Thu. Jun 27th, 2019

အိပ်ရာထဲမှာ ဘာမှမ၀တ်ဘဲ အိပ်တာက ရရှိစေမယ့် အကျိုးကျေးဇူး (၉)ချက်

1 min read

ကျွန်တော်တို့ရဲ့ ဘ၀တွေကို အိပ်စက်ခြင်းက နေ့တိုင်းသုံးပုံတစ်ပုံလောက် စိုးမိုးထားပါတယ်။ လုပ်ငန်းခွင်တွေ လူကြားထဲသွားတဲ့ အချိန်တွေမှာ အ၀တ်အစားကို သပ်သပ်ရပ်ရပ်နဲ့ ၀တ်ဆင်ရသလို ညဖက်အိပ်ရင်လည်း ည၀တ်နဲ့ အိပ်ရပါတယ်။ ဒါဆို နေ့ခင်းဖက်ကို မအိပ်ဘဲ အ၀တ်အစားဝတ်ရရင် ညဖက်ကို အိပ်ပြီး အ၀တ်အစား မ၀တ်ရင်ကော။ အဲ့တာက ဘယ်လိုကောင်းကျိုးတွေ ရမလဲ။ လက်တွေ့ ဘ၀အတွက် လုံးဝကို အကျိုးရှိတဲ့ အ၀တ်အစား မ၀တ်ဘဲအိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို MyanmarNote ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) အ၀တ်အစားအကုန် သက်သာမယ်။

သိပ်မှန်တာပဲ။ ညဖက်ကို ၀တ်တဲ့ အ၀တ်အစားကို မ၀တ်လိုက်တော့ မလျှော်ရတော့သလို ရှုပ်လည်းမနေရတော့ဘူး။ ပြီးတော့ သူ့အတွက် သတ်သတ်ကြီး ခေါင်းရှုပ်စရာမလိုတော့ဘူး။

(၂) ဟိတ်ဟန်နဲ့နေရတဲ့ ဘ၀ကို ခဏမေ့ထားလို့ရမယ်။
ပြောခဲ့တယ်မလား။ အလုပ်သွားရင် လှအောင်ပြင်ရ။ အ၀တ်အစားကို မီးပူတိုက်ရ။ ပြီးတော့ လူကြားထဲမှာဆို ရှိုးထုတ်ရသေးတယ်လေ။ ညဖက် အ၀တ်မ၀တ်ဘဲ အိပ်တော့ သေးပေါက်ချလည်း ဘယ်သူမှလည်းမသိ။ လှလှမလှလှ ဂရုစိုက်စရာကိုမလိုတော့တာ။

(၃) လွတ်လပ်ပြီး ပျော်ရွှင်ရမယ်။
လွတ်လပ်တဲ့ အ၀တ်အစားနဲ့ ပျော်ရွှင်ချင်ရင် ကမ်းခြေသွားနေရဦးမယ်။ အခုက သွားစရာကို မလိုတာ။ လွတ်လပ်တာမှ ပြောမနေနဲ့တော့။ အိပ်ချင်သလိုအိပ်။ ပျော်ဖို့ကောင်းတာက အ၀တ်မပါဘဲ အိပ်ကြည့်မှ သိမှာပါ။ ကမ်းခြေရောက်နေသလိုမျိုး။

(၄) ပိုပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမယ်။
အမျိုးသား အိပ်စက်ခြင်း ဖောင်ဒေးရှင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ်မှာ လုံလောက်တဲ့ အအေးဓာတ် အနည်းငယ်လိုပါတယ်တဲ့။ ကလေးငယ်တွေမှာတော့ အနွေးဓာတ်က အထောက်အကူ ဖြစ်ပေမဲ့ လူကြီးတွေကတော့ ည၀တ်တွေ ၀တ်အိပ်လိုက်တဲ့ အခါမှာ အအေးဓာတ်ကို တားဆီးတာမျိုး ဖြစ်နိုင်ပါတယ်တဲ့။

(၅) အရေပြားအတွက် ကောင်းကျိုးတွေ ရစေပါတယ်။
ဒီအချက်က အသားဖြူစေတယ်လို့ ပြောတာမဟုတ်ဘူးနော်။ အ၀တ်မ၀တ်ဘဲ အိပ်တဲ့အခါမှာ ချွေးပေါက်လေးတွေ ပွင့်နေတဲ့အတွက် လုံလောက်တဲ့ အာဟာရကို သူတို့ဘာသာ ရယူပြီး ကျန်းမာသန်စွမ်းတဲ့ အရေပြားအဖြစ် တည်ဆောက်ပါတယ်။ အဲ့ခါမှာ ရောဂါဘယ ဖြစ်မှုတွေကိုလည်း အနည်းငယ် လျော့ချပေးပါတယ်။

(၆) စိတ်ဖိအားတွေကို သက်သာစေမယ်။
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ ကောတစ်ဆော လို့ခေါ်တဲ့ စိတ်ဖိအားမြင့်ဟော်မုန်းကို အနည်းငယ် ထုတ်လွှင့်လေ့ရှိပါတယ်။ အ၀တ်မ၀တ်ဘဲ အိပ်တဲ့အခါမှာ သွေးလည်ပတ်မှု အားကောင်းတဲ့အတွက် အဲဒီဟော်မုန်းကို သွေးတွင်း လှည့်ပတ်စီဆင်းစေပြီး အဆင်ပြေစေပါတယ်။

(၇) ခန္ဓာကိုယ် ကြီးထွားဖို့ကို အထောက်အကူပြုတယ်။
စိတ်ဖိအားသက်သာနေတဲ့ ပတ်ဝန်းကျင် အခြေအနေအမျိုးမှာ အိပ်စက်ရတော့ ကြီးထွားဟော်မုန်းကို ကောင်းစွာ လည်ပတ်စေပြီး အလုပ်ဖြစ်စေပါတယ်။

(၈) လိင်အင်္ဂါတွေအတွက် အဆင်ပြေစေတယ်။
အမျိုးသားတွေ ဘာမှမ၀တ်ဘဲ အိပ်တော့ ဖွားဖက်တော်ကို အေးနေစေပြီး ကောင်းမွန်တဲ့ မျိုးပွားမှုကို ဖြစ်စေပါတယ်။ မိန်းကလေးကတော့ အမေပေးတဲ့ အမွေ နှစ်ခုလုံးကို အေးမြနေစေတဲ့အတွက် စိုစွတ်မှုကို ပိုပြီးရစေပါတယ်။ အဲ့တာတွေက မျိုးအောင်မှုကို အားပေးပြီး အာရုံခံစားမှုကို ပိုကောင်းစေမှာပါ။

(၉) နွေရာသီမှာ ပိုပြီးသင့်တော်တယ်။
ဒါကတော့ ရှင်းပါတယ်။ ပူရတဲ့ ကြားထဲ အ၀တ်ကတမှောင့်ဆို အဆင်မပြေ။ ချွတ်ပြီး အိပ်။ အေးနေတာပဲ။ လေ လေးကသာ ဖြူးနေရင်တော့ ပိုဂွတ်။

MyanmarNote

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Copyright © All rights reserved. Newsphere by AF themes.