ရခိုင်နဲ့ ​မြွေ​ပွေး ​တွေ့ရင်​ ရခိုင်​ကို အရင်​သတ် ​အဓိပ္ပါယ်​​ ကောက်​လွဲ​နေတဲ့ စကားပုံ ရှင်းလင်းချက်​များ

 ရခိုင်နဲ့ ​မြွေ​ပွေး ​တွေ့ရင်​ ရခိုင်​ကို အရင်​သတ် ​အဓိပ္ပါယ်​​ ကောက်​လွဲ​နေတဲ့ စကားပုံ ရှင်းလင်းချက်​များ

အဓိပ္ပါယ် ကောက်လွဲနေကြတဲ့မြန်မာ စကားပုံ

ကျွန်တော် တို့ ပတ်ဝန်းကျင် မှာရော Online ပေါ်မှာပါ မြန်မာ စကားပုံ တစ်ခုကိုနားလည်မှုလွဲပြီး အဓိပ္ပါယ် ကောက်လွဲနေကြတာကို တွေ့ရတော့ မှတ်သားထားဖူးတာလေးကို ပြန် ဖောက်သည် ချချင်လာတယ်

ရခိုင် နဲ့မြွေပွေး ကိုတွေ့ရင် ရခိုင်ကိုအင်သတ်ဆိုတဲ့စကားပုံပါ။

ကယ်တော့ ရခိုင် လူမျိုး တွေက မြွေပွေး ထက်ဆိုးလို့/အန္တရာယ်များလို့/ကြောက်ဖို့ကောင်းလို့ ရခိုင် လူမျိုး ကိုအရင်သတ်ရမယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ မြန်မာ တိုင်းရင်း ဆေးပညာရှင်တွေ/သမားတော်ကြီး တွေရဲ့ အဆိုအရ ရခိုင် ငှက်ပျောပင် ရဲ့ ပင်စည် ကထွက်တဲ့ အစေး ဟာ မြွေပွေး ရဲ့ အဆိပ် ကိုတောင် ပြေစေနိုင်တယ်လို့ဆိုပါတယ်

ဒါကြောင့် ရခိုင် ငှက်ပျောပင် နဲ့မြွေပွေး ကို အတူယှဉ်လျက်တွေ့ရင် ဆေးမမီ အောင်ပြင်းထန်တဲ့ မြွေပွေး အဆိပ်ကို ကာကွယ်နိုင်ဖို့ ရခိုင် ငှက်ပျောပင် က ထွက်တဲ့အစေး ကိုရအောင် ကြိုတင်ယူဆောင်ထားခိုင်းတဲ့ သဘောပါ။

SM & PP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.