ဘဝမှာ အခက်​အခဲကြုံလာသူတွေအတွက် တ​နေ့ (၉)ပတ်​စိပ်​ပြီး (၉)ရက်​အဓိဋ္ဌာန်​ ပုတီးစိပ်​နည်း

စိတ်​ပျံ့လွင့်​သူများအတွက်​ ပုတီးစိပ်​နည်း​လေး​ပေးပါ့မယ်​။

ပုတီးစိပ်​နည်း အမျိုးမျိုးရှိလို့ ကိုယ်​ကြိုက်​နှစ်​သက်​ရာ စိပ်​လို့ရပါတယ်​။

တခုခုကိုစွဲစွဲမြဲမြဲ စိပ်​​စေချင်​ပါတယ်​။ ဦးဇင်း​ပေးတဲ့ပုတီးစိပ်​နည်း​လေးကို ​အောက်​မှာ​ရေး​ပေးထားပါတယ်​။

တခါ်​တ​လေကိုယ့်​ဘဝမှာအခက်​အခဲတခုခုကြုံလာရင်​ တ​နေ့ (၉)ပတ်​စိပ်​ပြီး (၉)ရက်​အဓိဋ္ဌာန်​ဝင်​ပြီးစိပ်​ကြည့်​ပါ။

တစ်​ရက်​တည်း( ၉ )ပတ်​ကို တခါတည်းမစိပ်​နိုင်​ရင်​လည်း ခွဲစိပ်​လို့ရပါတယ်​။ဥပမာ မနက်​ သုံးပတ်​၊​နေ့လည်​ သုံးပတ်​ ည သုံးပတ်​​ပေါ့။ယုံယုံကြည်​ကြည်​နဲ့တကယ်​လုပ်​ကြည့်​ပါ။

ပထမအကြိမ်​ မထူးခြား​သေးရင်​ ဒုတိယအကြိမ်​ဆက်​လုပ်​လိုက်​ပါ။

တစ်​ကြိမ်​မှာ​တော့ဆု​တောင်းပြည့်​လာပါလိမ့်​မယ်​။ ကိုယ့်​ဘဝရဲ့ကံဇာတာ​တွေထူးခြားလာပါလိမ့်​မယ်​။

ပုတီးစိပ်​နည်း​လေး

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ပုတီးတစ်​လုံးချ ဓမ္မံ သရဏံ ဂစ္ဆာမိ ။ ပုတီးတစ်​လုံးချ သံဃံ သရဏံ ဂစ္ဆာမိ ပုတီးတစ်​လုံးချ

အရဟံ တစ်​လုံးချ သမ္မာသမ္ဗုဒ္ဓေါ တစ်​လုံးချ ဝိဇ္ဇာစရဏသမ္ပ​န္နော

သုဂ​တော ​လောကဝိဒူ အနုတ္တ​ရောပုရိသဓမ္မသာရထိ သထ္ထာ​ဒေဝမနုဿာနံ ဗု​ဒေ ဘဂဝါ ပုတီးတစ်​လုံးချ

ဟေတုပစ္စ​ယော ပုတီးတစ်​လုံးချ အာရမ္မဏ ပစ္စယော ပုတီးတစ်​လုံးချ

အဓိပတိပစ္စယော
အနန္တရ ပစ္စယော
သမနန္တရပစ္စ​ယော
သဟဇာပစ္စ​ယော

အညမညပစ္စ​ယော
နိဿ . ယပစ္စ​ယော
ဥပနိဿ ယပစ္စ​ယော

ပု​ရေဇာတပစ္စ​ယော
ပစ္ဆာဇာတပစ္စ​ယော
အာ​သေဝနပစ္စ​ယော

ကမ္မ ပစ္စ​ယော
ဝိပါကပစ္စ​ယော
အာဟာရပစ္စ​ယော

ဣန္ဒြိယပစ္စ​ယော
ဈာနပစ္စ​ယော
မဂ္ဂပစ္စ​ယော

သမ္ပယုတ္တ ပစ္စ​ယော
ဝိပ္ပယုတ္တ.ပစ္စ​ယော
အတ္ထိ.ပစ္စ​ယော

နတ္ထိ.ပစ္စ​ယော
ဝိဂတ..ပစ္စ​ယော
အဝိဂတ.ပစ္စ​ယော

ဆိုပြီးပုတီးတစ်​လုံးစီချသွားပါ

ပြီးရင်​ သရဏဂုံသုံးပါးက​နေ ပြန်​စိပ်​လိုက်​ပါ။ တစ်​​ခေါက်​လျှင်​ ပုတီး၃၆ လုံးဖြစ်​ပြီး သုံး​ခေါက်​စိပ်​လျှင်​ ပုတီးတစ်​ပတ်​ရပါသည်​။

ကံဇာတာ​တွေထူးခြားလာ၍ ကံ​ကောင်းခြင်း​တွေပိုင်​ဆိုင်​နိုင်​ကြပါ​စေ။

ဦးသုစိတ္တ (မန္တ​လေး)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.