Thu. Jun 27th, 2019

ထင်းခုတ်သမားတစ်ယောက်ရဲ့ အတွေး

1 min read

ရွာသားတစ်ဦးထင်းခုတ်နေသည့်အနားသို့ သစ်တောဝန်ထမ်းတစ်ဦးရောက်လာသည်။
“ဟေ့ကောင်.. ရပ်စမ်း မင်းဘာလုပ်နေတာလဲ”

“ထင်းခုတ်နေတာလေ ဆရာရဲ့”

“အောင်မာ မင်းက..ဘယ်သူ့အမိန့်နဲ့ခုတ်တာလဲ…”
“ဗျာ…ဘိုးစဉ်ဘောင်ဆက်တစ်သက်လုံး…ဒီအတိုင်း
ခုတ်လာခဲ့တာပဲ..ဗျာ….ဘယ်သူ့ဆီကမှ..ခွင့်မတောင်း
ခဲ့ဖူးပါဘူး…”
“ဒါကိုဘာပင်မှတ်နေလို့လဲ Golden Teak
လို့ခေါ်တယ်ကွ”

“ဟုတ်လားဆရာ ကျွန်တော်က ထင်းပင်မှတ်လို့ခုတ်နေတာ
လက်စသပ်တော့ အင်္ဂလိပ်ပင် ဖြစ်နေတာကိုး..”

“မြန်မာလို ကျွန်း ပင်လို့ခေါ်တယ်ကွ၊ခုတ်ချင်တိုင်းခုတ်မရဘူး
ဒီအပင်ကိုရောင်းရင် နိုင်ငံခြား ပိုက်ဆံရတယ်”

“မသိလို့မေးပါရစေ ဆရာ ၊ မြန်မာပိုက်ဆံက ဘာဖြစ်လို့လဲ”

“မင်းနဲ့တော့ ခက်ပြီ ၊ ဒီအပင်ကို အစိုးရပိုင်တယ် မင်းတို့ခုတ်ချင်တိုင်းခုတ်လို့မရဘူး”

“အစိုးရမင်းတွေ ရေလာလောင်းတာ အပင်လိုက်စိုက်တာလဲ
လဲ တစ်ခါမှ မတွေ့ပါဘူးဆရာရယ်”

“မင်းတော့ ပြဿနာတက်ပြီ ကျွန်းပင်ကိုခုတ်ရင် ထောင် ၇ နှစ်ကွနိုင်ငံတော်ပိုင်တဲ့ ပစ္စည်း ၊ မင်းတော့ ထောင် ၇ နှစ်ကျပြီ..သာမှတ်…လာလိုက်..ခဲ့”

သစ်ပင်ခုတ်နေတဲ့ ရွာသားစိတ်ထဲ၌ ရုတ်တရက်တွေးမိလိုက်သည်။

ဟိုဘက်ရွာက အောင်ပုတို့ လူသတ်မှူဖြစ်တာ ထောင် ၃ နှစ်ပဲကျတယ်။ငါဒီအပင်ကို ခုတ်မိတာ ထောင် ၇ နှစ်တောင်ကျတော့မယ်ဒီကိစ္စကို သိတဲ့သူကလည်း ဒီကောင်တစ်ကောင်ပဲရှိတယ်။
ဒီကောင့်ကို သတ်လိုက်ရင် ငါ ..အဖမ်းခံရရင်..တောင်
ထောင် ၄ နှစ် သက်သာမယ်…

ထို့နောက်……….တွင်…..

 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Copyright © All rights reserved. Newsphere by AF themes.