Thu. Jun 27th, 2019

သူများ သားမယားနဲ့ ဖေါက်ပြန်ရင် အရသာ… ဘယ်လိုရှိလဲ သိချင်ရင်ဖတ်ကြည့်

1 min read

ထိုင်းနိုင်ငံမှာပေါ့ ဘုရင်ကြီးဟာ မိဘုရားမြှောက်ရန်
အတွက် တစ်နိုင်ငံလုံးက အလှမယ်ရွေးခိုင်းတယ်။
ပထမဆုရတဲ့သူကို မိဘုရားခန့်အပ်လိုက်တယ်
ဆိုတော့ ဘယ်လောက်လှလိုက်မလဲ ချော့လိုက်မလဲ
တွေးကြည့်ရင် သိသာလှပါတယ်။ ဒါပေမယ့် ဒီအလှ
မယ်ပြိုင်ပွဲကို မကြည့်လိုက်ရတဲ့သူက ဘုရင့်စားဖို
မှူးပဲ။
ဒါကြောင့် ဘုရင်ပွဲတော် ဆက်သရာမှာမိဘုရားကို
သွားတွေ့တော့ ဒီစဖိုမှူးဟာ မိဘုရားကိုစွဲလမ်းသွား
တော့တာပဲ။ ဒါကြောင့် ဒီစိတ်နဲ့ ချက်ပြုတ်လာတော့
သုံးဆောင်တဲ့ဘုရင်ကသိလာတယ်။အပူအစပ်အငံ
မတည့်တော့ဘူးပေါ့ ဒါကိုအောင့်အီးပြီးစားလာတဲ့
ဘုရင်က ခုနှစ်ရက်ပြည့်တော့ မအောင့်နိုင်တော့ဘူး
မောင်မင်း လက်ရာတွေဟာ အရင်နဲ့မတူတော့ဘူး
ဒါ့ကြောင့် ငါဘုရင်ကို အမှန်အတိုင်း သံတော်ဦး
တင်စမ်း ဆိုတော့ စဖိုမှူးကလဲ ရဲရဲကြီးသံတော်
ဦးတင်လိုက်တယ်
မှန်ပါ့ အရှင်မင်းကြီး သတ်ရင်လဲသေ ထားရင်လဲရှင်
ရမယ့်ဘဝပါ ကျွန်တော်မျိုးမှန်တာကို သံတော်ဦး
တင်ရမယ်ဆိုရင်ဖြင့် အရှင်မင်းကြီးရဲ့မိဘုရားနဲ့
တစ်ညလောက်အိပ်စက်ချင်တဲ့စိတ်တွေ လွှမ်းမိုးနေ
ကြောင်းပါဘုရား ဆိုတော့ ဘုရင်ကြီးကစိတ်မဆိုးဘူး
ဗျ ကျွန်တော်တို့ဆိုဘဟ်ရလိမ့်လဲ သေစမ်းဆိုပြီး
ပြေးခုတ်သတ်ပစ်မှာ ဟုတ်တယ်ဟုတ် “မယားကိုထီ
ဓါးကြည့်”စကားပုံတောင်ရှိသေး..
ဒီတော့ ပြန်ဆက်ရအောင် ဘုရင်ကြီးဟာ
အသေအရှာစဉ်းစားပြီးတော့မှာ
စဖိုမှူးကြီး ငါဟာဘုရင်ဆိုပေမယ့် ငါ့ကိုပြည်သူကပဲ
ပိုင်တယ် ငါ့ကိုယ်ငါတောင်မပိုင်ဘူး ဒါကြောင့်
မိဘုရားဆိုတာလဲ ဒီအတိုင်းပါပဲ ဒါကြောင့် ငါကိုယ်
တော်မြတ် မိဘုရားကိုမေးမြန်းလိုက်ဦးမယ်
တစ်ကယ်လို့ဆန္ဒရှိတယ်ဆိုရင် မိဘုရားဟာ သင့်
အဆောင်တော်ကို ကိုးချက်တီးလောက်ဆိုလှမ်းလာ
ပါလိမ့်မယ် အသင်ပြန်နှင့်ပါတော့ ဆိုပြီးမသတ်
တဲ့အပြင် ပြန်လွှတ်လိုက်တယ်ပေါ့။ကဲ့ ဘယ်လောက်
သဘောထားကြီးလိုက်လေသလဲနော်…
ညကိုးချက်တီးလောက်မှာ တံခါးခေါက်သံကြား
လို့ စဖိုမှူးကတံခါးဖွင့်ကြည့်လိုက်တော့ aww
မိဘုရားဖြစ်နေတယ်။ဒီတော့ နှာစိတ်ထနေတဲ့စဖို
မှူးကတော့ စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲ
တယ်ဆိုတော့ ဘယ်လိုအိပ်ရင် ဘယ်လိုအဟီး
ဘယ်နှစ်ကြိမ် အိပ်ပစ်မယ်တို့ ဘာတိုတွေးနေ
မှာပေါ့လေ။ထားလိုက်ပါဒါကစဖိုမှူးကစ္စ။
ဒါပေမယ့်မိဘုရားမှာ ယူဆောင်လာတာက သောက်
ရေခွက်ငါးမျိုးပါလာမယ်။၁။ရွှေနဲ့ပြုလုပ်ထားတဲ့ခွက်
၂။ငွေနဲ့ပြုလုပ်တဲ့ခွက်၃။ကြေးနဲ့ပြုလုပ်ထားတဲ့ခွက်
၎။ဒန်နဲ့ပြုလုပ်ထားတဲ့ခွက်၅။ကော်နဲ့ပြုလုပ်ထားတဲ့
ခွက်ဆိုပြီးငါးမျိုးပေါ့။ ဒီခွက်ငါးခွက်မှာသောက်ရေ
တွေဖြည့်လိုက်ပြီးနောက် စဖိုမှူးရဲ့ဘဝဇာတ်ကြောင်း
တွေမေးတော့ စဖိုမှူးကလဲဂုဏ်ယူဝင့်ကြွားစွာနဲ့
ပြောတာပေါ့ ဒီကြားထဲမိဘုရားက ရေကြည်တော်
တွေဆက်သ နားထောင်ရင်းပေါ့ ဒီလိုနဲ့ရေငါး
ခွက်လဲကုန်ရော့ ညလဲနက်ပါရော့ စဖိုမှူးက
မိဘုရား အိပ်ကြရအောင်ဗျ ကျွန်တော်မနေနိုင်တော့
ဘူးဗျာ ဆိုတော့ မိဘုရားက…
စဖိုမှူးမအိပ်ခင်လေးမှာ ငါမေးတဲ့မေးခွန်းတွေကိုဖြေ
ပါ စောစောက စဖိုမှူးသောက်တဲ့ရေငါးခွက်မှာ
ဘယ်ခွက်ကရေက ပိုပြီးအရသာရှိပါသလဲဆိုတော့
စဖိုမှူးက ရွှေခွက်.ငွေခွက်.ကြေးခွက်.ဒန်ခွက်.ကော်
ခွက်ကရေတွေအကုန်လုံးဟာ အတူတူပါပဲမိဘုရား
လို့ဖြေတယ် ဒီတော့ မိဘုရားကပြန်ပြောတယ်
သင်ဟာပညာရှိတစ်ယောက်ပါပဲ စဖိုမှူး
သင်က ကျွန်ုပ်ထင်ထားသည့်ထက်ပင် ပညာရှိပီသ
ပါပေတယ်။ ထို့အတူပါပဲ..
သင့်ရဲ့မိန်းမနဲ့ အကျွန်ုပ်ကကော့ ဘာတွေ
ကွာခြားနေလို့လဲ။ စဖိုမှူး ရေဟာရေပါပဲ မိန်းမဟာ
မိန်းမပါပဲ။
သင်အကျွန်ုပ်နဲ့ဖေါက်ပြန်မည်ဆိုပါက ကျွန်ုပ်နဲ့သင်
ဟာ ဒုသနသောငရဲမှာလဲခံရဦးမယ် သင်မကြောက်
ပေဘူးလားဟုမေးလိုက်ရာ စဖိုမှူးက
အကျွန်ုပ်မှားပါသည် မိဘုရား ကျွန်တော်မျိုးသည်
ရာဂတဏှာလွှမ်းမိုးသွားခြင်းကြောင့် သတိမမူ
ဂူကိုပင်ခလုတ်တိုက်မိတို့မလို ဖြစ်ခဲ့ရပါသည်
ထို့ကြောင့် ကျွန်တော်မျိုး လွန်စွာရှက်ကြောက်မိပါ၏
စိုးရွှံမိပါ၏ ထိုကြောင့် ကျွန်တော်
မျိုးကိုခွင့်လွှတ်တော်မူပါ ထို့အပြင်သင်မိဘုရားဆီ
မှ ကျွန်ုပ်တစ်ခုလောက်တောင်းဆိုပါစေ အကျွန်ုပ်
အား စဖိုမှူးဘဝကိုစွန့်လွှတ်ပြီးသာသနဘောင်ကို
ဝင်ခွင့်ပြုတော်မူပါဆိုတော့ ဝင်ခွင့်ပြုလိုက်ပါတယ်
တဲ့ ပုံပြင်လေးက ဒါပါပဲ။
တစ်ကယ်တော့ ကျွန်တော်တို့ ဖေါက်ပြန်ချင်ကြတယ်
ဘာတွေ ပိုပြီးအရသာရှိပါ့မလဲ ရေဟာရေပါပဲ။မိန်းမ
ဟာ မိန်းမ ယောက်ကျားဟာ ယောက်ကျားပါပဲ
ဘာမှအထူးခြားပါဘူး။ လိုက်စားမိရင်လဲ ငွေကုန်မယ်
ရောဂါရမယ်။အမည်ပျက်မယ်။စီပွားပျက်မယ်။
လင်မယားရန်ဖြစ်မယ်။ဘယ်မှာ ကောင်းကျိုးရှိပါမ
လဲ။ဒုသနသောဆိုတဲ့ ငရဲမှာလဲခံရပေဦးမယ်
ဘယ်မှာကောင်းကျိုးရှိပါမလဲ။ ဒါကြောင့် လင်က
မယားအပေါ်မှာ မယားက လင်အပေါ်မှာသစ္စာရှိ
ခြင်းဟာ မင်္ဂလာတစ်ပါးပါပဲ။သူများမယားဆိုလဲ
ကိုယ့်မယားနဲ့ ဘာခြားနားမှု့မှ မရှိသလို သူများလင်
ဆိုတာလဲ ကိုယ့်လင်ထက်ဘာခြားနားမှု့မှ မရှိနိုင်ပါ
ဘူး ရွှေခွက် ငွေခွက် ကြေးခွက်ကွာသလို ရုပ်ရည်
အဆင်းပဲကွာပါတယ် ခွက်ထဲကရေကတော့ အတူ
တူပါပဲဆိုတာကို သတိထားဆင်ခြင်နိုင်ကြပါစေ။

အနန္တော အနန္တငါးပါးဦးထိပ်ထားလျှက်

မောင်ကျော်သန်း လိပ်မ(အတွေး အရေး)
ပညာရှင် မဟုတ်သည့် ပညာသင်
မှတ်ချက် = စာဖတ်သူသည်လူတော်လူကောင်းဟု
ကျွန်ုပ်ယုံကြည်ပါသည် ဤပိုစ့်သည်
ပညာပေးပိုစ့်ဖြစ်သောကြောင့်
ညစ်ညမ်းသောကော့မာန်းမပေးပါရန်
တောင်းဆိုအပ်ပါသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Copyright © All rights reserved. Newsphere by AF themes.