ဒီကနေ့ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်မှုဖြင့် တရားစွဲရန် တရားရုံးမှာ ဦးတိုက်လျှောက်ခဲ့တဲ့ သင်းသင်း

ဒီကနေ့ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်မှုဖြင့် တရားစွဲရန် တရားရုံးမှာ ဦးတိုက်လျှောက်ခဲ့တဲ့ သင်းသင်း

လတ်တလော ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ ဝေဠုကျော်ကို တရားစွဲမယ့် သင်းသင်း တို့ရဲ့ သတင်းက အနုပညာလောကမှာသာမက မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ လူ တော်တော်များများ သိနေလောက်ပြီထင်ပါတယ်။

လူမှုကွန်ယက်မှာနာမည်ကြီးနေတာ ကတော့ ဝေဠုကျော်က အကြောင်းပြချက်မရှိ ဖြတ်ခဲ့ပြီး သူမနရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာ ကြောင့် တရားစွဲဆို ခြင်းဖြစ်ကြောင်း သိရပါတယ်။ တစ်ချို့ ပရိသတ်တွေကလည်း သင်းသင်း ကို ဝန်းရံကြသလို သူမတရားစွဲဆိုခြင်းကို လက်မခံတဲ့ သူတွေလည်း ရှိကြပါတယ်။

ဒီကနေ့ ဇန်န၀ါရီလ (၈) ရက်နေ့မှာတော့ အလှမယ် သင်းသင်း က သရုပ်ဆောင် ဝေဠုကျော် အား ကာမလိမ်လည်မှုဖြင့် တရားစွဲ တိုင်ကြားရန် အတွက် ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ “အမှန်တရား တစ်ခု အတွက် လုပ်လိုက်တာပါ။ တရားဥပဒေ ရဲ့ အဆုံးအဖြတ်ကို ခံယူမှာပါ” လို့ပြောလာခဲ့ပါတယ်။

သရုပ်ဆောင် ဝေဠုကျော် အား ကာမလိမ်လည်မှုဖြင့် တရားစွဲမယ့် သင်းသင်းရဲ့ interview ဗီဒီယိုဖိုင်လေးကိုပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ ဗီဒီယိုဖိုင်လေးကြည့်ပြီး ကို့ထင်မြင်ချက်ကလေးတွေကိုပြောပေးခဲ့ကြပါဦးနော်။

Video ကြည့်ရန်

Video Source : MC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.