Sun. Jun 16th, 2019

အိမ်မြှောင်က ပေးတဲ့ သင်ခန်းစာ

ဂျပန်နိုင်ငံက အိမ်တစ်အိမ်မှာ အိမ်ကို ပြန်လည်ပြုပြင်ဖို့ နံရံကိုခွာကြပါတယ်…. ဂျပန်အိမ်တွေဟာ သာမန်အားဖြင့် သစ်သား နံရံ နှစ်ခု ကြားမှာ ဟပြီး အခေါင်းပေါက်လိုမျိုး ထားလေ့ရှိပါတယ်…

နံရံကို ခွာချလိုက်တဲ့အခါ အိမ်ရှင်ဟာ ခြေထောက်မှာ သံချောင်းစိုက်နေတဲ့ အိမ်မြှောင်တစ်ကောင်ကို တွေ့ရပါတယ်… အိမ်အပြင် ဘက်က ရိုက်လိုက်တဲ့ သံတစ်ချောင်းဟာ အထဲက အိမ်မြှောင်ရဲ့ ခြေထောက်မှာ သွားစိုက်နေတာ ဖြစ်ပါတယ်…

အိမ်မြှောင်ကို ကြည့်ပြီး သူတော်တော် သနားသွားပါတယ်… တစ်ချိန်ထဲမှာပဲ သိချင်စိတ်လည်း ပြင်းပြသွားပါတယ်… ဘာကြောင့်လဲဆိုတော့ သံချောင်းကို ကြည့်လိုက်တဲ့ အခါမှာ ဒီအိမ်ကို စဆောက်ခဲ့စဉ် လွန်ခဲ့တဲ့ ၃ နှစ်က ရိုက်ထားတဲ့ သံချောင်းဖြစ်ေ နလို့ပါပဲ…

ဒီအိမ်မြှောင်ဟာ ဒီလိုပုံစံမျိုးနဲ့ ၃ နှစ်လုံးလုံး အသက်ရှင် နေနိုင်တယ်ဆိုတာ အံ့သြစရာပါပဲ… မှောင်မည်းနေတဲ့ နံရံနှစ်ခုကြားမှာ ၃ နှစ် လုံးလုံးမရွေ့မလျားပဲ အသက်ရှင် နေနိုင်တယ်ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ… တကယ့် အံ့မခန်းပါပဲ…

ဒီအိမ်မြှောင်ဟာ ၃ နှစ်လုံးလုံး ဘယ်လို အသက်ရှင် နေထိုင်နိုင်လဲ ဆိုတာကို သူ တအံ့တသြ ဖြစ်နေပါတယ်… ခြေထောက်မှာ သံရိုက် ထားတဲ့ အတွက် နည်းနည်းလေးမှ လှုပ်ရှားသွားလာလို့ ရမှာမဟုတ်ပါဘူး….

ဒါကြောင့် သူက လုပ်လက်စ အလုပ်တွေကို ရပ်ထားပြီး အိမ်မြှောင်ကို စောင့်ကြည့်ပါတယ်… ဒီအိမ်မြှောင် ဘာတွေလုပ်နေတယ်… ဘာတွေ စားနေတယ် ဆိုတာကို သိရအောင်ပေါ့…

နည်းနည်းကြာတဲ့ အခါ ဘယ်က ထွက်လာမှန်း မသိတဲ့ တခြား အိမ်မြှောင်တစ်ကောင်ကို တွေ့ရပါတယ်… ပါးစပ်မှာလည်း အစာကို ကိုက်ထားပါတယ်…

သူအံ့သြတကြီး ဖြစ်သွားပြီး နက်နက်နဲနဲ ခံစားလိုက်ရပါတယ်… ခြေထောက်မှာ သံစူးနေတဲ့ အိမ်မြှောင်အတွက် တခြား အိမ်မြှောင် တစ်ကောင်က ၃ နှစ်လုံးလုံး အစာကျွေးနေတယ် ဆိုတာကို သူသိလိုက်ရပါတယ်…

မြင်ယောင်ကြည့်လိုက်ပါ… ၃ နှစ်ဆိုတဲ့ အချိန်အကြာကြီး အထိ သူ့အဖော်အတွက် မျှော်လင့်ချက်တွေကို ဖမ်းဆုပ်ပြီး မငြီးမငြူ အစာရှာကျွေးနေခဲ့တာပါ… သင့်ရဲ့ အဖော်အတွက် ဆိုရင်ကော သင်ဒီလောက် လုပ်ပေးနိုင် ပါ့မလားလို့ စဉ်းစားကြည့်ပါ…

စဉ်းစားကြည့်ပါ… သင့်ကို ကိုးလလုံးလုံး ဝမ်းနဲ့လွယ်.. ဒုက္ခပေါင်းစုံ သင့်အတွက် ရင်ဆိုင်ပြီး သင့်ကို လူ့လောကထဲ ခေါ်ေ ဆာင်ပေးခဲ့တဲ့ သင့်အမေ အတွက်ကော သင်ဒီလို လုပ်ပေးနိုင်ပါ့မလား… ဒါမှမဟုတ် သင့်အဖေ… မိတ်ဆွေသူငယ်ချင်း… ညီအစ်ကိုမောင်နှမတွေ… ဘယ်သူ့အတွက် သင်လုပ်ပေးနိုင်မလဲ….

ဒီလို သေးငယ်တဲ့ သက်ရှိသတ္တဝါလေး လုပ်နိုင်တဲ့ အလုပ်ကို ဥာဏ်ရည်ဥာဏ်သွေး မြင့်မားတဲ့ သင့်လို သက်ရှိလူသား တစ်ယောက် က မလုပ်နိုင်ခဲ့တာကို မြင်ယောင်ကြည့်လိုက်ပါဦး…

သတင်းအချက်အလက်နဲ့ ဆက်သွယ်မှုနည်းပညာတွေ မြင့်မားတိုးတက် လာတာနဲ့အမျှ သတင်းအချက် အလက် တွေကို မြန်သ ထက် မြန်မြန်ဆန်ဆန် ကျွန်တော်တို့ ရယူ အသုံးပြုနိုင် လာကြပါတယ်… ဒါပေမဲ့ သက်ရှိလူသားတွေကြားက ဝေးကွာမှုကကော ပိုပြီးနီးကပ်လာပါရဲ့လား….

ကျေးဇူးပြု ပြီး သင်ချစ်ခင်မြတ်နိုးတဲ့ သူတွေကို ဘယ်တော့မှ မစွန့်ခွာပါနဲ့… သူတို့ သင့်ကို တကယ်လိုအပ်နေချိန်မှာ သင်မ အားသေးဘူးလို့ ဘယ်တော့မှမပြောပါနဲ့… သင့်ခြေဖဝါး အောက်မှာ ကမ္ဘာကြီး တစ်ခုလုံးကို သင်စိုးမိုးထားနိုင်တယ် ဆိုရင်တောင်မှ သူတို့အတွက် တစ်ခုတည်းသော ကမ္ဘာလောက က သင်ပဲ ဖြစ်နေပါလိမ့်မယ်…

လျစ်လျူ ရှု လိုက်တဲ့ တခဏတာဟာ သင့်ကို ချစ်တဲ့ သူတွေရဲ့ နှလုံးသားကို တခြားအရာ အားလုံးထက် နာကျင် ကျိုးပျက် စေ ပါလိမ့်မယ်… သင်တစ်ခုခု ပြန်မပြောခင် စဉ်းစားကြည့် လိုက်ပါ… အလုပ်ဆိုတာ တစ်သက်လုံး လုပ်နေရမှာပါပဲ… သူတို့အတွက် ပေးလိုက်ရတဲ့ အချိန်က တကယ်တော့ တခဏတာလေးပဲ ကုန်သွားတာပါ…

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Copyright © All rights reserved. Newsphere by AF themes.