုင်ကြပါတယ်တဲ့။

(၂) ရှုံးနိမ့်တယ်လို့ခံစားရတယ်

လူတိုင်းလူတိုင်းက ငြင်းပယ်ခံရတာကိုမကြိုက်ကြပါဘူး။ ပြီးတော့ ရည်းစားနဲ့ပြတ်တာကလည်း ငြင်းပယ်ခံရတာနဲ့အတူတူပါပဲ။ သူနဲ့ရှေ့လျှောက်အတူတူရှိခွင့်မရတော့ဘူး ဆိုတာမျိုးပေါ့။ ဒါကြောင့်အသည်းကွဲတာရဲ့နောက်မှာငြင်းပယ်ခံရခြင်းတွေပါလာလို့ ရှုံးနိမ့်တဲ့ခံစားချက်ဖြစ်လာရပါတယ်တဲ့။

(၃) ကိုယ့်ကိုယ်ကိုယုံကြည်မှုလျော့နည်းသွားတယ်

မိသားစု၊ သူငယ်ချင်း နဲ့ ချစ်သူက သည်းသည်းလှုပ်ချစ်တာခံရတဲ့ သူတွေက တခြားသူတွေထက် ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိတတ်ကြပါတယ်။ ပြီးတော့ သူတို့တွေက ချစ်သူနဲ့ပြတ်သွားတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုလျော့နည်းသွားပါတယ်။

(၄) တစ်ယောက်တည်းရင်မဆိုင်ချင်တဲ့ခံစားချက်

သူမရှိတော့တဲ့အချိန်မှာ အရာရာကိုတစ်ယောက်တည်းရင်ဆိုင်ရတော့မှာပါ။ အဲ့ဒါကိုလည်း တွေးပြီးစိတ်ပူနေတာပါ။ တစ်ယောက်တည်းရင်မဆိုင်ချင်တဲ့ခံစားချက်က အသည်းကွဲဝေဒနာကိုပိုဆိုးစေပါတယ်။

(၅) တန်ဖိုးမဲ့သွားသလိုခံစားချက်

ကိုယ်ချစ်တဲ့သူကကိုယ့်ကို ကျောခိုင်းသွားတဲ့အခါ ကိုယ့်ကိုတန်ဖိုးထားတဲ့သူ ဘယ်သူမှမရှိလောက်တော့ဘူးလို့ ထင်လာပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးမရှိတော့သလိုခံစားချက်တွေဖြစ်လာပါတယ်။ စွန့်ပစ်ခံလိုက်ရတဲ့ အသုံးမ၀င်တော့တဲ့ပစ္စည်းတစ်ခုလို၊ အမှိုက်တစ်ခုလိုဖြစ်သွားတာပါ။

Aunty May

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Copyright © All rights reserved. Newsphere by AF themes.