Sun. Jun 16th, 2019

ဆရာလင်းသိုက်ညွန့်ရဲ့ video ကို လုံးဝလက်မခံနိုင်ကြောင်း ပွင့်ပွင့်လင်းလင်းဝေဖန်လိုက်တဲ့ သရုပ်ဆောင်ရီရီပွင့်ဖြူ

1 min read

သရုပ်ဆောင်မင်းသမီးချောလေး ရီရီပွင့်ဖြူကတော့ တစ်ခေတ်တစ်ခါက ပရိသတ်တွေ အသဲစွဲ ချစ်ရတဲ့ ရယ်လိုက်တိုင်းချစ်စရာကောင်းလွန်းတဲ့ မင်းသမီးလေးတစ်လက်ပါ ။ အနုပညာလှုပ်ရှားမှု ခြေလှမ်းတွေ ကျဲနေပေမယ့် အရင်ကတော့ Music video တွေပါ မပါမဖြစ် မင်းသမီးလေး တစ်ယောက်ပါ ။ လတ်တလောမှာတော့ ရီရီပွင့်ဖြူတစ်ယောက် ဆရာလင်းသိုက်ညွန့်ရဲ့ Video ကိုလုံးဝလက်မခံတဲ့အကြောင်း ပွင့်ပွင့်လင်းလင်းဝေဖန်လိုက် ပါတယ် ။

စာရေးဆရာ လင်းသိုက်ညွန့်က မကြာသေးမီကမှ ရုံးဝန်ထမ်းတွေအနေနဲ့ Friday လိုနေ့မျိုး မှာ ပျော်မနေသင့်တဲ့အကြောင်းကို video လေးရိုက်ပြီး သူ့ရဲ့ Page ကနေ တစ်ဆင့် ပရိသတ်တွေကိုမျှဝေပေးခဲ့ပါတယ် ။ အဲ့ဒီ Video လေးကို လက်ခံသူများရှိသလို လက်မခံ သူတွေကလည်း ဝေဖန်နေကြတာပါ ။ ရီရီပွင့်ဖြူကတော့

” ဆရာ လင်းသိုက်ညွန့်ရဲ့ video ကို ဟိုနေ့က နားထောင်ချင်လို့ရှဲထားလိုက်တာ..

မအားတာနဲ့ ခုမှသေချာနားထောင်ဖြစ်တယ်… လူတွေကသောကြာနေ့ဆိုပျော်တယ်

တနင်္လာေ န့ဆို စိတ်ညစ်တယ် ဒါတွေက တိုးတတ်မှာမဟုတ်ဘူး

ဘလာ ဘလာ ဘလာ… ပေါ့..

မှန်သင့်သလောက်မှန်ပေမယ့် ကျမတော့မထောက်ခံဘူး..

ဆရာ သူကိုယ်တိုင်ပြောသွားပါတယ်..

သူရဲ့ profession က စာရေးတယ် စကားပြောတယ်တဲ့..

သူမှအလုပ်မလုပ်ဖူးဘဲ.. ကိုယ်တိုင်အလုပ်တခုမှာ တာဝန်တခုယူပီး ဝင်လုပ်ကြည့်စေချင်တယ်..

Management ဆိုတာ စင်ပေါ်မှာပြောနေသလောက် မလွယ်ဘူးလေ.. ” ဆိုတဲ့ စာသားနဲ့ အတူ ပွင့်ပွင့်လင်းလင်းရေးသားဝေဖန်ခဲ့တာဖြစ်ပါတယ် ။

အလုပ်လုပ်တဲ့ သူတိုင်းမှာ stress တွေ pressure ရှိပါတယ် ။ ဒါတွေကို အနားမပေးဘဲ အပန်းမဖြေဘဲ ရှေ့ဆက်သွားလို့မရသလို ပိတ်ရက် နားရက်ကို ပျော်တာနဲ့ လူညံ့တယော က်မဟုတ်ဘူး လို့သူမက ပြောခဲ့ပါသေးတယ် ။ လူဆိုတာ ကွန်ပျူတာလို update လုပ်ဖို့လို တယ်ဆို Shut down လုပ်ဖို့ restart ချ ဖို့လည်းလိုပါတယ် ဆရာ.. လို့လည်း သူမကရေး သားခဲ့ပါတယ် ။

Work hard ဆိုတာ လူဘိန်းတွေလုပ်တာပါဆရာ… Work smart ဖြစ်ဖို့ပဲလိုပါတယ်လို့ သူမရဲ့အမြင်အတိုင်း ဆရာလင်းသိုက်ညွန့်ကိုထောက် ပြဝေဖန်ခဲ့တာဘဲ ဖြစ်ပါတယ် ။

Source : Yi Yi Pwint Phyu

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Copyright © All rights reserved. Newsphere by AF themes.