ဆေးလိပ်ဖြတ်ရင် ခံစားရမယ့်ကောင်းကျိုး(၁၀)မျိုး

ဆေးလိပ် အရူးအမူး သောက်သူများအနေနဲ့ ဆေးလိပ်ဖြတ်လိုက်တာနဲ့ အောက်ပါ ကျန်းမာရေး ကောင်းကျိုး(၁၀) မျိုးကို ခံစားရမယ်ဆိုတာ Shwemom ပရိသတ်ကြီး ကျန်းမာရေး အသိနဲ့ပေါ့လေ ပြန်လည်မျှဝေပေးစေလိုပါတယ်။

(၁) အသက်ရှူရတာ ပိုကောင်းလာမယ်
ဆေးလိပ်စဖြတ်လို့ (၂) ပတ်အတွင်းမှာ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာတွေ ပုံမှန် ပြန်အလုပ်လုပ်နိုင်တယ်လို့ ဆိုပါ
တယ်။

(၂) အားအင်ပြည့်ဝလာမယ်
ဆေးလိပ်သောက်ခြင်းဟာ လူကို ကျန်းမာရေး ထိခိုက်စေပြီး အားအင်ကို ဖြုန်းတီးရာရောက်စေပါတယ်။ တစ်နည်းဆိုရ
သော် ဆေးလိပ်မှာပါတဲ့ နီကိုတင်းဓာတ်ကြောင့် ခန္ဓာကိုယ်ရဲ့ တက်ကြွမှုတွေကို ဖျက်ဆီးပစ်ပါတယ်။

(၃) လိင်မှုအထိအတွေ့ ပိုကောင်းလာမယ်
ဆေးလိပ်သောက်ပါများလာရင် အမျိုးသားများအဖို့ ပန်းသေခြင်း၊ လိင်မှုအရသာကို မသိရှိတော့ခြင်း-စတာတွေ ဖြစ်စေနိုင်
ပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်လိုက်တာနဲ့ အိမ်ထောင်ရေးသုခကို ပြန်လည် ခံစားရမှာ ဖြစ်ပါတယ်။

(၄) မျိုးရိုးဗီဇကို ကျန်းမာစေတယ်
နီကိုတင်းဟာ မျိုးရိုးဗီဇကို ဖြစ်စေတဲ့ သုတ်ကို သေစေနိုင်ပါတယ်။ ဆေးလိပ်သောက်သက် ကြာရင် ပိုပြီး မျိုးသုဉ်းရမည့် အန္တရာယ်ရှိပါတယ်။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ မျိုးဗီဇ နဂိုအတိုင်း ပြန်လည်ကျန်းမာလာမှာပါ။

(၅) အနံ/အရသာ အာရုံတွေ ပိုကောင်းလာမယ်
ဆေးလိပ်မှာ ပါတဲ့ ဓာတ်ပေါင်းတွေက လူရဲ့အာရုံခြောက်ပါးကို ဖျက်ဆီးနိုင်ပါတယ်။ အထူးသဖြင့် အနံ့အာရုံနဲ့ အရသာ
အာရုံတွေကို ပျက်ဆီးစေပါတယ်။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ စားဝင်အိပ်ပျော် လာမှာ ဖြစ်ပါတယ်။

(၆) အသားအရည် ကြည်လင်တောက်ပလာမယ်
ဆေးလိပ်မှာပါတဲ့ ဓာတ်တွေဟာ အသားရည်လှပမှုကိုလည်း ဖျက်ဆီးနိုင်ပါတယ်။ ဆေးလိပ်သောက်ဖန် များလာတဲ့သူ
တွေမှာ အသားရေခြောက်ကပ်ခြင်း၊ ပိန်လှီခြင်း၊ မွဲခြောက်ခြောက်ဖြစ်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

(၇) သွားတွေတောက်ပပြီး ခန္ဓာကိုယ်ချွေးနံ့ ညင်သာလာမယ်
ဆေးလိပ်ဂျိုးကြောင့် ကြည့်ရဆိုးတဲ့ သွားတွေ ပြန်လည် တောက်ပလာမှာပါ။ ဒါ့အပြင် ဆေးလိပ်နံ့နဲ့ ခန္ဓာကိုယ်ကြီးဟာ
လည်း နဂိုအတိုင်း ပြန်လည်မွှေးပျံ့လာပါလိမ့်မယ်။

(၈) အဆုတ်နဲ့နှလုံး ကျန်းမာလာစေမယ်
ဆေးလိပ်ဟာ အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ကို ဒုက္ခပေးပါတယ်။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ အ
ဆုတ်နဲ့နှလုံးဟာ ပြန်လည်ကျန်းမာလာမှာ ဖြစ်ပါတယ်။

(၉) ကင်ဆာရေဂါဆိုးကို မဖြစ်စေဘူး
ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာ၊ နှလုံးကင်ဆာ၊ အာစောင်အာရင်း ကင်ဆာ၊ သွားဖုံးကင်ဆာ-စတာတွေ ဖြစ်စေပါတယ်။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ ဆန့်ကျင်ဘက်ကောင်းကျိုးတွေ ရရှိမှာ ဖြစ်ပါတယ်။

(၁၀) သက်တမ်းစေ့ နေရမယ်
သေချာတာကတော့ ဆေးလိပ်ဖြတ်လိုက်တာနဲ့ တိုမယ့်အသက် မတိုတော့ပါဘူး။ အသက်ရှည်ဖို့ကတော့ သေချာသ
လောက်ပါဘဲ။

နတ်စည်တော် (Shwemom)

Healthy
Knowledge

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.