Sun. Jun 16th, 2019

ဖိလစ်ပိုင်ကပြိုင်ပွဲတစ်ခုကို သွားရောက်ယှဉ်ပြိုင်မယ့် သားတို့အမြွှာ

1 min read

MyanmarGotTalentရဲ့စင်မြင့်ထက်ကနေမင်းသမီးအကလေးနဲ့ဖျော်ဖြေတင်ဆက်ပြီးပရိသတ်တွေအချစ်ကိုရယူသွားခဲ့တဲ့ တဲ့ ဖြိုးနဲ့ မိုး ဆိုတဲ့အမြွာညီအစ်ကိုလေးနှစ်ယောက်ကို မှတ်မိဦးမယ် ထင်ပါတယ်။ မြန်မာ့ အနုပညာကို ချစ်မြတ်နိုးပြီး မွေးကတည်းကအနုပညာသွေးတွေစီးဆင်းနေတာပါလို့ဖြေခဲ့သလိုပဲဒီအမြွာသားလေးနှစ်ယောက်လုံးဟာတကယ်ကိုပါရမီရှင်လေးတွေလို့ ဆိုရမှာပါ။

လတ်တလောမှာတော့သားတို့အမြွှာကဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာကျင်းပတဲ့(SEAVFC)ပြိုင်ပွဲမှာသွားရောက်ယှဉ်ပြိုင်မယ်လို့သိရပါတယ်။”ညီငယ်မင်းသားလေးနဲ့ကျွန်တော်”ဆိုတဲ့ဇာတ်လမ်းတိုလေးဖန်တီးရိုက်ကူးထားပြီးသားတို့အမြွှာရဲ့ဘဝဇာတ် ကြောင်းကို အခြေခံပြီး ရိုက်ကူးထားတယ်လို့သိရပါတယ် ။ ချစ်စရာကောင်းသလိုစကားလဲတတ်ပြီးသရုပ်ဆောင်ပီပြင်တဲ့ သားတို့အမြွှာကတော့ ဖိလစ်ပိုင်နိုင်ငံမှာ နိုင်ငံဂုဏ်ဆောင်ဖို့ သွားရောက်ယှဉ်ပြိုင်နေကြပါပြီ ။ မြန်မအနုပညာကိုတန်ဖိုးထား မြတ်နိုးပြီး ထိန်းသိမ်းနေတဲ့ သားတို့အမြွှာ အောင်မြင်မှုတွေနဲ့ပြန်လာပါလို့ ပရိသတ်တွေက မှတ်ချက်ပေးနေကြ ပါတယ် ။

နိုင်ငံတော်ကချီးမြင့်ထားတဲ့ရွှေတံဆိပ်ဆုတွေလည်းရရှိထားပြီးနှစ်ပါးသွား၊နတ်ပင့်၊ဇော်က၊ပုဂံကစသဖြင့်မိန်းမ၊ယောကျာ်းဇာတ်ရုပ်မကျန်ကပြဖျော်ဖြေတတ်တဲ့ဒီအမြွှာလေးနှစ်ယောက်ကိုတော့ချီးကျူးလို့မဆုံးနိုင်ဖြစ်နေကြပါတယ်။ချစ်ပရိသတ်ကြီးကလည်း သားတို့အမြွှာ အောင်မြင်မှုတွေနဲ့ အိမ်ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးကြပါဦးနော် .. ။

CRD-myanmarload

Video

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Copyright © All rights reserved. Newsphere by AF themes.