အိပ်ရာကနိုးတော့ ယောက်ျားဖြစ်သူပါးစပ်ကြီး တိပ်နဲ့ကပ်ထားတာကိုတွေ့လို့ မေးကြည့်တဲ့အခါ

အဟောက်သန်လွန်းတဲ့ သူမယောက်ျားက….

အလုပ်အရမ်းပင်ပန်းတဲ့လူတွေအတွက် ဟောက်တတ်တဲ့လူတွေနဲ့ အိပ်ရင် အရမ်းစိတ်တိုဖို့ကောင်းပါတယ်။ တစ်ချို့က အသံကြားနေရင် မအိပ်တတ်တဲ့လူတွေရှိတယ်။ အရက်တွေသောက်ထားတာတို့၊ စားတာတွေအရမ်းများတဲ့အခါကြ ဟောက်တတ်တဲ့လူတွေဆို ပိုအသံကျယ်ပြီပဲ။

အခုလည်း ပါးစပ်မှာတိပ်ကပ်ပြီး အိပ်ပျော်နေတဲ့ လူကြီးဓာတ်ပုံဟာ အင်တာနက်မှာ နာမည်ကြီးနေပြီး ဘာကြောင့် သူဒီလိုကပ်အိပ်ရလဲဆိုတော့ … ။

တစ်နေ့ သားဖြစ်သူက အိပ်ရာနိုးလာတော့ သူ့အဖေ ပါးစပ်မှာ တိပ်ကြီးကပ်အိပ်နေလို့ အလန့်တကြားဖြစ်သွားပါတယ်။ နောက်မှ မေးကြည့်တော့ မိန်းမ အိပ်ရင် အနှောင့်ယှက်ဖြစ်မှာစိုးလို့ ဟောက်တတ်တဲ့သူ့ပါးစပ်ကို တိပ်နဲ့ကပ် အိပ်တာဖြစ်တယ်လို့ ပြောပါတယ်။

မိန်းမကလည်း သူမယောက်ျားရဲ့အပြုအမူကို အံ့သြခဲ့ရတယ်။ ချက်ချင်းပဲ ပါးစပ်ကတိပ်ကို ခွာပေးလိုက်ပါတယ်။

သူ့ရဲ့အပြုအမူက အင်တာနက်သုံးစွဲသူများကြား ရေပန်းစားနေပြီး မိန်းမပေါ်ထားတဲ့ သူ့ရဲ့အချစ်စိတ်ကို အားလုံးက သဘောကျခဲ့ရတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: buzzy

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.