Sun. Jun 16th, 2019

ဆယ်ဖီဓာတ်ပုံနှစ်ခုကြောင့် ကမ္ဘာကျော်သွားတဲ့ မိုဇမ်ဘစ်နိုင်ငံသားကြီး

1 min read

အခုဖော်ပြထားတဲ့ ဓာတ်ပုံတွေဟာ သာမန်အားဖြင့်တော့ ရယ်စရာကောင်းတယ်လို့ ထင်ရပေမယ့် နောက်ကွယ်မှာ ဝမ်းနည်းစရာ ဇာတ်ကြောင်းတွေ ပြောဖို့ ရှိနေပါတယ်။ ဒီဓာတ်ပုံတွေဟာ လူမှုကွန်ရပေါ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက နေရာယူလာခဲ့တာဖြစ်ပြီး၊ လူအများရဲ့ သဘောကျမှုကို ခံခဲ့ရပါတယ်။

ဒီဓာတ်ပုံထဲမှာပါဝင်တဲ့ အမျိုးသားကြီးဟာ မိုဇမ်ဘစ်နိုင်ငံသားကြီးဖြစ်ပြီး၊ သူဟာ ကားမထွက်မီနဲ့၊ ကားမတော်တဆမှု ဖြစ်ပြီး ဓာတ်ပုံတွေကို ရိုက်ယူခဲ့သူပါ။ အဲဒီအဆင့်မြင့်ခရီးသည် ဘက်စ်ကားဟာ Quelimane မြို့မှ Beira ကို ထွက်ခွာလာတဲ့ ကားဖြစ်တယ်လို့ သိရပါတယ်။

Beira မရောက်ခင် လမ်းခုလက်မှာပင် ဘက်စ်ကားကြီးက လမ်းချော်တိမ်းမှောက်ခဲ့ပါတယ်။ ခရီးသည်(၃)ဦး နေရာမှာပင် သေဆုံးခဲ့ပြီး၊ ဆယ်ဦးလောက် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ အသက်သေဆုံးသူတွေထဲမှာ ကလေးမိခင်နဲ့၊ သူမရဲ့ အသက်(၂)နှစ်အရွယ် သားလေးလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ဒုတိယမြောက် ဆယ်လ်ဖီဓာတ်ပုံထဲမှာတော့ မိုဇမ်ဘစ်သားကြီးဟာ ပထမဓာတ်ပုံမှာလို ပြုံးရွှင်ရွှင်ဖြစ်မနေပါဘူး။ ခပ်မဲ့မဲ့ မျက်နှာအနေအထားနဲ့ သူရဲ့ တစ်ကိုယ်လုံးမှာလည်း ဖုံတွေသဲတွေ ပေကျန်နေတာကို တွေ့ရပါတယ်။ ကားဟာ လမ်းမပေါ်ကနေ အရှိန်လွန်ပြီး ဒလိမ့်ခေါက်ကွေး တိမ်းမှောက်ခဲ့ပုံရပါတယ်။

ဘက်စ်ကားဟာ Nagi Investiments ကုမ္ပဏီမှ ပြေးဆွဲတဲ့ကားဖြစ်ပါတယ်။ Mucosa River ဖြတ်ကျော်လာပြီးနောက် Gorongosa ရွာကလေးကို မရောက်ခင်မှာ အရှိန်လွန်တိမ်းမှောက်ခဲ့တာပါ။

ဒေသခံရဲတပ်ဖွဲ့ကတော့ အရှိန်မြင့်မားစွာ မောင်းလို့ အခုလိုဖြစ်တာလို့ ပြောပါတယ်။ ဒါပေမယ့် အသက်(၄၈)နှစ်အရွယ် ကားဆရာ Amisse Mussa ကတော့ ဘရိတ်ချို့ယွင်းသွားလို့ အခုလိုဖြစ်တာလို့ ချေပထားပါတယ်။

Source နတ်စည်တော် (MyanmarNote)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Copyright © All rights reserved. Newsphere by AF themes.