အောင်မြင်ဖို့ အတွက် နည်းလမ်းကောင်းတစ်ခု

ဒီတစ်ခါ ကျွန်တော် ပြောချင်တာကတော့ အောင်မြင်မှုအတွက် နည်းလမ်းကောင်းလေးတစ်ခု အကြောင်းပါ။
အောင်မြင်ဖို့အတွက် မိတ်ဆွေတို့ရော ကျွန်တော်ပါကျိုးစားနေကြတာပါ။ ဒါပေမယ့် ကျွန်တော် တို့တွေ သတိမပြုမိပဲနဲ့ မှားနေတဲ့ယူဆချက်လေး တစ်ခုရှိနေတော့ အောင်မြင်ဖို့ကို မဖြစ်လာကြဘူးပေါ့။ မိတ်ဆွေတို့လဲ ကျိုးစားနေကြတယ်၊ ကျွန်တော်လဲပဲ ကျိုးစားနေဆဲ လူငယ် တစ်ယောက်ပါပဲ။
ဒါပေမယ့် ဘာကြောင့်များ ခုထိ မအောင်မြင်ကြသေးတာလဲ?
ဒီနေရာမှာ ကျွန်တော်တို့ မိတ်ဆွေတို့ရဲ့ အမှားကို တွေ့မြင်ကြရမှာပါ။ အဲ့ဒီအမှားလေးကို ပြုပြင်နိုင်ပြီ ဆိုတာနဲ့၊ သေချာပေါက် ပြုပြင်လိုက်တာနဲ့ အောင်မြင်ဖို့ နီးကပ်လာပြီဆိုတာ ကျွန်တော် ရဲရဲကြီး ယုံကြည်ပါတယ်။
အရင်ဆုံး ဥပမာလေးတစ်ခု ကျွန်တော်ပြောပြချင်ပါတယ်။
ဘာလို့လဲ ဆိုတော့ ဒီဥပမာကို ပြောပြမှသာ ကျွန်တော့်ရဲ့ ဆိုလိုရင်းကို ပိုပြီး ပေါ်လွင်ထင်ရှားစေမှာ မို့လို့ပါ။
တကယ်လို့သာ မိတ်ဆွေနဲ့ မိတ်ဆွေရဲ့ သူငယ်ချင်းနဲ့ အတူတူ ခရီးတစ်ခုကို သွားကြရင်းနဲ့ လူတစ်ရပ်ကျော်လောက်ရှိတဲ့ မြေတွင်းထဲကို ချေချော်ပြီး ကျသွားတယ် ဆိုပါစို့။ ဥပမာ ပြောပြတာနော်။ အဲ့ဒီမှာ မိတ်ဆွေ သူငယ်ချင်းက အခန့်မသင့်လို့ ချေထောက်ကို အနည်းငယ် ထိခိုက်မိသွားတယ်ပေါ့။ အဲ့ဒီ ကျသွားတဲ့ တွင်းကလဲ ပြန်တက်လို့ ရနိုင်တဲ့ အနေအထားမှာ ရှိနေတယ်။ ဒါပေမဲ့ မိတ်ဆွေ သူငယ်ချင်းက ချေထောက်ထိတားလို့ ပြန်တက်လို့မရဘူး။
ဒီနေရာမှာ ကျွန်တော် ပြောချင်တဲ့ အဓိက အချက်လာပါပြီ။
မိတ်ဆွေ တစ်ချက် သေသေချာချာ စဉ်းစားကြည့်ပါ။
သူငယ်ချင်းကို တွင်းအပေါ်ရောက်အောင် တွန်းတင်းပေးမလား?
ဒါမှမဟုတ် မိတ်ဆွေအရင်ဆုံး တွင်းအပေါ်ကိုတက်ပြီးမှ မိတ်ဆွေရဲ့သူငယ်ချင်းကို ဆွဲခေါ်မလား?
တကယ့်လက်တွေ့ ဘ၀နဲ့ယှဉ်ပြီး စဉ်းစားကြည့်ပါ။
တွန်းတင်ပေးရတာနဲ့ ဆွဲခေါ်ပေးရတာ ဘယ်ဟာက သေချာပေါက် ဖြစ်နိုင်လဲ။
သင်အောက်က တွန်းတင်ပေးပါပြီတဲ့၊ အပေါ်က ဆွဲခေါ်မဲ့သူမရှိပဲနဲ့ အပေါ်ကို ရောက်နိုင်ပါ့မလား?
လက်တွေ့ လူလောကမှာ တစ်ယောက်အမြင့်ရောက်ရင် တစ်ယောက်က တွန်းချဖို့ပဲ စဉ်းစားနေတဲ့ လူတွေက များနေတာပါ။
ဒီတော့ မိတ်ဆွေ ကိုယ်တိုင် အပေါ်ကို မရောက်ပဲနဲ့ တစ်ခြားတစ်ရောက်ကို အပေါ်ရောက်အောင် တင်ပေးဖို့ဆိုတာ ထင်သလောက် လွယ်လှတာတော့မဟုတ်ဘူး။
ကျွန်တော်သာဆို အရင်ဆုံး ကိုယ်ကိုတိုင်အပေါ်ကို ရောက်အောင်သွားပြီးမှ ကိုယ့်သူငယ်ချင်းကို ဆွဲခေါ်မှာပါ။
ဒါက သေချာတဲ့ နည်းတစ်ခုပဲလေ။
ဆိုတော့ ကျွန်တော့်ဆိုလိုရင်းကို ပြောပြပါမယ်။
ကျွန်တော်တို့ မိတ်ဆွေတို့တွေဟာ အောင်မြင်မှုကို သွားနေကြတယ်။ ကျိုးစားနေကြတယ်။ ဒါပေမဲ့ မအောင်မြင်ကြသေးဘူး။
တစ်ချို့ဆိုရင် ကျိုးစားဆဲကာလပဲရှိသေးတယ် လူလောကကို နှုတ်ဆက်ထွက်ခွာသွားကြရတယ်။
အင်မတန်မှ ၀မ်းနဲစရာကောင်းလှပါတယ်။
အောင်မြင်သင့်ပါလျှက်နဲ့ မအောင်မြင်သွားကြရှာဘူးလေ။
ဒီ ဥပမာမှာ သင့် သူငယ်ချင်ဆိုတာကတော့ လက်ရှိသင့်ရဲ့ မိဖ၊ မိသားစု၊ အပေါင်းအသင်းကို ဆိုလိုချင်တာပါ။
ပြုတ်ကျခဲ့တဲ့ တွင်းကတော့ လက်ရှိဘ၀ပေါ့။ သင့် ဒီဘ၀ကနေ အောင်မြင်အောင် ကျိုးစားလို့ရပါတယ်။ ဒါပေမဲ့ သင်က သင့် အမိ အဖတို့ကိုပါ တစ်ခါတည်း ခေါ်သွားချင်နေတော့ သင်ရှေ့ဆက်လိုမရဘူးဖြစ်နေတယ်လေ။
ဥပမာ သင့်အခု လစာက ၃ သိန်းဆိုပါတော့။
သင့်တစ်လ အသုံးစာရိတ်က ၂ သိန်း ကုန်မယ်။
သင်က အိမ်ကို တစ်လ ၁ သိန်း ထောက်ပံ့ချင်တယ်။
သေချာပါတယ် သင်ပေးလိုက်တဲ့ ၁သိန်းက အိမ်ရောက်ရင် သုံးလို့ကုန်သွားမှာပေါ့။
နောက်လကော သင်ကပေး၊ အိမ်ရောက်တော့ သုံးလို့ကုန်သွား။
ဒါနဲ့ပဲ သံသရာလည်နေမှာပေါ့။
သင့်လစာကတော့ တက်လာမှာ မဟုတ်ဘူးလေ။
သင့်မှာ သင်တန်းတက်ဖို့၊ အခြား နာမကျမ်းဖြစ်ရင် ကုဖို့ပိုက်ဆံ ဘယ်မလဲ။
အောက်စိုက်ရနေရင်တော့ ကျွန်တော်မပြောလိုဘူးနော်။
သမာအာဇီဝနဲ့ ရတဲ့ အောက်စိုက် ကိုပြောတာပါ။
ဆိုတော့ ကျွန်တော် အကြံပြုချင်တာက မိတ်ဆွေ ဒီလိုလုပ်ပါလား။
လောလောဆယ် အဆင်မပြေသေးတာကို အသာထား။ သင်ရတဲ့ လစာနဲ့ သင့်ဘ၀အတွက် သေချာတဲ့ အသက်မွေးပညာတစ်ခုကို သင်ယူ။ တတ်ကျွမ်းအောင် လေ့ကျင့်။ သင့်ဘ၀က်ု အရင်ဆုံး အခြေခိုင်အောင် တည်ဆောက်။ ပြီးခါမှ နောက်ကလူတွေက်ု သင့်လက်နဲ့ ဆွဲခေါ်။ ဒါဆိုရင် ပိုပြီး မသေချာပေဘူးလား။ သင့်ကိုယ်သင်တော့ လမ်းမှားမရောက်စေနဲ့ပေါ့။
ကျွန်တော် စကားလေးတစ်ခု လက်ဆောင်ပါးချင်ပါတယ်။

“ သင် အောင်မြင်မှုကို ရချင်ပါလျှင် အရင်ဆုံးသင့်ကို ဟန့်တားနေတဲ့ အရာရာကို လက်တွဲဖြုတ်ပြီး ရှေ့ကို အရင်ဆုံး ဆက်ပါ။ သင်အောင်မြင်မှုကို ရပြီးမှ သင့်မိသားစုကို လက်ဆွဲခေါ်ဆောင်ပါ။ ဒါဟာ သေချာတဲ့ အောင်မြင်မှုကို ရနိုင်စေတဲ့ အချက် တစ်ခုပါပဲ ”

ဖော်ပြပါ စာသားတွေ အတွေးတွေဟာ
ကျွန်တော် မောင်သက်နောင် – ဟင်္သာတ တက္ကသိုလ် ၏
အတွေးမျှသာ ဖြစ်သောကြောင့် အမှားပါခဲ့ပါက နားလည်ပြီး ဝေဖန် ထောက်ပြနိုင်ပါတယ်လို့ လေးစားစွာ ပြောအပ်ပါသည် ခင်ဗျာ။

လေးစားလျှက် စာဖတ်သူ
မောင်သက်နောင် – ဟင်္သာတ တက္ကသိုလ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.