Sun. Jun 16th, 2019

ရှေ့ ကိုကြိုပြီးစောစောရောက်ချင်ရင် စောစောစတင်ပါ

1 min read

တစ်ခါတစ်ရံမှာ သင်ဘယ်လောက်ဘဲအကောင်းမြင်တဲ့စိတ်ရှိနေပါစေ သင်ဘယ်လိုဘဲအရာရာကိုစီမံနေနိုင်ပါစေ သင်ဘဝကြီးဟာ သင်နဲ့ ဆန့် ကျင်နေတတ်တယ်။သင်စီစဉ်ထားသလိုဖြစ်မလာဘူး။

သင်မျှော်လင့်ချက်တွေကမှေးမှိန်သွားတယ်။သင့်ရည်မှန်းချက်တွေပြည့်ဝဖို့ အိမ်မက်တွေအကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့နေရာမှာမအောင်မြင်ဖြစ်နေတတ်ပါတယ်။ကျွန်တော်တို့ ဒီလိုကံကြမ္မာဆိုးတွေကျရောက်လာပြီဆိုရင်တော့ မိမိကိုအောင်မြင်မှုရစေမယ့် အခြေအနေတွေကိုဖန်တီးပြီး အခက်အခဲတွေ အတားအဆီးတွေကိုကျော်ဖြတ်ဖို့ အရမ်းအရေးကြီးပါတယ်။

သင်မြစ်ကူးဖို့ တံတားကိုမမြင်ဘူးဆိုရင် ကိုယ်တိုင်တံတားဆောက်ရမှာပါဘဲ။သင်သွားမယ့်လမ်းတစ်လျှောက်က ပြဿနာတွေ အတားအဆီးတွေကို စဉ်းစားပြီး အချိန်ဖြုံးမယ့်အစား အဖြေတွေကိုရှာရမယ်။သင့်ရဲ့အတွေးကို ဘယ်နေရာမှားနေလဲဆိုတာထက် ဘယ်လိုအခြေအနေမှာပိုကောင်းအောင်လုပ်နိုင်မလဲဆိုတဲ့အချက်ကိုပြောင်းလဲပြီးအာရုံစိုက်နိုင်ရင် သင့်ဘဝကြီးလည်းပြောင်းလဲလာမှာအသေအချာပါဘဲ။

သင်တကယ်စိတ်ဝင်စားတဲ့ သင်တကယ်ဖြစ်ချင်တဲ့အရာတွေကိုသိရမယ်။သင်စတင်တဲ့အခါမှာ ကြီးကြီးမားမားကြီးစတင်ဖို့ မလိုပေမယ့် တစမချိန်မှာကြီးကြီးမားမားဖြစ်ဖို့ ရည်မှန်းချက်ထားပြီး စတင်လုပ်ဆောင်ရမှာလဲဖြစ်ပါတယ်။မိုင်တစ်ထောင်ခရီးကိုခြေတစ်လှမ်းကနေစတင်ရပါတယ်။သင်လုပ်ရမှာက ပထမဆုံးခြေလှမ်းကိုစတင်ဖို့ ပါဘဲ။ပြီး ရှေ့ ကိုတစ်လှမ်းပြီးတစ်လှမ်းဆက်သွားရမယ်။သင့်ရည်မှန်းချက်တွေအကောင်အထည်ဖော်ဖို့ နောက်ကျတယ်ဆိုတာ အမြဲတမ်းမရှိပါဘူး။သင့်ဘယ်နေရာဘဲရောက်ရောက် သင့်မှာရှိတဲ့အရာတွေနဲ့ အကောင်းဆုံးလုပ်ဆောင်ရမယ်။

သင်အောင်မြင်ချင်လား? စိတ်ကူးယဉ်တတ်ရမယ်။အမြဲတမ်း အသစ်အသစ်သော စိတ်ကူးစိတ်သန်း( idea)တွေကိုစဉ်းစားပြီး အစီအစဉ်တွေချမှတ်နိုင်တယ်။လက်တွေ့ ဖြစ်မလာသေးတဲ့အရာတစ်ခုကို စိတ်ကူးထဲမှာ အရင်အကောင်အထည်ဖော်ရတာပါ။သင့်စိတ်ကူးစိတ်သန်းတွေကိုလူတွေကမလှောင်ပြောင်ကြသေးဘူးဆိုရင် သင့်စိတ်ကူးတွေက သိပ်မကြီးမားသေးလို့ ဘဲ။ကျွန်တော်တို့ ကြီးကြီးမားမားတွေးတောရမယ်။အိမ်မက်တွေထားရှိရမယ်။ဘာလို့ လဲဆိုတော့ တစ်ချိန်မှာ အိမ်မက်တွေကတကယ်ဖြစ်လာလို့ ပါဘဲ။နေ့ စဉ်နေ့ တိုင်းသင့်ရဲ့စွမ်းရည်တွေ ကျွမ်းကျင်မှုတွေကိုဘယ်နေရာမှာအသုံးချမလဲဆိုတာကိုတွေးပါ။သူတပါးဆီကဘာတွေသင်ယူနိုင်မလဲဆိုတာကိုစဉ်းစားပါ။မဖြစ်နိုင်ပါဘူး ဖြစ်ဖို့ ခဲယဉ်းလွန်းတယ်ဆိုတာတွေကိုမေ့ထားလိုက်ပါ။

ဒီလိုဆိုရင် မကြာခင်မှာဘဲ သင်အတွေးပေါင်းမြောက်မြားစွာတွေးဖြစ်လာလိမ့်မယ်။တီထွင်ကြံဆတယ်ဆိုတာ လူတစ်ဦးတယောက်ချင်းစီရဲ့အမှတ်အသားပါဘဲ။ကျွန်တော်တို့ အားလုံးမှာတီထွင်ကြံဆနိုင်စွမ်းရှိရမယ်။

ဒါ့ကြောင့် ဘယ်အလုပ်ကမိမိအတွက်သင့်တော်လဲ? အကောင်းဆုံးလဲ? ဘယ်လိုအလုပ်မျိုးမှာသင်အကောင်းဆုံးလုပ်နိုင်မလဲဆိုတာကိုနားလည်ထားရင် အောင်မြင်တဲ့ဘဝတစ်ခုကိုတည်ဆောက်နိုင်မှာအသေအချာပါဘဲ။

#Success
#Toptenteam

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Copyright © All rights reserved. Newsphere by AF themes.