ဦးမင်းစိန်နဲ့ နောက်ဆုံးတွေ့ဆုံခဲ့ချိန်မှာ သိခဲ့ရတဲ့ သူရဲ့အဖြစ်ချင်ဆုံးဆန္ဒတစ်ခုကို ဝမ်းနည်းစွာ ပြောပြလာတဲ့ ယုန်လေး

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဦးမင်းစိန်ကတော့ ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့၊ ရန်ကုန်ဆေးရုံကြီးမှာ ရင်ကျပ်ရောဂါကို ဆေးကုသမှုခံယူရင်း ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၅၆) ရှိပြီဖြစ်တဲ့ ဦးမင်းစိန်အတွက် အနုပညာ အသိုင်းအဝိုင်းတစ်ခုလုံးနဲ့ ပရိသတ်တွေအားလုံးက စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဦးမင်းစိန်က ထောက်ကြန့်မြို့မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး ရူတင်မရှိတဲ့အချိန်တွေမှာ ရေသန့်ရောင်းရင်း ဘဝကို ရိုးသားစွာ အသက်မွေးနေသူ ဖြစ်ပါတယ် ။

ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားတဲ့ ဦးမင်းစိန်ကတော့ သူချစ်ရတဲ့သူတွေကို နှုတ်ဆက်ပြီး လူ့လောကကြီးက ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ် ။ ယနေ့ လူမှုကွန်ယက်မှာလည်း ဦးမင်းစိန်ရဲ့ နာရေးသတင်းနဲ့ ဝမ်းနည်းစကားတွေက အများအပြား ထွက်ပေါ်ခဲ့ပါတယ်။ အခုလည်း အဆိုတော်၊ သရုပ်ဆောင် ယုန်လေးက ဦးမင်းစိန်နဲ့ နောက်ဆုံးတွေ့ချိန်မှာ ပြောဖြစ်ခဲ့တဲ့အကြောင်းလေးတွေကို ဝမ်းနည်းစွာ ပြောပြလာတာ တွေ့ရပါတယ်။

ယုန်လေးက ”လူကြမ်းတွေ အကြောင်းရိုက်မယ်ဆိုပြီး တကယ့်ဘဝတွေ မေးခဲ့ကျတယ် . အပျော်တွေရောပေါ့ အဲ့နေ့ကလည်း ကန်တော့ခဲ့ပါတယ် တွေ့တိုင်းပြောတယ် သား အဲ့ကားကိုမြန်မြန်ချကွာတဲ့ ငါတို့တွေအတွက်ဘာမှ ဘဝ အာမခံချက်မရှိဘူးတဲ့ ရုပ်ရှင်ထဲက အတိုင်းအပြင်မှာသွားတောင်းဆိုပြီး ရုပ်ရှင်ထဲကလို တကယ်ဖြစ်ရင်ကောင်းမယ်ကွာတဲ့ . အခုတော့ ကျွန်တော်အကောင်ထည်ဖော်ဖို့ လုပ်နေတုန်းမှာပဲဗျာ တကယ်စိတ်မကောင်းပါဘူး . ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၁ မှာထဲကစဆုံခဲ့တာပါကောင်းရာသုဂတိလားပါစေ ဦးမင်းစိန် ” ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် ဦးမင်းစိန်နဲ့ ယုန်လေးတို့ရဲ့ နောက်ဆုံးတွေ့ဆုံမှု ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Yone Lay

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.