အမျိုးသမီးကြီးငယ်မရွေး လုံးဝမပေါ့ဆသင့်သည့် သားအိမ်ကင်ဆာရဲ့ လက္ခဏာများ

သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီးတိုင်းမှာ ဖြစ်လာနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ ဖြစ်ဖြစ်ချင်းကတည်းက အမြန်ဆုံးကုသမှုခံယူလိုက်ရင် အရှင်းပျောက်ကင်းနိုင်တဲ့ရောဂါဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေတော်တော်များများဟာ အခြေအနေဆိုးရွားလာတော့မှ ဂရုစိုက်တတ်ကြတာကြောင့် မသေဆုံးသင့်ဘဲ သေဆုံးနေရကြပါတယ်။ ခုဖော်ပြပေးမှာကတော့ သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာတွေဖြစ်ပြီး ဒီလက္ခဏာတွေဖြစ်ပြီဆိုရင် အမြန်ဆုံး ဆေးစစ်ဖို့လိုပါတယ်။ ဖတ်ပြီးရင်လည်း လက်ဆင့်ကမ်းလိုက်ပါဦးနော်။

သားအိမ်ခေါင်းကင်ဆာရဲ့လက္ခဏာများ

လေပွခြင်း၊ ဗိုက်ပူခြင်း
ဗိုက်အောင့်၊ ဆီးအိမ်အောင့်ခြင်း
ဗိုက်ပြည့်လွယ်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း
ဆီးခဏခဏသွားခြင်း၊ ဆီးကျင်ခြင်း

ဒါတွေကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတွေပါ။ ဒါကြောင့် တစ်ခါတလေ ဒီလက္ခဏာတွေဖြစ်တယ်ဆိုရင် ကိစ္စမရှိပေမယ့် အမြဲတမ်းလိုလို၊ တစ်လကို ၁၂ ခေါက်လောက် ဒီလက္ခဏာတွေ ဖြစ်ပေါ်နေပြီဆိုရင်တော့ ဆရာဝန်ထံ သွားရောက်ပြသပြီး ဆေးစစ်မှုပြုလုပ်ပြီး လိုအပ်ရင် ကုသမှုခံယူသင့်ပါတယ်။

နောက်ထပ်လက္ခဏာတွေကတော့……

မူးမော်ခြင်း (အလွန်အမင်းပင်ပန်းခြင်း)
ဝမ်းဗိုက်တွင်း မအီမသာဖြစ်ခြင်း
လိင်ဆက်ဆံနေစဉ် နာကျင်ခြင်း
ဝမ်းချုပ်ခြင်း
ရာသီမူမမှန်ခြင်း (ပုံမှန်ထက်ရာသီသွေးအမြောက်အများလာခြင်း၊ ပုံမှန်မဟုတ်တဲ့ ရာသီလာခြင်း)
ဗိုက်ပူပြီး တဖြည်းဖြည်းပေါင်ချိန်ကျသွားခြင်း၊ ပိန်သွားခြင်း
ခါးနဲ့ ကျောတွေ နာကျင်ကိုက်ခဲခြင်း
ပုံမှန်မဟုတ်တဲ့ သွေးထွက်ခြင်း

စတဲ့လက္ခဏာတွေကတော့ လုံးဝမပေါ့ဆသင့်တဲ့ သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာတွေဖြစ်တာကြောင့် ဒီလက္ခဏာတွေဖြစ်ပြီဆိုရင် အမြန်ဆုံး ဆေးစစ်သင့်ပါတယ်။ အချိန်မီကုသရင် ပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်တာကြောင့် သတိလက်လွတ်မနေပဲ အမြန်ဆုံးဆေးစစ်ကုသမှုခံယူဖို့ တိုက်တွန်းလိုက်ရပါတယ်။

crd:Em Em

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.