ရေယုံ​ပျောက်​…​ကိုယ်​တွေ့​ဆေးနည်းတို

ညီမဆယ်​တန်းနှစ်​က… ​ကျောင်းဝတ်​စုံနဲ့ ​မနက်​ ၉ နာရီမှ ၃ နာရီထိ​ကျောင်းတက်​ရတယ်​ရှင့်​…အဲဒီက​နေ ကျူရှင်​ကိုဆက်​သွားတာ ည ၁၀ နာရီမှ အိမ်​ပြန်​ရ​တယ်​…

အဲဒီ​တော့​တစ်​နေကုန်​ ​ကျောင်းကျူရှင်​နဲ့ ဆက်​​နေ​တော့ ​ကျောင်းဝတ်​စုံက​လဲ တစ်​​နေကုန်​၀တ်​ထားသလိုဖြစ်​​ပြီး ကြာလာ​တော့ ထဘီစားပြီး ခါးမှာ ​ရေယုန်​ဘု​လေးတစ်​ဘု နှစ်​ဘု​လောက်​ စ​ပေါက်လာပါတယ်​…

.ကိုယ်​ကလဲရိုးရိုးယားနာဘုမှတ်​လို့ မိဘ​တွေကိုလဲမ​ပြောဖြစ်​ဘူး ကိုယ့်​ဘာသာကုတ်​​နေရင်း ​ကျောင်းတက်​မြဲတက်​​နေ​တာ တစ်​ရက်​နှစ်​လဲ​နေ​ကော….ခါး​ဘေး​စောင်းတင်​မဟုတ်​ ဗိုက်​​တွေမှာ​ကော ​နောက်​​ကျော​တွေ​ကော နီရဲပြီးဘု​လေး​တွေစီထွက်​လာတာ အလျားလိုက်​ကြပ်​ပြင်​ကြီး ဖြစ်​​ပြီးယားတာ ​နေမရ​တော့ဘူး….

အဲဒါနဲ့မိဘ​တွေကို​ပြော​တော့ သူတို့ကလဲ အရပ်​​ဆေးနည်း​တွေဖြစ်​တဲ့ ကင်းပွန်​ရွက်​တိုက်​တာ သွားတိုက်​​ဆေးလိမ်း​ပေးတာတို့. ​ဆေးဆိုင်​က​ရေယုန်​​ပျောက်​​ဆေးလိမ်းတာတို့လုပ်​တာတို့လဲ မ​ပျောက်​ဖူးရှင့်​ အဲဒါနဲ့ ​ဆေးခန်းသွား​ဆေးထိုး​ဆေး​သောက်​ ​ဆေးလိမ်းလုပ်​တာလဲ မ​ပျောက်​တဲ့အပြင်​ အဲဒီ​ရေယုန်​အနာ​တွေက ပိုပွားပိုပူလာပြီးအရမ်းယားလာပြီးကုပ်​ချင်​လာ​ကော အဲဒါနဲ့ ညီမလဲကုတ်​​တော့ ​ဗိုက်​တပြင်​လုံး​ကော​နေက်​​ကျော​တွေကို ​ရေယုန်​နာ​တွေကမွှစာတက်​ပြီး ​​ကျောင်းလဲမတက်​နိုင်​​တော့ဘူးရှင့်​….

အဲဒါနဲ့တစ်​​နေ့ ရပ်​ကွက်​ထဲက စာဖတ်​များတဲ့အဘိုးတစ်​​ယောက်​က နက္ခတ​ရောင်​ခြည်​ မဂ္ဂဇင်းမှာဒီ​ဆေးနည်း​လေးပါတယ်​လုပ်​ကြည့်​ပါ​ပြောတာနဲ့စမ်းလုပ်​တာ နှစ်​ရက်​နဲ့ညီမရဲ့​ရေယုန်​​တွေက ​ခြောက်​ပြီးကွာကုန်​​တာ​ပေါ့ရှင်​…
ဆေးနည်းက​တော့👉👉 ” အိမ်​​ခေါင်​မိုးတဲ့ ဓနိရွက်​ကို မီးရှို့ပြာချပြီး ထမင်းရည်​ အ​အေးခံထားတဲ့ထဲမှာ ထည့်​​ဖျော်​ပြီး​ခြောက်​တိုင်းလိမ်း​ပေးပါ “👈👈

ဘယ်​​လောက်​ဆိုးတဲ့​ရေယုန်​ပဲဖြစ်​ပါ​စေ​နောက်​တစ်​ခါ ပြန်​မဖြစ်​​တော့ပါဘူး ပိုးပါတစ်​ခါထဲ​သေပါတယ်​ အိမ်​ကအ​မေဆိုနှစ်​တိုင်းနှုတ်​ခမ်းမှာ​ပေါက်​တာ တစ်​ရက်​ပဲ ​ခြောက်​တိုင်းလိမ်း​ပေးတာ ခုဆိုပြန်​မ​ပေါက်​တာ နှစ်​နှစ်​ရှိပါပြီ…
အနာနဲ့​ဆေး​တွေ့ပြီး​ရောဂါ​ပျောက်​ကင်းနိုင်​ကျပါ​စေလို့ဆု​တောင်း​ပေးပါတယ်​ရှင့်​🙏🙏🙏

#Nway NwayHtike

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.