Sun. Jun 16th, 2019

မာနကြီးတဲ့မိန်းကလေးတွေက ချစ်မိပြီဆိုရင် ဒီလိုတွေခံစားရတယ်ဆိုတာ သင်သိချင်မှသိလိမ့်မယ်

မာနကြီးတဲ့မိန်းကလေးတွေလည်း ချစ်တတ်ပါတယ်။ ဒါပေမယ့် လူတော်တော်များများက သူတို့ကို မချစ်တတ်တဲ့သူ၊ အသည်းမာတဲ့သူလို့ပဲ ထင်တတ်ကြပြီး ခံစားမှုသိပ်မပြင်းထန်ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် သင်မသိသေးတဲ့၊ မာနကြီးတဲ့မိန်းကလေးတွေ တကယ်ချစ်မိပြီဆိုရင် ဘယ်လိုခံစားရလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) စူးစူးနစ်နစ်ချစ်တယ်

သူတို့တွေဟာ လူတစ်ယောက်ကို လွယ်လွယ်နဲ့ မချစ်တတ်ကြပါဘူး။ တကယ်လို့ ချစ်မိပြီဆိုရင်လည်း စူးစူးနစ်နစ်အရူးအမူးကို ချစ်တတ်ကြပါတယ်။ သူတို့တွေဟာ လူတစ်ယောက်ကို ချစ်ပြီဆိုရင် အတည်ပဲချစ်တတ်ကြပါတယ်။ လွယ်လွယ်မချစ်တတ်တဲ့သူတို့အဖို့ ချစ်မိပြီဆိုရင်လည်း မေ့ဖျောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ကို ခဲယဉ်းပါတယ်။

(၂) လျို့ဝှက်နိုင်တယ်

သူတို့တွေဟာ ဆန္ဒထက်မာနနဲ့ သိက္ခာကို တန်ဖိုးထားကြသူတွေပါ။ တစ်ခါတလေ လူတစ်ယောက်ကို ဘယ်လောက်ပဲချစ်ချစ် သူတို့ဖက်က ဘယ်တော့မှ စပြီးခြေမလှမ်းတတ်ကြပါဘူး။ သူတို့ဖက်က စပြီးခြေလှမ်းရမှာထက်စာရင် တစ်သက်လုံးရင်ထဲမှာမြိုသိပ်ပြီး အဆုံးထိ လျှို့ဝှက်နိုင်တဲ့သူတွေပါ။ တစ်ခါတလေ သူတို့ဘယ်သူ့ကို ချစ်နေတယ်ဆိုတာ သူတို့ကိုယ်တိုင်ဖွင့်မပြောမချင်း မသိနိုင်သလို၊ အဲလိုဖွင့်ပြောဖို့ဆိုတာကလည်း တော်ရုံတန်ရုံနဲ့တော့ ပြောမှာမဟုတ်ပါဘူး။

(၃) ထိန်းချုပ်နိုင်တယ်

မာနကြီးတဲ့မိန်းကလေးတွေဟာ လူတစ်ယောက်ကို ဘယ်လောက်ပဲ ချစ်ချစ် ကိုယ့်ဘက်ကဘယ်တော့မှ မစချင်ကြသလို၊ ရေလာမြောင်းပေးတာမျိုး လုပ်ရမှာလည်း လုံးဝမလိုချင်ပါဘူး။ ဒီလိုနဲ့ပဲ ခံစားချက်တွေကို ထိန်းချုပ်ရင်း၊ သူ့ဖက်က လှမ်းလာမယ့် ခြေလှမ်းတွေကိုပဲ စောင့်မျှော်နေရင်းနဲ့ ကိုယ်ချစ်နေတဲ့သူ၊ ကိုယ်မျှော်လင့်နေတဲ့သူက သူများနောက် ကောက်ကောက်ပါသွားတဲ့ အဖြစ်မျိုးကို ကြုံကြရပါတယ်။
(၄) နာကျင်ရတယ်

သူတို့ဟာ အမြဲတမ်းလိုလို နာကျင်ရပါတယ်။ အကြောင်းကတော့သူတို့ဟာ ခံစားချက်တွေကို သူများတွေလိုမျိုး ထုတ်ပြောတတ်တဲ့သူတွေ မဟုတ်ကြလို့ပါ။ တစ်ခုခုခံစားရပြီဆိုရင် ခံစားရသမျှကို တစ်ယောက်တည်း ကြိတ်မှိတ်ခံစားပြီး အံကြိတ်ခံနေတတ်သူတွေပါ။ သူတို့အတွက်ကတော့ နာကျင်မှုတွေကို တစ်ယောက်တည်းကြိတ်ခံစားပြီး သူ့ကိုနာကျင်စေတဲ့သူရဲ့ရှေ့မှာ ဘာမှမဖြစ်သလို နေနိုင်တာကိုက ဂုဏ်ယူစရာကောင်းနေလို့ပါ။

(၅) လူတွေမသိတဲ့ ခံစားချက်တွေရှိတယ်

တစ်ခါတလေ ဒီလိုမာနကြီးတဲ့သူတွေဆီမှာ ဘယ်သူမှမသိတဲ့ အချစ်ရေးမျိုးတွေ ရှိနေတတ်ပါတယ်။ ဥပမာ သူချစ်နေတဲ့သူ၊ သူ့ရင်ထဲမှာ နှစ်နှစ်ကာကာချစ်နေရတဲ့သူဟာ သင်လုံးဝမမျှော်လင့်ထားတဲ့သူ ဖြစ်နေတာမျိုးပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ လူတစ်ယောက်၊ အထူးသဖြင့်ကိုယ့်ကို မချစ်တဲ့သူတစ်ယောက်ကို ကိုယ့်ဖက်ကနေ ချစ်ပါတယ်လို့ ဝန်ခံရမှာလောက် ခံပြင်းတာမရှိပါဘူး။ ဒါကြောင့် တစ်ခါတလေ သူတို့နဲ့ဘယ်လိုမှမဖြစ်နိုင်တဲ့သူ၊ သူတို့နဲ့ဆုံစည်းဖို့ ဘယ်လိုမှမဖြစ်နိုင်တော့တဲ့သူတစ်ယောက်ကို စိတ်ထဲမှာပဲ ထာဝရသိမ်းဆည်းထားလိုက်ပြီး အပြင်ပန်းမှာတော့ ပိပိရိရိ မာကျောချင်ယောင်ဆောင်တတ်ကြပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Copyright © All rights reserved. Newsphere by AF themes.